မတ် ၁၆၊ ၂၀၁၅
M-Media
– ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ပထမအကျော့ မိုနာကိုနှင့်ကစားစဉ် ပြုလုပ်ခဲ့သည့် မိမိတို့အမှားအား လက်စားချေရန်အတွက် ရှိနေပြီး ဒုတိယအကျော့တွင် ထူးခြားမှုတစ်ခုခုကို လုပ်ပြချင်သည်ဟု အာဆင်နယ်နည်းပြ အာဆင်ဝင်းဂါးက ပြောကြားလိုက်သည်။
အိမ်ကွင်းအီမရိတ်တွင် ၃ ဂိုး ၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ရသည့် အာဆင်နယ်အသင်းမှာ ယခုတစ်ပါတ်အတွင်း အဝေးကွင်း၌ သွားရောက်ကစားရမည်ဖြစ်ပြီး နောက်တစ်ဆင့်တက်ရန်အတွက် နည်းဆုံး ၃ ဂိုး သွင်းရမည်ဖြစ်သည်။
အာဆင်ဝင်းဂါကမူ မိုနာကိုတွင် ထူးခြားမှုတစ်ခုခု လုပ်ပြန်ရန် စိတ်ထက်သန်နေပြီး ၎င်းတို့အား ရဲရင့်သော အရှုံးသမားများအဖြစ် သတ်မှတ်ခြင်းကိုလည်း ပယ်ချခဲ့သည်။
“အဲဒါ(အရှုံး) ကို လိုချင်တာမဟုတ်ပါဘူး။ လိုချင်တာက နောက်တစ်ဆင့်တက်ဖို့ပါ။ ကျွန်တော်တို့ ပထမပွဲမှာ မှားယွင်းခဲ့ပါတယ်။ ဘ၀မှာ လိုချင်တာက ပြန်ပြင်ဖို့ အခွင့်အရေးပါပဲ။ ကျွန်တော်တို့မှာ ပြန်ပြင်ဖို့ အခွင့်အရေး ရှိနေပါတယ်။ ဘာပဲဖြစ်ဖြစ် ဒါအတွက် အရာအားလုံးကို ပေးဆပ်ဖို့ ကျွန်တော်တို့ အဆင်သင့် ရှိပါတယ်” ဟု ၀င်းဂါးက ပြောကြားခဲ့သည်။
ယခုလက်ရှိတွင် မိုနာကိုအသင်းက နောက်တစ်ဆင့်တက်ရန် ရေပန်းစားနေပြီး ၀င်းဂါးကမူ မိမိတို့အနေဖြင့် ထူးခြားမှုတစ်ခုခုကို ဖန်တီးနိုင်ကြောင်း၊ ထိုကဲ့သို့ ဆောင်ရွက်ရန်လည်း ဆန္ဒရှိနေကြောင်း ထပ်လောင်းပြောကြားခဲ့သည်။
Ref: Goal.com
Comments