မေ ၃၁ ၊ ၂၀၁၅
ကာတွန်း ၀င်းအောင်
လှေစီးဒုက္ခသည်တို့ ရိုဟင်ဂျာတို့ ဆိုတဲ့ ပြသနာဟာ နူနေတဲ့ ခန္ဓာကိုယ် ကြီးမှာ ပေါက်နေတဲ့ အနာတခုပါ (ကာတွန်း)
.
၂၀၁၅ ခုနှစ် မေလ ၃၁ ရက်နေ့ Orchid ဟိုတယ်မှာ ပြုလုပ်တဲ့ DVB ရဲ့ ” လှေစီးဒုက္ခသည်အရေး ဘယ်လိုအဖြေရှာကြမလဲ” Debate အစီအစဉ်မှာ ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးမောင်မောင်အုန်း၊ လွှတ်တော် အမတ် ဒေါက်တာအေးမောင် ၊အလ်ဟာ့ဂ်ျ ဦးအေးလွင် – ဦးဆောင်ဆော်သြော်ရေးမှူး အစ္စလာမ်ဓမ္မဗိမာန် ၊ဘာသာပေါင်းစုံငြိမ်းချမ်းရေး အဖွဲ့(မြန်မာနိုင်ငံ) အမြုတေအဖွဲ့ဝင်၊ ဦးဝင်းထွန်းစိုး – ရခိုင်ပြည်နယ်ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေး အဖွဲ့ ဒါရိုက်တာ တို့ ပါဝင်ဆွေးနွေး ခဲ့ကြကြောင်း သိရပါတယ်။
.
အဲဒီ ဆွေးနွေးပွဲတခုလုံးကို ကာတွန်းနဲ့ သရုပ်ဖော်တဲ့ ကာတွန်းဆရာကတော့ ကာတွန်း ဝင်းအောင်ပဲဖြစ်ပါတယ်။ ကာတွန်း ဝင်းအောင်က သူ သရုပ်ဖော်ရေးသားခဲ့တဲ့ ကာတွန်း အဓိပ္ပါယ်ကို အခုလိုရှင်းပြခဲ့ကြောင်းကို သူရဲ့ ကိုယ်ပိုင် Facebook Page မှာ ရေးသားဖော်ပြခဲ့ပါတယ်။
.
“ဒီပြသနာကို ကျနော် အမြင် ပြောရရင် မြန်မာပြည်ဟာ လက်ပရို စီ အနူရောဂါစွဲကပ်နေတဲ့ ခန္ဓာကိုယ် ကြီးနဲ့တူတယ် လှေစီး ဒုက္ခသည်တို့ ရိုဟင်ဂျာတို့ ဆိုတဲ့ ပြသနာဟာ နူနေတဲ့ ခန္ဓာကိုယ် ကြီးမှာ ပေါက်နေတဲ့ အနာတခုပါ အဲဒီအနာ တခုထဲကိုကွက်ပြီး ကုလို့ မရပါဘူး ခန္ဓာကိုယ်မှာ စွဲကပ်နေတဲ့ ရောဂါကြီးကို ကုစားရမှာပါ အဓိက ကတော့ စနစ်ပါပဲ ပြုပြင်ပြောင်းလဲ နေပါတယ် ဒီမိုကရေစီစနစ်ကိုသွား နေပါတယ်လို့ အစိုးရကပြောနေပေမယ့် လက်တွေ့မှာ သိသာထင်ရှားတဲ့ အပြောင်းအလဲတွေ မတွေ့ရသေးဘူး ဒီတော့ ကျနော်စိုးရိမ်တာ
တခုရှိတယ် ဒီပြသနာကို အခြေခံပြီး ပြည်တွင်းမှာ ပြုပြင်ပြောင်းလဲမှုကို မလိုလားသူတွေက လူမျိုးရေး၊ဘာသာရေး ခုတုံးလုပ်ပြီး မလိုလားအပ်တဲ့ ပဋိပက္ခတွေကို ဖန်တီးမှာကိုပါပဲ ကျနော်တို့လူထု သတိရှိဖို့ ဒီကာတွန်းကို ရေးတာဖြစ်ပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ် “။
.
ref: ကာတွန်း ၀င်းအောင် FB Page
Leave a Reply
You must be logged in to post a comment.