6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဇွန် ၂၆ ၊ ၂၀၁၅
M-Media
လင်းအိမ်သစ်ရေးသည်။

_Myanmar_Daily_Star_-_2015-06-26_16.16.17

ဒေါ်အောင်ဆန်းစုကြည်အား တိုက်ခိုက်ထားမှု http://goo.gl/j29u3z

NLD ရှုံးတာနဲ့ ကုလားမုန်းတာ ဘာဆိုင်လဲ။ ညောင်ဦးကမ်းပါးပြိုတာနဲ့ စမ္ပာနဂိုရ်က နွားမပေါင်ကျိုး ဆိုတာလို ဖြစ်မနေဘူးလား။ ဒီမေးခွန်းကို လက်ရှိနိုင်ငံရေး အခြေအနေကို မရိပ်စားမိဘဲ အိပ်မောကျနေစဉ်က ကျွန်တော်ကိုယ်တိုင် မေးခဲ့ဖူးပါတယ်။ အခုတော့ အိပ်မှုံစုံမွှားနဲ့ လန့်ဖျပ်နိုးလာသူတိုင်း မျက်စိ ပွတ်ကြည့် လိုက်တော့ ဟုတ်ပ၊ ကုလားမုန်းဝါဒဖြန့်သူအားလုံးဟာ NLD ကို တိုက်ခိုက်နေသူတွေ ဖြစ်နေပါရော့လား လို့ အံ့သြတုန်လှုပ်စွာ တွေ့နေကြရပါပြီ။

ဦးဝီရသူ၊ မဘသ၊ မတူကွဲပြားခြင်းနဲ့ ညီညွတ်ရေးပါတီဥက္ကဋ္ဌ နေမျိုးဝေ၊ သာကီသွေး၊ အောင်ဇေယျတု တို့ရဲ့ အယ်ဒီတာ မောင်သွေးချွန်၊ အရင် အွန်လိုင်းမှာ အမုန်းတိုက် သတင်းလိမ်တွေဖွနေတဲ့ လူထူမောင်ကာဠု၊ Myanmar Express အပြင် FB လောကမှာ အပြောင်အပြက်ပြောဆိုနေတဲ့ ကြက်ဥကြော်အကောင့်များ (နေ၀န်းနီတံဆိပ်နဲ့ အကောင့်များ) အားလုံးဟာ ကုလားမုန်း ၀ါဒဖြန့်နေသူများဖြစ်ကြသလို NLDနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို မလိုမုန်းထား နာမည်ဖျက်နေသူများဖြစ်ကြတယ်ဆိုတာ ထင်ထင်ရှားရှားတွေ့ရပါ လိမ့်မယ်။

ဒါဟာတိုက်ဆိုင်မှုလား။ ကုလားမုန်းသူတိုင်း NLD နဲ့ ဒေါ်အောင်ဆန်းစုကြည်ကို မုန်းသလား။ ဒီနှစ်ခု တွဲနေရတဲ့အကြောင်းက ဘာလဲ။ ဒီအကြောင်းကို ဒီတစ်ပတ် သုံးသပ်တင်ပြသွားပါ့မယ်။

NLD ရဲ့ ၀ိဉာဉ်ဟာ ပြည်သူ့အချစ်တော် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ပါ။ ပြည်သူချစ်တဲ့ သူကို ပြည်သူကို ရန်သူလိုသဘောထားတဲ့ အာဏာရှင်တွေက မုန်းကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ အင်္ဂလန်မှာ ကိုယ့်မိသားစုနဲ့ကိုယ် ဇိမ်ကျနေခဲ့ရင် အာဏာရှင်တွေက သူ့ကို မမုန်းရေးချ မမုန်းပါ။ အခုတော့ သူက လူထုနဲ့အတူ ရပ်တည်ခဲ့တယ်။ လူထုအတွက် အမုန်းခံပြောတယ်။ လူထုရှေ့မှာ ရပ်ပေးခဲ့တယ်။ ပြည်သူ့အကျိုးကို လိုလားတယ်။ ဒီတော့ ၁၉၉၀ ရွေးကောက်ပွဲမှာ သူ့ပါတီအပြတ်အသတ်နိုင်ခဲ့တာတောင် ညစ်ပတ်ပြီး အာဏာလွှဲမပေးဘဲ အကျယ်ချုပ်နဲ့ ကာလတာရှည်ထားခဲ့တာပါ။

