6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဇွန် ၁၁၊ ၂၀၁၅
M-Media

လုံခြုံရေးအကြီးအကဲဟောင်းကို တရုတ် ထောင်တစ်သက်ချ
…………………………………
တရုတ်နိုင်ငံ၏ ပြည်တွင်းလုံခြုံရေး အကြီးအကဲဟောင်း အသက် ၇၂ နှစ်အရွယ် ဇူယုံကန်ကို အဂတိလိုက်စားမှု၊ နိုင်ငံ၏ လျှို့ဝှက်ချက်ပေါက်ကြားမှုနှင့် အာဏာအလွဲသုံးစားလှုပ်မှုတို့ဖြင့် အပြစ်ရှိကြောင်းတွေ့ရှိရ၍ တရုတ်တရားရုံးက ယနေ့တွင် ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချမှတ်လိုက်သည်။ ပြစ်မှုများအတွက် ဇူယုံကန်ကိုယ်တိုင်က ၀န်ခံခဲ့ခြင်းဖြစ်ပြီး တရုတ်အစိုးရ
တာဝန်ရှိသူဟောင်းများ၏ အဂတိလိုက်စားသည့် အမှုတွင် ၎င်းမှာ ၀ါအရင့်ဆုံး အကြီးတန်း တာဝန်ရှိသူလည်း ဖြစ်သည်။

နီပေါမြေပြိုမှု ၃၆ ဦးသေဆုံး
………………………………
နီပေါနိုင်ငံ၏ တာပလီဂျန် ခရိုင်တွင် မိုးသည်းထန်စွာ ရွာသွန်းရာမှ မြေပြိုမှုကြောင့် အနည်းဆုံး ၃၆ ဦး သေဆုံးခဲ့သည်ဟု IANS သတင်းဌာက ယနေ့တွင် ဖော်ပြခဲ့သည်။ အဆိုပါမြေပြိုမှုတွင် ရွာပေါင်း ၄ ရွာမှာ အကြီးအကျယ် ထိခိုက်ပျက်ဆီးခဲ့သည်ဟု ဆိုသည်။ အဆိုပါဒေသတွင် ဗုဒ္ဓဟူးနေ့မှစ၍ မိုးသည်းထန်စွာ ရွာသွန်းနေကာ ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်ရန် ကြန့်ကြာနေသည်။

ကားအမြန်မောင်းမှုကြောင့် မော်ရင်ဟို လိုင်စင်ပိတ်ခံရ
…………………………..
ချယ်ဆီးအသင်း၏ နည်းပြဖြစ်သူ မော်ရင်ဟိုမှာ ပြီးခဲ့သည့်နှစ် စက်တင်ဘာလအတွင်းက အင်္ဂလန်၌ တစ်နာရီ မိုင် ၅၀ သာမောင်းခွင့်ရှိသည့် လမ်းတွင် မိုင် ၆၀ အထိ မောင်းနှင်ခဲ့သောကြောင့် ဒဏ်ကြေး ပေါင် ၉၁၀ ပေးဆောင်ရန် တရားရုံးက ယမန်နေ့တွင် အမိန့်ချခဲ့ပြီး ယာဉ်မောင်းခွင့်ကိုလည်း ၆ လ ပိတ်ပင်ခဲ့သည်။ ယခင် အမှုဟောင်းများ ရှိနေခြင်းကြောင့် ယခုကဲ့သို့ ကြာမြင့်စွာ
လိုင်စင်ပိတ်ခံရခြင်းလည်း ဖြစ်သည်။

Ref: News Agencies

Leave a Reply