မတ်လ ၁၉ ၊ ၂၀၁၅
M-Media
သီဟ
ယနေ့ မတ်လ ၁၉ ရက်နေ့ ညနေပိုင်းအချိန်တွင် ဆိုရှယ်မိဒီယာတွင် ပြန့်နှံ့လျက်ရှိသည့် အိမ်မဲမြို့နှင့် ပန်းတနော်မြို့တွင် မတည်ငြိမ်မှု သတင်းများမှာ မှန်ကန်ခြင်း မရှိကြောင်း စုံစမ်း သိရှိရပါတယ်။
ဖြစ်စဉ်မှာ ယမန်နေ့က လိုင်စင်မဲ့ အမဲပေါ် သည်ဟုဆိုကာ ဝင်ရောက် ဖမ်းဆီးခဲ့သည့် သူများကို အမည်မသိ လူအုပ်စုမှ ရိုက်နှက်ခဲ့သည့် ဖြစ်စဉ် တခုဖြစ်ပွားခဲ့ကြောင်း သိရှိရပါတယ်။
အဆိုပါဖြစ်စဉ် နောက်ဆက်တွဲအနေဖြင့် အရိုက်ခံရသည့် အုပ်စုများမှ မကျေနပ်သဖြင့် အိမ်မဲ ကျွန်းကလေးရှိ အစ္စလာမ်ဘာသာရေး စာသင်ကျောင်းများအား ဝင်ရောက်ဖျက်ဆီးမည်ဟူသော သတင်းများ ဆိုရှယ်မီဒီယာမှာ ပြန့်နှံခဲ့ပါတယ်။ လက်ရှိ မြန်မာ စံတော်ချိန် ည ၁၀ နာရိ ဆက်သွယ်ချက်အရ အိမ်မဲမြို့ ဝန်းကျင်မှာ အေးချမ်းလျက်၇ှိပြီး မည်သည့် ပြသနာမှ ဖြစ်ပွားခြင်း မ၇ှိကြောင်း သိရှိရပါတယ်။
အဆိုပါသတင်းနှင့် တပြိုင်နက် ပန်းတနော်ရှိ မွတ်စလင်ကလေးငယ်များ ဘာသာေ၇းစာသင်ကျောင်းကို ၉၆၉အဖွဲ့ဝင်များ နှင့် ဘုန်းကြီးအချို့ ဝိုင်းထားကြောင်း ၊ရဲတပ်ဖွဲ့မှ မွတ်စလင် ကလေးငယ်စာသင်သား ၄ ဥိးကို ဖမ်းဆီးသွားကြောင်း စသည့် သတင်းများမှာလဲ မှန်ကန်မှု မရှိကြောင်း ပန်းတနော်မြို့မှာလဲ အေးချမ်းလျက်၇ှိကြောင်း စုံစမ်းသိရှိရပါတယ်။
ဧရာဝတီတိုင်း တွင် အမဲသား ရိက္ခာအတွက် အမဲပေါ် ခွင့် လိုင်စင် (စီ)အား ဧရာဝတီတိုင်း အစိုးရမှ ပိတ်ပင်ထားပြီးနောက်ပိုင်း တရားမဝင် အမဲပေါ် သည့် ဖြစ်ရပ်များကို အခြေခံပြီး ပြသနာများ မကြာခဏဆိုသလို ဖြစ်လျက်ရှိပါတယ်။
Comments