လူယုတ်မာတွေဟာ ကိုယ့်ပြိုင်ဘက်ကို ဘယ်တော့မှ ရိုးသားစွာ ယှဉ်ပြိုင်လေ့မရှိဘူး။ အောက်လမ်း နည်းသုံးမယ်။ သားပုပ်လေလွင့်ပြောမယ်။ အပုပ်ချမယ်။ ဒါက လူယုတ်မာတွေရဲ့ ရိုးရာ။ မြင့်မြတ်တဲ့ စိတ်နှလုံးထားရှိသူတွေဟာ အမြဲတမ်း သားပုတ်လေလွင့်တိုက်ခိုက်မှုကို ခံရပါတယ်။ တစ်ချိန်က န၀တ၊ နအဖတို့ရဲ့ အစိုးရ သတင်းစာတွေမှာ အောက်တန်း ကျကျဆောင်းပါးတွေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ချိုးချိုးဖဲ့ဖဲ့ ပုတ်ခတ်ရေးသားခဲ့တာတွေ အစဉ်တစ်စိုက်လုပ်ခဲ့ပါတယ်။ ကုလားမယားစုကြည်တို့၊ အမျိုးဖျက်မတို့ အစုံပါပဲ။

အသိဉာဏ်ရှိတဲ့ပြည်သူတွေကတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဗုဒ္ဓဘာသာ၊ အင်္ဂလန်မှာနေလို့ နီးစပ်ရာအိမ်ထောင်ဘက်ကို လက်ဆက်ခဲ့ရပေမယ့် သူ့ခင်ပွန်းကလည်း ဗုဒ္ဓဘာသာ၊ သူ့သားတွေကို ရှင်ပြု ပေးခဲ့တယ်။ သူတို့လည်း ဗုဒ္ဓဘာသာတွေ သာ ဖြစ်ကြတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ဘာသာတရား ကိုင်းရှိုင်းတယ်။ ပညာအရာမှာ ကမ္ဘာနဲ့ ရင်ပေါင်တန်းနိုင်တဲ့ မြန်မာ့ ဂုဏ်ဆောင် ခေါင်းဆောင်တစ်ဦးဖြစ်တယ်။ တိုင်းတစ်ပါးမှာ ကြီးပြင်းခဲ့တာတောင် နိုင်ငံခြားသား မခံယူခဲ့ဘူး။ ၈၈ အရေးအခင်း၊ ရွှေဝါရောင် တော်လှန်ရေးတွေမှာ တိုင်းတစ်ပါးထွက်သွားကြတဲ့ နိုင်ငံရေးသမားအချို့တောင် တိုင်းတစ်ပါးသား ခံယူခဲ့ကြ သူတွေ ဒုနဲ့ဒေး။ သူတို့ကို အပြစ်ပြောချင်လို့မဟုတ်။ သူ့အကြောင်းနဲ့သူ ရှိကြပါလိမ့်မယ်။ ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ငယ်စဉ်ကလေးဘ၀ကတည်းကနေ အိမ်ထောင်ကျပြီး သား ၂ ယောက်မိခင် ဖြစ်လာတဲ့အထိ တိုင်းတစ်ပါးနိုင်ငံသား မခံယူခဲ့ဘူး။ မြန်မာနိုင်ငံသား အဖြစ်ပဲ ရှိနေခဲ့တယ်။ သူ့အကို အောင်ဆန်းဦးကျတော့ နိုင်ငံခြားသားဖြစ်နေပြီ။ ဒါက ထင်သာမြင်သာတဲ့ အချက်အလက်တွေပါ။

ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ဘ၀နဲ့ရင်းပြီး တိုင်းပြည်အတွက် အနစ်နာခံခဲ့တယ်။ လင်ပစ်၊ သားပစ် တိုင်းပြည်အတွက် ဘ၀ကို ပေးဆပ် ခဲ့တယ်။ အဲဒီလိုခေါင်းဆောင်မျိုးက တစ်ခေတ်တစ်ယောက် ရှာမှရှား။ ဗိုလ်ချုပ်အောင်ဆန်းနောက်ပိုင်း မြန်မာပြည်သူတွေ ရရှိခဲ့တဲ့ တစ်ဦးတည်းသော ဂုဏ်သိက္ခာအရှိဆုံး အမျိုးသား ခေါင်းဆောင်။ ကမ္ဘာက လေးစားရတဲ့ ကမ္ဘာက တန်ဖိုးထားတဲ့ ကမ္ဘာ့ခေါင်းဆောင်တွေနဲ့ ရင်ဘောင်တန်းနိုင်တဲ့ မြန်မာ့ဂုဏ်သိက္ခာကို မြှင့်တင်ပေးမယ့် ခေါင်းဆောင်။ အဖိုးမဖြတ်နိုင်တဲ့ မြန်မာ့ လူသားအရင်းအမြစ် ရတနာ တစ်ပါး။ ဒါကို ပြည်သူက သိလို့လည်း ၉၀ ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပါတီကို ခြိမ့်ခြိမ့်သဲ အနိုင်ပေးခဲ့ကြတာပေါ့။

ဒါပေမဲ့ အာဏာရှင်တစ်သိုက်က သူ့ကို အကျယ်ချုပ်ချပြီး လူထုကို မှိုင်းသွင်းတယ်။ အမျိုးသားရေး တွင်တွင်အော်ပြီး ပြည်ပအားကိုး ပုဆိန်ရိုး အဆိုးမြင်ဝါဒီများအလိုမရှိလို့ စောင်းပြောတယ်။ ကိုယ်မဟုတ်တာ လုပ်နေလို့ ပြည်ပက စီးပွားရေး ပိတ်ဆို့တာတွေကို ဒေါ်စုကြောင့်လို့ အပြစ်ပုံတယ်။ မုသားစကားကို များများ ပြောပေးရင် အမှန်ဖြစ်လာတယ်လို့ လီနင်က ပြောဖူးတယ်။ ဒီစကားကို Paul Joseph Goebbels ကလည်း ပြောဖူးတယ်။ မျိုးဆက်တစ်ခုကို ကျုံးသွင်းလိုက်တာ အာဏာရှင်တွေ အောင်မြင်တယ်လို့ ပြောရမယ်။ ဒေါ်အောင်ဆန်းစုကြည်ကို အမျိုးသားရေး အစွန်းရောက်မှိုင်းနဲ့ လူထုအမြင်မှာ အထိုက်အလျောက် ရုပ်ဖျက် နိုင်ခဲ့ပြီ။ ညံ့ဖျင်းတဲ့ ပညာရေးစနစ်နဲ့ ဦးနှောက်ကျုံလှီတဲ့ မျိုးဆက်ကို မွေးဖွားပေးနိုင်ခဲ့ပြီ။ လူလိုသူလို အဆင့်အတန်းရှိရှိ စဉ်းစားပြီး ပြောဆိုဆွေးနွေးတတ်၊ လေ့လာစူးစမ်း ဝေဖန်ပိုင်းခြားတတ်တဲ့ အကျင့်မရှိဘဲ တစ်ဆိတ်ရှိ ဆဲမယ်ဆိုမယ်ဆိုတဲ့ အရိုင်းမျိုးဆက်ကိုလည်း မွေးဖွားပျိုးထောင်ပေးခဲ့ပြီ။

