မြန်မာနိုင်ငံအနောက်ပိုင်း ရခိုင်ပြည်နယ်ကမ်းရိုးတန်းရှိ လုပ်ကွက် ၄ ခု၌ ဗြိတိန်မှ BG အုပ်စုနှင့် သြစတေးလျမှ Woodside Petroleum Ltd(WPL.AX) တို့သည် အမေရိကန်ဒေါ်လာ ၁.၀၈ ဘီလီယံ (ပေါင် ၀.၇၂ သန်း)တန်ဖိုးရှိ ရေနံနှင့်သဘာဝဓာတ်ငွေ့ရှာဖွေတူးဖော်ရေး လုပ်ငန်းအတွက် ရင်းနှီးမြှုပ်နှံတော့မည်ဟု စွမ်းအင်ဝန်ကြီးဌာန အထက်တန်းအရာရှိ တစ်ဦးက တနင်္ဂနွေနေ့တွင် ပြောကြားသည်။
အဆိုပါလုပ်ကွက်များအတွင်း ရေတိမ်ပိုင်း ရှာဖွေတူးဖော်ရေးလုပ်ငန်းစဉ်အတွက် ဒေါ်လာ ၅၄၅.၅ သန်းကိုလည်းကောင်း၊ ရေနက်ပိုင်း လုပ်ငန်းစဉ်အတွက် ဒေါ်လာ ၅၃၅.၁ သန်းကိုလည်းကောင်း အနိမ့်ဆုံး အသုံးပြုသွားမည်၊ ၎င်းပြင် နောက်ထပ် ၇ သို့မဟုတ် ၈ နှစ် အချိန်ယူလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဆိုသည်။ ထိုသူသည် တရားဝင်ပြောဆိုခွင့်ရ ပုဂ္ဂိုလ် မဟုတ်သဖြင့် အသေးစိတ်ကိုမူ မပြောကြားချေ။
လွန်ခဲ့သော သောကြာနေ့က အဆိုပါ ကုမ္ပဏီနှစ်ခုသည် နေပြည်တော်ရှိစွမ်းအင်ဝန်ကြီးဌာနနှင့် အတူတစ်ကွပူးပေါင်းထုတ်လုပ်ရေး ကန်ထရိုက်စာချုပ်ကို လက်မှတ်ရေးထိုးခဲ့သည်။
မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့အခန်းကဏ္ဍသည် ကိုးလအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတန်ဖိုး စုစုပေါင်း ဒေါ်လာ ၆.၆ ဘီလီယံ၏ ၄၀ ရာခိုင်နှုန်း(တန်ဖိုး ဒေါ်လာ ၂.၆ ဘီလီယံခန့်) နေရာယူထားသည်ဟု Central Statistical Organisation (CSO) ၏ ၀က်ဘ်ဆိုဒ်တွင် ဖော်ပြသည်။
BP’s Statistical Review of World Energy ၏အဆိုအရ ၂၀၁၃ ခုနှစ်အကုန်တွင် မြန်မာနိုင်ငံမှ သဘာဝဓာတ်ငွေ့သိုက်ပမာဏမှာ ကုဗပေပေါင်း ၁၀ ထရီလီယံရှိခဲ့ပြီး အိမ်နီးချင်း ထိုင်းနိုင်ငံက မြန်မာနိုင်ငံထွက် သဘာဝဓာတ်ငွေ့၏ ငါးပုံတစ်ပုံခန့်ကို တင်သွင်းလျက်ရှိသည်။
Ref : Reuters
Comments