ဇူလိုင် ၁၀ ရက် ၂၀၁၂
Source: OnIslam
အနောက်ကမ္ဘာမှာ့  အစ္စလာမ့် အနှစ်သာရပုံရိပ်အစစ်အမှန်ကို အားထုတ်ကြိုးပမ်း ဟောပြောမှုမှာ ထင်ရှားကျော်ကြားတဲ့ အမေရိကန် မွတ်စလင်တရားဟောဆရာ ရှိတ်ယူစွတ် အက်စတက် (Sheikh Yusuf Estes) ကို ၂၀၁၂-ခုနှစ် “အစ္စလာမ်ဆိုင်ရာ ကိုယ်ရည်ကိုယ်သွေး ထူးချွန်ဆု” (Islamic Personality of 2012) အတွက် ရွေးချယ်ကြောင်း ကြေညာခဲ့ပါတယ်။
“သူ့ ကိုရွေးချယ်ခဲ့တယ်လို့ ပြောလိုက်ချိန်မှာ သူ အရမ်းကို ပျော်ရွှင်နေခဲ့ပါတယ် ” လို့ ဆုပေးရွေးချယ်ရေးကော်မတီ ဥက္ကဋ္ဌ အီဗရာဟင်ဘူမေးလ် (Ibrahim Bumelha) က ဒူဘိုင်းမှာကျင်းပတဲ့ ၁၆ ကြိမ်မြောက် နိုင်ငံတကာ ကျမ်းတော်မြတ်ကုရ်အာန် ဆုပေးပွဲမှာ ပြောဆိုခဲ့ကြောင်း WAM သတင်းမှာ အင်္ဂါနေ့က ဖော်ပြထားပါတယ်။
ဒူဘိုင်းရဲ့ ၀န်ကြီးချုပ်နဲ့ အုပ်ချုပ်သူ HH Sheikh Mohammed bin Rashid Al Maktoum အပြင် ဆုပေးကော်မတီဝင်များကို ၎င်းက ကျေးဇူးတင်ခဲ့ပါတယ်။ အစ္စလာမ်၏ သည်းခံမှုတရားတန်ဖိုးများကို အနောက်ကမ္ဘာမှာ မနားမနေကျယ်ပြန့်စွာ အားထုတ်ကြိုးပမ်းမှုများကြောင့် နာမည်စာရင်းတင်သွင်းခံရသူ များအကြားမှ ၎င်းအား ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။ ၁၆ ကြိမ်မြောက် နိုင်ငံတကာ ကျမ်းတော်မြတ်ကုရ်အာန်ဆုပေးပွဲဆိုင်ရာ ဆွေးနွေးပွဲမှာ ကျမ်းတော်မြတ်အားသင်ကြားပို့ချခြင်း နှင့် ၎င်း၏ အစ္စလာမ်၊ မွတ်စလင် နဲ့ လူသားထုအတွက် ကြိုးပမ်းချက်များကြောင့် ယင်းပုဂ္ဂိုလ်အားရွေးချယ်ခဲ့ခြင်းကို ကြေငြာခဲ့ပါတယ်။
” ဒေါက်တာ အက်တက်စ်ကို လူငယ်တွေက သိပ်ချစ်ကြပါတယ် ” လို့က Bumelha ပြောကြားခဲ့ပါတယ်။
၎င်း အစ္စလာမ့်ဆိုင်ရာ ကိုယ်ရည်ကိုယ်သွေးထူးချွန်ဆုကို ၁၅ ကြိမ်တိုင်တိုင် ကျင်းပပြီးစီးခဲ့ပြီး ထိပ်သီးပညာရှင်များ၊ သိပ္ပံပညာရှင်များ၊ အရာရှိလူကြီးများ နှင့် လူမှု့အသင်းအဖွဲ့များက ယခင်နှစ်များမှာ ရရှိခဲ့ကြပါတယ်။
၁၉၉၇ မှာ ပထမဆုံးချီးမြှင့်ခြင်းခံခဲ့ရသူက အီဂျစ်က Sheikh Mohammed Metwally Al Shaarawy ဖြစ်ပါတယ်။ ယင်းဆုကို ယမန်နှစ် ၂၀၁၁ မှာ ယူအေအီး သမ္မတ ရှိတ် ခလီဖွာဘင်ဇာယဒ် (Sheikh Khalifa bin Zayed Al Nahyan) က ရရှိခဲ့ပါတယ်။
