6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

မတ် ၁၇၊ ၂၀၁၅
M-Media

view-of-joao-havelange

– ၂၀၁၆ အိုလံပစ်တွင် ဘောလုံးပြိုင်ပွဲ ကျင်းပရန်အတွက် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဖီဖာက ဘရာဇီးလ်ရှိ မြို့ ၆ မြို့မှ ကွင်း ၇ ကွင်းကို ရွေးချယ်ကာ ယမန်နေ့က ထုတ်ပြန်ကြေညာလိုက်သည်ဟု သိရသည်။

ဘောလုံးပြိုင်ပွဲကို မြို့တော် ရီယိုဒီဂျနေရိုးရှိ ကွင်း ၂ ကွင်းတွင် အဓိကထား ကျင်းပသွားမည်ဖြစ်ပြီး ဘဲလ်လို ဟော်ရန်ဇွန်တီ၊ ဘရာစီလီယာ၊ မန်နက်စ်၊ ဆာလ်ဗေဒိုးနှင့် ဆော်ပေါ်လိုရှိ အခြားသော ဘောလုံးကွင်းများတွင်လည်း ခွဲ၍ ကျင်းပသွားမည်ဖြစ်သည်။

“အိုလံပစ် ဘောလုံးပြိုင်ပွဲဟာ ရီယိုဒီဂျနေရိုးသာမက အခြား မြို့ ၅ မြို့မှာ ၂၀၁၄ ခုနှစ် ကမ္ဘာ့ဖလားက မြင်တွေ့ခဲ့ရတဲ့ ပတ်ဝန်းကျင်ကို ပြန်လည်ရှင်သန်လာစေမယ့် အခွင့်အရေးကောင်း တစ်ခုပါပဲ” ဟု အိုလံပစ် ဘောလုံးပြိုင်ပွဲကျင်းပရေး ကော်မတီမှ ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ဥက္ကဌ မာကို ပိုလို ဒဲလ် နီရိုက ပြောကြားခဲ့သည်။

သြဂုတ်လ ၃ ရက်မှ ၂၀ ရက်နေ့အထိ ကျင်းပပြုလုမည့် အဆိုပါဘောလုံးပြိုင်ပွဲတွင် အမျိုးသားအသင်း ၁၆ သင်းနှင့် အမျိုးသမီးအသင်း ၁၂ သင်း ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး ပွဲစဉ်ပေါင်း ၅၈ ပွဲကို ယှဉ်ပြိုင်ကစားသွားမည် ဖြစ်သည်။

သို့သော်လည်း ကိုရင်သီယန်အသင်း၏ ဥက္ကဌဟောင်းဖြစ်ပြီး ဘောလုံးကွင်း စီမံခန့်ခွဲရေးကို တာဝန်ယူ ကြီးကြပ်နေသည့် အန်ဒရက်စ် ဆန်းချက်ဇ်ကမူ အသင်းအနေဖြင့် ပြင်ဆင်ရေးလုပ်ငန်းများအတွက် အကုန်ကျခံမည်မဟုတ်ဟု ပြောကြားခဲ့သည်။

“ကျွန်တော်တို့ကွင်းကို ၂၀၁၆ အိုလံပစ်ပြိုင်ပွဲကစားဖို့အတွက် ရွေးချယ်ခံရတာဟာ ကိုရင်သီယန်အသင်းအတွက် တကယ့်ကို ဂုဏ်ယူစရာကြီးပါပဲ။ ဒါပေမယ့် ဆော်ပေါ်လိုမြို့က မေတ္တာရပ်ခံမှုကို ကျွန်တော်တို့ ပြန်ကြားသွားမှာဖြစ်ပြီး ကုန်ကျစားရိတ်အတွက် ဘယ်သူက တာဝန်ရှိတယ်ဆိုတာကိုလည်း ကျွန်တော်တို့ သိဖို့ လိုပါတယ်။ တကယ်လို့ အဲဒီလိုမှ မဟုတ်ရင်တော့ ပြိုင်ပွဲကျင်းပဖို့ ဆုံးဖြတ်ချက်ကို ပြန်လည် သုံးသပ်သွားမှာပါ” ဟု ဆန်းချက်ဇ်က ထပ်လောင်းပြောကြားခဲ့သည်။

ကိုရင်သီယန် ဘောလုံးကွင်းမှာ ၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား၊ အာဂျင်တီးနားနှင့် နယ်သာလန်တို့၏ ဆီမီးဖိုင်နယ်ပွဲစဉ်တို့ကို ကျင်းပပြုလုပ်ခဲ့သည်။

Ref: Channelnewsasia

Tags:

Leave a Reply