မေ ၂၃၊ ၂၀၁၅
M-Meida
– မိမိအား လူပျိုစင်ဟု ဖော်ပြမှုများကို ပီအက်စ်ဂျီတိုက်စစ်မှူး ဒေးဗစ်လူးဝစ်ဇ်က ငြင်းဆိုလိုက်ပြီး မီဒီယာများအနေဖြင့် လူပုဂ္ဂိုလ်များအပေါ် လေးစားမှုမရှိဟု စွပ်စွဲပြောကြားလိုက်သည်။
ယခုသီတင်းပတ်အစောပိုင်းက နှစ်ခြင်းခံခဲ့သည့် လူးဝစ်ဇ်က ၎င်းမှာ ယခုအချိန်မှစ၍ ချစ်သူ ဆာရာ မာဒီရာကို အိမ်ထောင်ပြုသည်အထိ လိင်ဆက်ဆံခြင်းမပြုတော့ဟု ဆိုရှယ်မီဒီယာတွင် ကြေညာခဲ့သည်။
ထိုသို့ကြေညာပြီးနောက် လူးဝစ်ဇ်မှာ လူပျိုစင်ဖြစ်သည်ဟူသော ပြောကြားမှုများမှာ ဆိုရှယ်မီဒီယာနှင့် သတင်းများတွင် ပြန့်နှံ့သွားခဲ့ပြီး ကာယကံရှင်ကို မေးမြန်းမှုများလည်း ရှိခဲ့သည်။ သို့သော်လည်း လူးဝစ်ဇ်က ထိုပြောကြားမှုများမှာ မမှန်ဟု ဆိုသည်။
“ကျွန်တော်ဟာ လူပျိုစင် ဟုတ်လား၊ မဟုတ်ဘူးလား ဆိုတာနဲ့ပတ်သက်ပြီး လူတွေက နေရာတိုင်းမှာ ပြောနေကြပါတယ်။ ကျွန်တော် လူပျိုစင် မဟုတ်ပါဘူး။ ကျွန်တော့်ဘ၀မှာ ရည်းစား တစ်ယောက်မက ထားဖူးပါတယ်။ စာနယ်ဇင်းကလူတစ်ချို့ဟာ လူတွေရဲ့ ဘ၀ကို လေးစားမှု မရှိပါဘူး။ ကျွန်တော်ကတော့ လူတိုင်းကို လေးစားတာကြောင့် အေးဆေး အိပ်ပျော်ပါတယ်။ ကျွန်တော့်ရဲ့ ဘာသာတရား၊ ကျွန်တော့်ရဲ့နှစ်ခြင်းခံမှုတွေအတွက် ကျွန်တော် ပျော်ပါတယ်” ဟု လူးဝစ်ဇ်က BBC ၏ Football Focus အစီအစဉ်တွင် ပြောကြားခဲ့သည်။
ဘာစီလိုနာကိုရှုံးကာ ချန်ပီယံလိဂ် ကွာတားဖိုင်နယ်မှ ထွက်ခဲ့ရသည့် မိမိတို့အသင်းအနေဖြင့် လာမည့်နှစ် ချန်ပီယံလိဂ်ကို စိန်ခေါ်ရန် ဆုံးဖြတ်ထားသည်ဟု ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။
“ကျွန်တော်တို့ဟာ ကြီးကျယ်တဲ့အဆင့်ကို အခု ရောက်နေပါတယ်။ ပြင်သစ်မှာ ကျွန်တော်တို့ အခု ဖလားသုံးလုံးရထားတယ်။ ကျွန်တော်တို့ဟာ ချန်ပီယံလိဂ်အတွက် တိုက်ပွဲဝင်သွားမှာပါ။ ဘာ့ကြောင့်လည်းဆိုတော့ ဒါဟာ ကျွန်တော်တို့ရဲ့ ရည်မှန်းချက် ဖြစ်လို့ပါပဲ။ ကျွန်တော် လာမယ့်နှစ် ချန်ပီယံလိဂ်ကို ဗိုလ်စွဲချင်ပါတယ်။ ဒီလိုဗိုလ်စွဲဖို့လည်း အားလုံးလုပ်သွားမှာပါ”
Ref: Goal
Comments