ပဒေသရာဇ်ခေတ်က အာဏာ လက်လွှတ်ရမှာကြောက်တဲ့ မင်းတွေဟာ အစွမ်းအစရှိတဲ့သူတွေကို ကြောက်တယ်။ တကောင်းမင်းကြီးက ပန်းပဲမောင်တင့်တယ်ကို ရှင်းပစ်ခဲ့တယ်။ အနော်ရထာမင်းက မင်းလောင်းပေါ်တယ်ဆိုလို့ ကိုယ်ဝန်ဆောင်၊ မွေးကင်းစကလေးပါမကျန် သတ်ဖြတ်ခဲ့တယ်။ ဒါမျိုးက အာဏာရှင်အဆက်ဆက်မှာ ရှိခဲ့တယ်။ နအဖ အစိုးရကလည်း ဒေါ်အောင်ဆန်းစုကြည်ကို အပြတ်ရှင်းဖို့ ဒီပဲရင်း လုပ်ကြံသတ်ဖြတ်မှုကြီးကို ဖန်တီးခဲ့တယ်။ ပြည်သူတွေ ကံကောင်းချင်တော့ သူတော်ကောင်း နတ်ကောင်းမစ လို့ ရှင်သန်ဆဲ ကျန်ရစ်တယ်။

ဒါပေမဲ့ ဆရာဇော်ဂျီရဲ့တို့တိုင်းပြည်ကဗျာထဲကလို မြန်မာနိုင်ငံဟာ ဆန်ရေစပါး၊ သီးနှံချိုပြား၊ သဘာဝ သယံဇာတများ ထွက်ရှိပါသော်လည်း တမွဲမွဲနဲ့ ဆင်းရဲကာ ကာလကြာတော့ မြင်သာမြင်ရ မစားရတဲ့ တောကပြိတ္တာ ဖြစ်ကိန်းဖန်လာခဲ့ပါတယ်။ အဲဒီအထဲမှာ ခေါင်းဆောင်ကောင်းတစ်ယောက်လည်း အပါအ၀င် ပေါ့။ ခေါင်းဆောင်ကောင်းရှိပေမဲ့ သူ့ကို လုပ်ပိုင်ခွင့်နဲ့ ဦးဆောင်ခွင့်ပေးပြီး ခေတ်ကောင်းကြုံခွင့်ရမယ့် အခွင့်အရေးလည်း မြန်မာပြည်သူတွေ ဆုံးရှုံးကြရပြန်တယ်။ ဒီအဖြစ်ထက်ပိုပြီး ၀မ်းနည်းစရာ ကောင်းတဲ့ ကျိန်စာသင့်ခံအခြေအနေမျိုး နောက်ထပ်မရှိနိုင်တော့ဘူး။ ဒီလို အခြေအနေမျိုးရောက်ဖို့ အာဏာရှင်တွေက ၅၉(စ)၊ ၄၃၆ တို့နဲ့ ကျိန်စာတိုက်ခဲ့တယ်ဆိုရင်လည်း မမှားပါဘူး။

၅၉(စ)က ဘာများလဲ။ ” မိမိကိုယ်တိုင်သော်လည်းကောင်း၊ မိမိ၏ မိဘတစ်ပါးပါးသော်လည်းကောင်း၊ မိမိ၏ ဇနီး သို့မဟုတ် ခင်ပွန်းသော်လည်းကောင်း၊ မိမိ၏ တရားဝင် သားသမီးတစ်ဦးဦးသော်လည်းကောင်း၊ ထိုတရားဝင်သားသမီးတစ်ဦးဦး၏ ဇနီးသို့မဟုတ် ခင်ပွန်းသော်လည်းကောင်း၊ နိုင်ငံခြားအစိုးရ၏ ကျေးဇူးသစ္စာ တော်ကို ခံယူစောင့်ရှောက်ရိုသေသူ(သို့မဟုတ်) နိုင်ငံခြားအစိုးရ၏ လက်အောက်ခံဖြစ်သူ(သို့မဟုတ်) တိုင်းတစ်ပါး၏ နိုင်ငံသားဖြစ်သူများ မဖြစ်စေရ။ ထိုသူများသည် နိုင်ငံခြားအစိုးရ၏ လက်အောက်ခံဖြစ်သူ သော်လည်းကောင်း၊ တိုင်းတစ်ပါး၏ နိုင်ငံသားသော်လည်းကောင်း ခံစားရသော အခွင့်အရေးများနှင့် ကျေးဇူး ခံစားခွင့်များကို ခံစားနိုင်ခွင့်ရှိသူများ မဖြစ်စေရ” တဲ့။

