မေ ၁၉၊ ၂၀၁၅
M-Media
– မတ်လက မြို့တော်ကဘူးလ်တွင် ဖြစ်ပွားခဲ့သည့် အမျိုးသမီးတစ်ဦးအား အုပ်စုဖွဲ့သတ်ဖြတ်မှုတွင် တားဆီးမှုများ မပြုလုပ်ခဲ့သည့် ရဲတပ်ဖွဲ့ဝင် ၁၁ ဦးကို အာဖဂန်တရားရုံးက ထောင်ဒဏ် ၁ နှစ်စီ ချမှတ်လိုက်သည်။
ယနေ့တွင် ထိုကဲ့သို့ ပြစ်ဒဏ်ချမှတ်ခဲ့ခြင်းဖြစ်ပြီး အခြားရဲတပ်ဖွဲ့ဝင် ၈ ဦးကို ပြစ်မှုမထင်ရှားသဖြင့် လွှတ်ပေးခဲ့သည်။ ကုရ်အာန်ကျမ်းတော်မြတ်ကို မီးရှို့သည်ဟု သတင်းလွှင့်ကာ အသက် ၂၇ နှစ်အရွယ် ဖာ့က်ဟန်ဒါကို ရိုက်နှက်သက်ဖြတ်မှုတွင် ရဲတပ်ဖွဲ့မှာ သင့်လျော်သည့် တားဆီးဟန့်တားမှုများ မပြုလုပ်ခဲ့ပေ။
ထိုအမှုအားကျူးလွန်ခဲ့သူ ၄ ဦးကို ကြိုးပေးကွပ်မျက်ရန် တရားရုံးက ယခုလအစောပိုင်းတွင် ဆုံးဖြတ်ခဲ့သည်။
သမ္မတရုံးမှ စစ်ဆေးမှုများအရ ဖာ့က်ဟန်ဒါမှာ ကုရ်အာန်ကျမ်းတော်မြတ်ကို အမှန်တကယ် မီးရှို့ခဲ့ခြင်းမဟုတ်သည်ကို တွေ့ရှိခဲ့ရသည်။ မိသားစုများကမူ အဆောင်လက်ဖွဲ့များကို မ၀ယ်ရန် ဖာ့က်ဟန်ဒါက သူငယ်ချင်းများအား တိုက်တွန်းခဲ့သောကြောင့် အဆောက်လက်ဖွဲ့ရောင်းသူများက လုပ်ကြံသတင်းလွှင့်ခဲ့ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။ ဖာ့က်ဟန်ဒါမှာ အစ္စလာမ့် ဓမ္မပညာရှင်တစ်ဦးလည်း ဖြစ်သည်။
ထိုအဖြစ်အပျက်က အာဖဂန်ပြည်သူများကို တုန်လှုပ်စေခဲ့ပြီး ထိုလုပ်ရပ်ကို ဆန့်ကျင်ခြင်းနှင့် ကျူးလွန်သူများကို ပြင်းပြင်းထန်ထန်အပြစ်ပေးရန် တောင်းဆိုဆန္ဒပြမှုများမှာလည်း နိုင်ငံတစ်ဝှမ်းတွင် ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားခဲ့သည်။
Ref: Aljazeera
Comments