မတ် ၂၄၊ ၂၀၁၅
M-Media
စပိန် ဘာစီလိုနာကနေ ဒွတ်ဆယ်ဒေါ့ဖ် မြိုကို ဦးတည်ပျံသန်းခဲ့တဲ့ ဂျာမနီလေကြောင်းလိုင်း Germanwings ရဲ့ A320 လေယျာဉ်ဟာ ပြင်သစ် ဆီးနှင်းတောင်တန်းပေါ်ပျက်ကျခဲ့ပါတယ်။ လေယာဉ်အမှတ် 4U9525 ဖြစ်တယ်လို့ လေကြောင်းလိုင်းက အတည်ပြုပြောကြားပါတယ်။ လေယာဉ်ပေါ်မှာ ခရီးသည် ၁၄၄ ဦးနဲ့ လေယာဉ် ဝန်းထမ်း ၆ ဦးတို့ လိုက်ပါသွားခဲ့တာဖြစ်ပါတယ်။
လေယာဉ်ဟာ နှင်းလျှောစီး၊ တောင်တက် စတာတွေနဲ့ကျော်ကြားတဲ့တောင်တန်းပေါ်မှာပျက်ကျခဲ့တာဖြစ်ပေမယ့် ကယ်ဆယ်ရေးအတွက်တော့ ခက်ခဲ့တဲ့နေရာဖြစ်ပါတယ်။
” ဒီညနေမှာ တိမ်ထူနေမှာဖြစ်ပြီး၊ မီတာ ၁၈ဝဝ အမြင့်မှာ မုန်တိုင်းငယ်လေးတွေလည်းရှိနေမှာ၊ တိမ်တွေကလည်း နိမ့်နိမ့်လေးဖြစ်နေမှာလို့ ” ဒေသ မိုးလေဝသဌာနက ပြောဆိုပါတယ်။
A320 လေယာဉ်တွေဟာ ကမ္ဘာ့လေကြောင်းလိုင်းတွေမှာ အကြမ်းခံဆုံးလေယာဉ်တွေဖြစ်ပါတယ်။ ဒါ့အပြင် ကမ္ဘာ့အသုံးအများဆုံး ဂျက်အင်ဂျင်သုံး ခရီးသည်တင် လေယာဉ်ဖြစ်ပြီး အန္တရာယ်ကင်းစိတ်ချရမှုမှာ မှတ်တမ်းကောင်းရှိတဲ့လေယာဉ်တွေဖြစ်ပါတယ်။
Source :Reuter
Comments