မတ် ၂၃၊ ၂၀၁၄
M-Media
မိုးစက်
ရန်ကုန်။ ။ ရန်ကုန်မြို့ရှိ မွတ်စလင်လူငယ် ကွန်ယက်မှ ဒီမိုကရေစီပညာရေးလှုပ်ရှားမှုတွင် ပါဝင်သူများအား အစိုးရမှ အကြမ်းဖက်ဖြိုခွင်းရာတွင် ဖမ်းဆီးခံခဲ့ရသော ကျောင်းသားများ လွတ်မြောက်ရေး အတွက် လှုပ်ရှားမှု တရပ်ကို ယနေ့ နံနက်တွင် ကန်တော်ကြီးဥယျာဉ်တွင် ကို ကျင်းပပြုလုပ်ခဲ့ကြပါတယ်။
“ကျောင်းသားတွေက ကိုယ်ကျိုးအတွက် မဟုတ်ဘဲ နောင်လာမယ့် ညီငယ် ညီမငယ်တွေအတွက် ကိုယ်ကျိုးစွန့်ပြီး တောင်းဆိုပေးတဲ့အတွက် ဂုဏ်ယူမိပါတယ်။ အစိုးရကအကြမ်းဖက်ပြီး ကျောင်းသားတွေ ဝန်းရံပြည်သူတွေကို ဖမ်ဆီးတာခဲ့တဲ့အတွက် လုံးဝရှုံ့တ်ချပါတယ်။ ကျောင်းသားတွေ အမြန်ဆုံး လွတ်မြောက်ဖို့လည်း ဆန္ဒပြုပါတယ်။” ဟု မွတ်စလင်လူငယ်ကွန်ယက်မှ လူငယ်တစ်ဦးမှ ပြောပါတယ်။
အဆိုပါ ဆုတောင်းပွဲတွင် ဖမ်းဆီးခံကျောင်းသား ပြည်သူများ အမြန်ဆုံးလွတ်မြောက်နိုင်ရေး အတွက် အစ္စလာမ်ဘာသာဝင်များ၏ ဓလေ့ထုံးတမ်းများနှင့် အညီ ဆုမွန်ဒိုအာ တောင်းခြင်း ကိုပြုလုပ်ခဲ့ကြပါတယ်။ ထို့အပြင် ကျောင်းသားများအား ဂုဏ်ပြုသည့် ကဗျာများကိုလည်း ရွတ်ဆိုခဲ့ကြပြီး ဖမ်းဆီးခံကျောင်းသားများနှင့် ဝန်းရံပြည်သူများ လွတ်မြောက်ရေးအတွက် ငှက်လွှတ်ခြင်း တို့ကိုပြုလုပ်ခဲ့ကြပါတယ်။
” ကျောင်းသားတွေ တောင်းဆိုတဲ့ ၁၁ ချက်ကိုသာ လက်ခံလိုက်ရင်တော့ ပညာရေးစနစ်က အရမ်းကို ကောင်းမွန်လာမှာပါ။ ကိုယ်သင်တဲ့တုန်းကလည်း ဒါတွေ။ တချို့ပညာရပ်တွေက အချိန်နဲ့ တစ်ပြေးညီပြောင်းလဲလို့ရတဲ့ သင်ခန်းစာတွေကို ပြောင်းလဲသင့်ပါတယ်။ ဒါမှ ကျောင်းသားတွေအတွက် ပညာရေးစနစ်တွေ မြင့်မားလာမယ်လို့ ထင်ပါတယ်” ဟု မွတ်စလင်လူငယ်ကွန်ယက်မှ အထက်တန်းပြဆရာမ တစ်ဦးက ဆိုပါတယ်။
ထို့ပြင် မွတ်စလင်လူငယ်ကွန်ယက်မှ ဒီမိုကရေစီပညာရေးလှုပ်ရှားမှုတွင် ပါဝင်သူများအား အစိုးရမှ အကြမ်းဖက်မှုအပေါ် သဘောထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်ထားပါတယ်။ ထိုထုတ်ပြန်ချက်၌ မတ်လ (၅) ရက်နေ့ ဆူးလေတွင် ငြိမ်းချမ်းစွာဆန္ဒပြနေကြသော ကျောင်းသားများအား စွမ်းအားရှင်များမှ အကြမ်းဖက်ဖြိုခွင်းခဲ့မှုအပေါ်နှင့် မတ်လ (၁၀) ရက်နေ့တွင် လက်ပံတန်းမြို့၌ ပင်မသပိတ်စစ်ကြောင်းမှ ကျောင်းသားများအား အကြမ်းဖက်ဖြိုခွင်းမှုအပေါ်ကို မွတ်စလင်လူငယ်ကွန်ယက်အနေနှင့် ပြင်းထန်စွာ ရှုံ့ချပြီး ဖမ်းဆီးခံကျောင်းသားများနှင့် ဝန်းရံပြည်သူများအား အမြန်ဆုံးလွှတ်ပေးရန်နှင့် ၎င်းတို့နှင့်ပတ်သက်သည့် ကိစ္စရပ်များကို ပွင့်လင်းမြင်သာမှုရှိစေရန် ဆောင်ရွက်ရန် အလေးအနက်တောင်းဆိုကြောင်း တို့ပါဝင်ပါတယ်။
Comments