မေ ၁၁၊ ၂၀၁၅
M-Media
မိုးစက်
ရန်ကုန်။ ။ ရန်ကုန်မြို့ရှိ ပုဇွန်တောင် မွတ်စလင် လူငယ်များ သာရေး နာရေးကူညီမှုအသင်းမှ ၂၀၁၅/ ၂၀၁၆ ပညာသင်နှစ် အတွက် လူမျိုးမရွေး၊ ဘာသာမရွေး ကျောင်းသား ကျောင်းသူ များအား ထောက်ပံ့ငွေနှင့် ကျောင်းသုံး ပစ္စည်းများ အကူအညီပေး အပ်မည်ဖြစ်ကြောင်း သိရသည်။
ပုဇွန်တောင်မြို့နယ်တွင် နေထိုင်သော ကျောင်းသား ကျောင်းသူများနှင့် ပုဇွန်တောင်မြို့နယ် အတွင်းရှိ ကျောင်းများတွင် ပညာသင်ကြားလျှက် ရှိသော ကျောင်းသူ/ကျောင်းသား များအား ထောက်ပံ့သွားမည်ဖြစ်ကြောင်း သိရသည်။
“ကျွန်တော်တို့ အဖွဲ့ကနေ ပညာသင်ကြားဖို့ လိုအပ်တဲ့ ကလေးတွေကို နှစ်စဉ် ကူညီပေးနေတာပါ။ လူမျိုးမရွေး၊ ဘာသာမရွေး အားလုံးကို ကူညီထောက်ပံ့ပေးနေ တာပါ။ အဖွဲ့ဝင်တွေထဲက တတ်နိုင်သလောက် အလှူငွေများ ထည့်ဝင်ကြပြီး ကလေးများအတွက် လိုအပ်တာများကို ကူညီနေပါတယ်” ဟု ပုဇွန်တောင်မွတ်စလင် လူငယ်များ သာရေး နာရေး ကူညီမှုအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောပါသည်။
အကူအညီ လိုအပ်သော ကျောင်းသား ကျောင်းသူများအနေနှင့် ရန်ကုန်တိုင်း ပုဇွန်တောင်မြို့နယ်ရှိ အမှတ် ၁၄(ဘီ)၊ မြေညီထပ် ၅၃ လမ်း၊ ၂ ရပ်ကွက်ရှိ သာရေး နာရေး အသင်းရုံးခန်းတွင် ပညာရေး ထောက်ပံ့မှု လျှောက်လွှာများကို မေ ၁၅ ရက်နေ့ မှ စတင်ထုတ်ယူနိုင်ပြီး လျှောက်လွှာပိတ်မည့်ရက်မှာ မေလ ၂၅ ရက်နေ့ဖြစ်ကြောင်း သိရှိရပါသည်။
Comments