ဒေါ်အောင်ဆန်းစုကြည်ကို တမင်ရည်ရွယ်ပြီး ဘယ်လိုနည်းနဲ့ မဆို သမ္မတဖြစ်ခွင့် တားဆီးထားတဲ့ ဥပဒေကြီးပါ။ ဒီဥပဒေကို အလွယ်တကူပြင် မရအောင် ပုဒ်မ ၄၃၆ နဲ့ ပြန်ချုပ်ထားပါတယ်။ ပုဒ်မ ၄၃၆ က ပုဒ်မ ၅၉ အပါအ၀င် ဥပဒေအချို့ကို ပြင်ချင်တယ် ဆိုရင် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်အားလုံးရဲ့ ၇၅ ရာခိုင်နှုန်းကျော်က သဘောတူရမှာဖြစ်ပြီး ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကျင်းပပြီး ဆန္ဒ မဲပေးပိုင်ခွင့်ရှိသူအားလုံးရဲ့ ထက်ဝက်ကျော်က ထောက်ခံမှ ပြင်ရမယ်လို့ ဆိုပါတယ်။ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်းကျော် သဘောတူဖို့ဆိုတာ မလွယ်တဲ့ကိစ္စပါ။ ၂၅ ရာခိုင်နှုန်းက စစ်တပ်ကိုယ်စားလှယ်တွေ။ ကျန်တဲ့ ရွေးကောက်တင်မြှောက်ခံ အမတ်ထဲမှာ ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်တွေလို မပြင်ရေး ဘက်တော်သား တွေက ရှိသေး။ ကြံ့ခိုင်ရေး အမတ်တွေကပါ သဘောထားကြီးစွာနဲ့ ပြင်ဖို့ထောက်ခံပေးကြတယ်ဆိုရင်တောင် တပ်ကိုယ်စားလှယ် ၂၅ % က အမာခံရှိနေခဲ့ရင် ရ၅ ရာနှုန်းမကျော်တဲ့အတွက် အတည်မဖြစ်ပါဘူး။ ဒါကြောင့် ၅၉ (စ) ကို ပြင်ဖို့ ၄၃၆ ကို အရင်ပြင်ဖို့ လိုနေတာပါ။ တော်တော်လည်း ခဲရာခဲဆစ် ကိစ္စပါ။ ပြင်သင့်ပြင်ထိုက်တဲ့ အချက်အလက်တွေကို လုံလောက်အောင်ပြင်တဲ့အဆင့် မဟုတ်သေးဘဲနဲ့တောင် အခု လွှတ်တော်မှာ မဲခွဲဆုံးဖြတ်လိုက်ကြတာ မပြင်ရေးဘက်က မဲသားသွားခဲ့ပါတယ်။ ဆိုလိုတာကတော့ ပြုပြင်ပြောင်းလဲရေးကို လိုလားတဲ့ ပြည်သူ့အကျိုး တိုင်းပြည်အကျိုးကိုကြည့်တဲ့ လွှတ်တော်အမတ်တွေ ရာခိုင်နှုန်းနည်းနေတယ် ဆိုတာကို ဖော်ပြလိုက်တာပါပဲ။

