6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

မေ ၁၊ ၂၀၁၅
M-Media

1276022_heroa

– ရီးယဲလ်နည်းပြ အန်ဆယ်လော့တီနှင့် မန်ယူနည်းပြဟောင်း ဖာဂူဆန်တို့မှာ လစ်ဘရယ်ကျသည့် နည်းပြများဖြစ်ပြီး ဗန်းဂါးလ်ကမူ ထိုကဲ့သို့မဟုတ်ဘဲ အချိန်ဇယားများနှင့်တူသည်ဟု တိုက်စစ်မှူး ဟာနန်ဒက်ဇ်က ပြောကြားလိုက်သည်။

ဟာနန်ဒက်ဇ်မှာ မန်ယူမှ ရီးယဲလ်သို့ အငှားဖြင့် လာရောက်ကစားနေသူဖြစ်ပြီး ဗန်းဂါးလ်၏ အစီအစဉ်တွင် ပါဝင်နိုင်ဖွယ် မရှိဘဲ ၎င်း၏ အိုးထရက်ဖို့ဒ် အနာဂတ်မှာ မရေမရာ ဖြစ်နေသည်။ ရီးယဲလ်တွင် ပုံမှန်နေရာမရသည့် ဟာနန်ဒက်ဇ်မှာ ဘေးလ်နှင့် ဘန်ဇီမာတို့ ဒဏ်ရာရရှိခဲ့ပြီးနောက် ဧပြီလအတွင်း ကစားခဲ့သည့် ပွဲများ၌ ပါဝင်ခွင့်ရခဲ့ပြီး အက်သလက်တီကိုနှင့် ချန်ပီယံလိဂ် ဒုတိယအကျော့၌ နောက်တစ်ဆင့်တက်စေမည့် တစ်လုံးတည်းသော အနိုင်ဂိုးကို သွင်းယူပေးခဲ့ကာ တနင်္ဂနွေနေ့က ကစားခဲ့သည့် ဆဲလ်တာနှင့်ပွဲတွင်လည်း ၂ ဂိုး သွင်းပေးခဲ့သည်။

သို့သော်လည်း ဗန်ဂါးလ်ကမူ ဟာနန်ဒက်ဇ်၏ အဆိုပါ ဂိုးများက မန်ယူတွင် ပါဝင်ခွင့်အတွက် မည်သည့်ထူးခြားမှုမှ ရှိမည်မဟုတ်ဟု ပြောကြားခဲ့သည်။

“သူဒီလိုပြောခဲ့သလား မပြောခဲ့ဘူးလားဆိုတာကို ကျွန်တော် မသိပါဘူး။ အင်္ဂလိပ်သတင်းစာတစ်စောင်က ကျွန်တော့်မှတ်ချက်တစ်ချို့ကို ဒါဘီပွဲမတိုင်ခင် ဖော်ပြခဲ့ဖူးပါတယ်။ ကျွန်တော်မပြောခဲ့တဲ့ မှတ်ချက်ပေါ့ဗျာ” ဟု ဟာနန်ဒက်ဇက်က AS သတင်းစာသို့ ပြောကြားခဲ့သည်။

ထို့ပြင် အန်ဆယ်လော့တီ၊ ဖာဂူဆန်နှင့် ဗန်ဂါးလ်တို့ကိုလည်း ၎င်းက နှိုင်းယှဉ်ခဲ့သည်။

“ဟုတ်ပါတယ်။ သူတို့ဟာ မတူကြပါဘူး။ အန်ဆယ်လော့တီက ကျွန်တော်တို့နဲ့ ပိုပြီး နီးနီးကပ်ကပ်ရှိတယ်။ ပြီးတော့ သူက ပိုပြီးစိတ်ရှည်တယ်။ ဗန်ဂါးလ်ကတော့ သမရိုးကျသမားဖြစ်တယ်။ အချိန်ဇယားကြီးလိုပဲ တစ်သမတ်တည်းဖြစ်တယ်။ စည်းကမ်းလည်းကြီးပါတယ်။ အန်ဆယ်လော့တီကတော့ ဖာဂူဆန်လိုပဲ ပိုပြီး လစ်ဘရယ်ကျပါတယ်” ဟု ဟာနန်ဒက်ဇ်က ပြောကြားခဲ့သည်။

လတ်တလောပြသခဲ့သည့် ခြေစွမ်းများကြောင့် အသိအမှတ်ပြုမှုအချို့ကို ရရှိခဲ့သည့်အတွက် ပျော်ရွှင်မိသော်လည်း မိမိ၏စိတ်မှာ ယခုရာသီတွင် ထိခိုက်ခဲ့ရပြီး ထိုအခြေအနေက စိတ်ဓာတ်ကျမှုထက်ကို ပိုခဲ့သည်ဟု ၎င်းက ထည့်သွင်း ပြောကြားခဲ့သည်။

Ref: Goal

Tags:

Leave a Reply