မေ ၂၈၊ ၂၀၁၅
M-Media
ထိုင်းအတိုက်အခံများ ထောင်ချခံရ
………………………….
၂၀၀၈ ခုနှစ်က သက်ဆင်အစိုးရအား ဆန့်ကျင်သည့် ချီတက်လမ်းလျှောက်မှုအတွင်း ၀န်ကြီးချုပ်ရုံးကို ၀င်စီးမှုအတွက် ထင်ရှားသည့် အစိုးရ အတိုက်အခံ ၆ ဦးကို ထိုင်းတရားရုံးက ယနေ့တွင် ထောင်ဒဏ် ၂ နှစ် ချမှတ်ခဲ့ပြီး အယူခံအတွက် အာမခံဖြင့် လွှတ်ပေးခဲ့သည်။
တီကရစ်တွင် အလောင်းရာကျော် တူးဖော်ပြီး
…………………………..
တီကရစ်မြို့ကို သိမ်းပိုက်ထားစဉ်က IS များ သတ်ဖြတ်ကာ မြှုပ်နှံထားသည်ဟု ယူဆရသည့် ရုပ်ကြွင်းပေါင်း ၄၇၀ ကို တူးဖော်ခဲ့ပြီးပြီဟု အီရတ် ကျန်းမာရေးဝန်ကြီးက ယနေ့တွင် ပြောကြားလိုက်သည်။ မြှုပ်နှံထားသည့် နေရာ ၄ ခုမှ တူးဖော်ရရှိခဲ့ခြင်းဖြစ်ပြီး အီရတ်စစ်သာများ၏ အလောင်းများ ဖြစ်ဖွယ်ရှိနေသည်။ အီရတ်စစ်တပ်မှာ တီကရစ်မြို့ကို ပြီးခဲ့သည့် ၂ လက ပြန်သိမ်းနိုင်ခဲ့သည်။
အိန္ဒိယ ခရစ်ယာန်ဘုရားကျောင်း အမိုးပြိုမှု လူသေ
………………………………..
အိန္ဒိယနိုင်ငံတောင်ပိုင်း တမီလ်နန်ဒူးပြည်နယ်ရှိ ဆောက်လုပ်ဆဲ စိန့်ပီတာ ခရစ်ယာန်ဘုရားကျောင်းမှ ကွန်ကရစ်အမိုး ပြိုကျမှုကြောင့် လူ ၃ ဦး သေဆုံးခဲ့ပြီး ၁၄ ဦး ဒဏ်ရာရခဲ့သည်ဟု အိန္ဒိယရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။ အဆိုပါ ဘုရားကျောင်းတွင် ဆင်ထားသောငြမ်းကြောင့် မခြောက်သေးသည့် အမိုးက ကွဲအက် ပြိုကျခဲ့ခြင်းဖြစ်သည်။
အမေရိကန်ရေကြီးမှု လူ ၂၀ ကျော်သေ
…………………………..
အမေရိကန်ပြည်ထောင်စု တက္ကဆက်နှင့် အိုကလာဟိုးမား ပြည်နယ်တို့တွင် ပြီးခဲ့သည့် ၂ ရက်အတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးခဲ့ပြီး သေဆုံးသူများမှာ ၂၁ ဦးရှိလာကာ ၁၁ ဦး ပျောက်ဆုံးနေသည်။ ရာသီဥတုမှာ ဆက်လက်ဆိုးရွားနေပြီး အဆောက်အဦးများ ရာနှင့်ချီ၍ ပျက်ဆီးခဲ့သည်။
နာပိုလီမှထွက်မည်ဟု ဘင်နီတက်ဇ် အတည်ပြု
………………………..
ရီးယဲလ်မက်ဒရစ်မှ ခေါ်ယူမည်ဟု ရေပန်းစားနေသော နာပိုလီနည်းပြ ဘင်နီတက်ဇ်က ယခုတစ်ပတ် စီးရီးအေနောက်ဆုံးပွဲစဉ်အပြီးတွင် အသင်းမှထွက်ခွာတော့မည်ဟု သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ အသင်းတာဝန်ရှိသူများ၊ ပရိတ်သတ်များအား ကျေးဇူးတင်သည်ဟု ပြောကြားခဲ့သည့် ဘင်နီတက်ဇ်မှာ ၎င်း၏ အနာဂတ်နှင့်ပတ်သက်၍ ပြောကြားခဲ့ခြင်းမရှိချေ။
Ref: Newe Agencies
Comments