ဒီလိုမပြင်ချင်လို့လည်း ဒီဥပဒေကို ဝေဖန်မှုတွေအပေါ် လက်ရှိအစိုးရခေါင်းဆောင်တွေနဲ့ အစိုးရ လော်ဘီတွေက အမျိုးမျိုး ၀ါဒဖြန့်နေ ခဲ့တာပါ။ ၅၉(စ)ကို ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင် ရေးဆွဲခဲ့တာပါလို့ သမ္မတဦးသိန်းစိန်ကရော ဦးဝီရသူအပါအ၀င် အစိုးလော်ဘီ သံဃာတချို့ကပါ မုသားစကားနဲ့ ဗြောင်လိမ်ဝါဒဖြန့် ခဲ့ပါတယ်။ အမှန်တော့ ၅၉(စ)ဟာ ဘယ်ခေတ်က ဥပဒေမှာမှ မရှိခဲ့တာပါ။ နောက်တစ်ချက်က ၅၉(စ)လုံးကိုပြင် ရင် ကုလားတွေ၊ တရုတ်တွေ တိုင်းပြည်တက်အုပ်ချုပ်တော့မယောင် ၀ါဒဖြန့်ပါတယ်။ ဒါကို အကြောင်းပြလို့ ကောင်းအောင်လည်း ကြားဖြတ်ရွေးကောက်ပွဲပြီးကတည်းက ကုလားမုန်းတီးရေး လှုပ်ရှားမှုတွေကို အစွန်းရောက် အမျိုးသားရေးဝါဒီ သံဃာတချို့နဲ့ လူပုဂ္ဂိုလ်တချို့၊ ဦးနေမျိုးဝေကဲ့သို့ ဉာဏ်ရည်နိမ့် ကိုယ်ကျိုးရှာ ပါတီခေါင်းဆောင် တချို့နဲ့ လက်သပ်မွေးထားတဲ့ လော်ဘီတချို့ကိုအသုံးချပြီး နည်းပေါင်းစုံနဲ့ ပြုလုပ်ခဲ့ကြ ပါတယ်။ သာမန် လူမှုပြဿနာလေးတွေကို လူမျိုးရေး၊ ဘာသာရေး ပြဿနာတွေဖြစ်အောင် စနစ်တကျ ဖန်တီးပြီး အမုန်းမီးမွှေး ရန်ပွားအောင် ပြည်သူကြားထဲ ဗျူဟာခင်းခဲ့တယ်။ ထိရောက်သလောက်လည်း ထိရောက်ခဲ့တယ်။ မျောပါသွားပြီး ဖွတ်ထွက်မှ တောင်ပို့မှန်းသိလို့ နောက်ဆုံးခဲ့သူတွေလည်း ဒုနဲ့ဒေးပါ။

ဘာပဲဖြစ်ဖြစ် ကုလားမုန်း ၀ါဒီတွေပေါလာတဲ့ အတွက် ၅၉(စ)ကိုပြင်ရင် ကုလားတွေ အာဏာရလာမယ်။ NLD မှာ ကုလားတွေ ပါနေတယ်၊ နေရာရနေတယ်ဆိုတာမျိုး ထောက်ပြစည်းရုံးတယ်။ အမှန်တော့ ၅၉(ခ)မှာ သမ္မတဖြစ်မယ့်သူဟာ တိုင်းရင်းသား မိဘနှစ်ပါးက မွေးဖွားတဲ့ နိုင်ငံသားဖြစ်ရမယ်လို့ ပါပြီးသားဖြစ်တဲ့အတွက် ဒီအကြောင်းပြချက်ဟာ မယောင်ရာဆီလူး အကြောင်းပြချက် သာဖြစ်တယ်ဆိုတာ လေ့လာမိသူတိုင်း သိကြတယ်။ ဒါပေမဲ့ မသိသူက ခပ်များများ။