ကိုယ်ရေးအကျဉ်း
ရှိတ် အက်စတက် (Sheikh Yusuf Estes) ကို ဂီတပါရမီရှိသော ခရစ်ယာန် ပရိုတက်စတင့်မိသားစု မှ Texas မှာမွေးဖွားခဲ့တာပါ။ သူဟာ အီဂျစ်လူမျိုး မိုဟာမ္မဒ် ဆိုသူနဲ့တွေ့ ဆုံပြီးနောက်ပိုင်း ၁၉၉၁ မှာ မွတ်စလင်ဖြစ်လာခဲ့တာပါ။ အဲဒီကတည်းက သူဟာ စစ်မှန်သော အစ္စလာမ် အဆုံးအမ များကိုပို့ချဖို့ အလွန်ပင်တက်ကြွစွာ လုပ်ဆောင်ခဲ့ပါတယ်။
၁၉၄၄ မှာမွေးဖွားတဲ့ ရှိတ် အက်စတက် (Sheikh Yusuf Estes) ဟာ အစ္စလာမ့်ဆိုင်ရာတွေဆုံ နှီးနှောဖလှယ်ပွဲ မြောက်များစွာမှာ မကြာခဏ်ပါဝင်ပါတယ်။ အစ္စလာမ်တီဗွီအစီအစဉ်တွေ နဲ့ သူ့ရဲ့ကိုယ်ပိုင် web site များဖြစ်တဲ့ yusufestes.com နဲ့ islamtomorrow.com တို့မှာ သူ့ကိုမကြာခဏ တွေ့နိုင်ပါတယ်။ အစ္စလာမ့်ရဲ့ မှန်ကန်တဲ့ အချက်အလက်တွေကို တင်ပြနိုင်ဖို့ ကုရ်အာန်၊ အစ္စလာမ်နဲ့ အာရဗီစာဘာသာရပ်တို့ကို Sheikh Estes က အမြဲတမ်းလေ့လာသင်ယူနေပါတယ်။
အစ္စလာမ်ဘာသာကိုသက်ဝင်ပြီးနောက် Dr Estes က အာရဗီဘာသာစကား နဲ့ ကုရ်အာန်ဆိုင်ရာလေ့လာမှု့တွေကို အီဂျစ်၊ မော်ရိုကို နဲ့ တူရကီတို့မှာ ကြိုးစားသင်ယူခဲ့ပါတယ် လို့ Bumelha က ပြောကြားခဲ့ပါတယ်။
၂၀၀၄ ခုနှစ်ကစပြီး Dr Estes ကို ( Islam Channel, Peace TV, Huda TV) စတဲ့တီဗွီချယ်နယ်မှာ ပုံမှန်တွေ့ နေခဲ့ရပါတယ်။ ၎င်းကျော်ကြားတဲ့ ပညာရှင်ဟာ free-to-air Internet နဲ့ GuideUS တီဗွီချယ်နယ်တို့ကိုစတင်ပြီး အစ္စလာမ့်အစီအစဉ်များကို ၂၄ နာရီ ထုတ်လွင့်ခဲ့တယ်။ ၎င်းဟာ အင်္ဂလိပ်စကားပြော မွတ်စလင်တွေအတွက်လည်း TubeIslam (a Muslim video sharing site), ChatIslam (a Muslim chat room), and WorldPreschool (a learning site for young children) စတဲ့ web site များထုတ်လွင့်ခဲ့ပါတယ်။ ထို့ပြင် သူဟာ(www.islamtomorrow.com and National Chaplain WAMY, Virginia, USA.) ရဲ့ဒါရိုက်တာလည်း ဖြစ်ပါတယ်။
ဘာသာပြန်-ကေအလ်
Comments