တစ်ချိန်က လူ့အခွင့်အရေးကို ဟစ်ကြွေးပြီး နိုင်ငံရေးသမား အားလုံး လွတ်မြောက်ရေးအတွက် ကုလသမဂ္ဂနဲ့ ကမ္ဘာ့အသိုက်အ၀န်းက အော်ပေးခဲ့တယ်။ အခုအချိန်မှာတော့ အာဏာရှင်တွေရဲ့ ၀ါဒဖြန့်မှုကြောင့် သံယောင်လိုက်ပြီး အမျိုးသားရေးနဲ့ လူ့အခွင့်အရေး ယှဉ်လာရင် အမျိုးသားရေးကို ဦးစားပေးရမယ်လို့ ပြောဆို လာကြတယ်။ လူ့အခွင့်အရေးလို့ ပြောသူတိုင်းကို ကျေးဇူးကန်းကာ ရန် လုပ်မိ လာကြတယ်။ ဒါတွေဟာ အာဏာရှင်ရဲ့ အောင်မြင်မှုတွေလို့ ပြောရမယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီမိုကရေစီစံကို နားလည်သူ၊ လူ့အခွင့်အရေးကို တန်ဖိုးထားသူဖြစ်တဲ့အတွက် ကမ္ဘာက လေးစား တန်ဖိုးထားသူဖြစ်တယ်။ သူက လူမျိုးရေး ဘာသာရေးပြဿနာတွေဟာ သူ့အတွက် ထောင်ချောက်တစ်ခုမှန်း သိတယ်။ ဒါကြောင့် စကားမကျွံအောင် ထိန်းပြောခဲ့တယ်။ ဒီအခါမှာ နှစ်ဖက်စလုံးက ပြစ်တင်ဝေဖန်လာကြတယ်။ တစ်ဖက်က လူ့အခွင့်အရေးအတွက် နှုတ်ဆိတ်သူ၊ တစ်ဖက်က အမျိုးသားရေးစိတ် မရှိသူလို့ ဝေဖန်ပြစ်တင်ကြတော့တယ်။ ဒါဟာလည်း အာဏာရှင်ရဲ့ သွေးထိုးမှု အောင်မြင် သွားခြင်းတစ်ရပ်ပဲ ဖြစ်ပါတယ်။ တကယ်လို့များ ဒေါ်အောင်ဆန်းစုကြည်ဟာ လူ့အခွင့်အရေးဘက်ကနေ ပြတ်ပြတ်သားသား ရပ်ခဲ့ရင် အမျိုးသားရေး အစွန်းရောက်ဝါဒီတွေ လက်ချက်နဲ့ ဂန္ဒီလုပ်ကြံခံရသလို အဖြစ်ဆိုးမျိုး လည်း ဖြစ်သွားနိုင်ပါတယ်။ အနည်းဆုံးတော့ NLD အပေါ် အထင်အမြင်လွဲမှားမှု၊ မယုံကြည်မှုတွေ အထိုက်အလျောက်ရှိလာစေခဲ့ပါပြီ။

အခုအချိန်မှာ အာဏာရှင်ရဲ့ထောင်ချောက်ကို ပြည်သူတွေ ရိပ်စားမိဖို့ ကောင်းပါပြီ။ လူမျိုးရေး ဘာသာရေး အမုန်းစကားတွေ၊ ပဋိပက္ခတွေအားလုံးဟာ အခြေအမြစ်မရှိတဲ့ လုပ်ကြံဖန်တီးမှုတွေသာ ဖြစ်ကြောင်း ပြန်ပြောင်းလေ့လာ ဆင်ခြင်သင့်ပါပြီ။ တကယ်တော့ ကုလားမုန်းဝါဒဖြန့်ချိမှုအားလုံးဟာ ၅၉(စ)ကို မပြင်ရေးနဲ့ ဒေါ်အောင်ဆန်းစုကြည်သမ္မတမဖြစ်ရေး၊ လုပ်ကြံခံရရေး၊ လူထုအကြည်အညိုလျော့ပါးရေး၊ NLD မဲမရရေး၊ အမျိုးသားရေးပါတီတစ်ခုထောင်ပြီး ဘုမသိဘမသိ အမျိုးသားရေး မှိုင်းတိုက် ခံရသူတွေရဲ့ မဲတွေကို အနီးကပ်မှာ သဲ့ယူရေးစီမံချက်တွေသာဖြစ်ပါတယ်။

ဒါကြောင့် အာဏာ လက်မလွှတ်နိုင်သူတွေရဲ့ မူဝါဒလမ်းစဉ်နဲ့ အဓိကကြွေးကြော်သံကတော့ NLD ရှုံးစေဖို့ ကုလားမုန်းကြစို့ ဆိုတာပါပဲ။ နတ်ကရာ ကျီးမော့နေဦးမည်ဆိုပါက အာဏာရှင်လက်အောက် ကျွန်သက်ရှည်ကြ ဦးမည်သာ။

Tags: ,

Leave a Reply