ဇွန် ၃၀ ၊ ၂၀၁၅
မောင်မောင် (ရွှေကရဝိတ်) ရေးသည်။
.
တောင်ဘလူဗလီရှိတဲ့ တောင်ဘလူရပ်ဆိုတာ…တနေ့မနေ့ကမှ တည်ထားတာမဟုတ်ပါဘူး…
မန္တလေးမြို့ မွေးဖွားလာ ကထဲက…အတူရှိနေခဲ့တဲ့ ဗလီနဲ့…ရပ်ကွက်ကြီးဘဲဖြစ်ပါတယ်…
မြန်မာမွတ်စလင် ရပ်ကွက်ကြီးတခုဖြစ်ပါတယ်…..
တောင်ဘလူရပ်ကွက်သားများဟာ…မန္တလေးဈေးချိုတော်မှာ…ဘယဆေးနဲ့..ချည်ခင်များ…ချည်ထည်များကို(အများစု)ရောင်းချ အသက်မွေးဝမ်းကြောင်းခဲ့ကြပြီးတော့…စီပွားရေးအင်အား တောင့်တင်းတဲ့ သူများဖြစ်ခဲ့ကြပါတယ်…လူမျိုးခြား..စီးပွားရေးသမားတွေနဲ့ ယှဉ်ပြိုင်နိုင်တဲ့ အင်အားလည်း…ရှိခဲ့ကြပါ တယ်….
–
မြန်မာမွတ်စလင်များဖြစ်သည့် အားလျော်စွာ…ဈေးချိုတော် ရုံကြီး ၁၂ရုံရဲ့…ကထိန်တော်ဖြစ်မြောက် ရေး အဖွဲ့ဝင်တွေ…တာဝန်ရှိတဲ့သူတွေလည်း…ဖြစ်ခဲ့ကြပါတယ်…
–
မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီခေတ်…စီးပွားရေးတွေ…ပျက်ပြားသွားခဲ့ကြတဲ့ အချိန်မှာတောင်…တောင်ဘလူ အရပ်သား…မြန်မာမွတ်စလင်တွေဟာ..အခြေအနေမပျက်အောင်…ထိန်းသိမ်း..စီးပွားရှာနိုင်ခဲ့ ကြပါတယ်…၁၉၇၆ခုနှစ်…ပေါက်မြိုင်ဝင်းမီးဘေးမှာ…တရပ်ကွက်လုံး အထိနာခဲ့ပေမဲ့…အိနြေ္ဒမပျက်ခဲ့ ကြပါဘူး….၁၉၈၄ခုနှစ်…ဦးကျားကြီးမီးလောင်လို့… တမြို့နယ်လုံး… မီးသင့်ခံရတော့မှဘဲ..အထိနာခဲ့ရ တာပါ…ဒါပေမဲ့လည်း…ကိုယ်ပိုင်မြေတွေ…ကိုယ်ပိုင်အိမ်တွေနဲ့…ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတွေလုပ်ကိုင်ပြီး…အခြေအနေ မပျက်နေနိုင်တဲ့သူတွေ…အများကြီးရှိပါသေးတယ်…
–
တောင်ဘလူအရပ်သား မြန်မာမွတ်စလင်တွေဟာ…သမိုင်းစဉ် တလျောက်လုံး…ပြည်ထောင်စုမြန်မာ နိုင်ငံသား…အခြားဘာသာဝင်တွေနဲ့…ကွဲပာမှုမရှိဘဲ…အေးအတူ ပူအမျှ…တသားထဲနေခဲ့ကြတာပါ… ပညာတတ်လူတန်းစားတွေ အများစုဖြစ်ကြပြီး… ကျောင်းအုပ်ဆရာကြီးတွေ…ကျောင်းအုပ်ဆရာမကြီး တွေ…ကျောင်းဆရာတွေ…ကိုယ်ပိုင်ကျောင်းဖွင့်လှစ်ခဲ့သူတွေ…အစိုးရ ဝန်ထမ်းတွေ…ဌာနဆိုင်ရာ အရာရှိတွေ..ရှိခဲ့သလို…မိသားစုတိုင်းလိုလိုထဲမှာ…တပ်မတော်သားတွေလဲ..ရှိခဲ့ကြပါတယ်… တပ်မတော်မှာ…အဆင့်မြင့်အရာရှိကြီးများဖြစ်ခဲ့တဲ့သူတွေရှိသလို…အရာရှိငယ်များ…အရာခံ…အကြပ်တပ်သား…အဆင့်မျိုးစုံမှာ…တာဝန်ထမ်းဆောင်ခဲ့ကြတာဟာ…ဦးနေဝင်းအစိုးရရဲ့…တပ်တွင်းက အစ္စလာမ်ဘာသာဝင်တွေကို..မခွဲခြား…မချိုးနှိမ်ခင်အချိန်အထိဖြစ်ပါတယ်….
–
မိသားစု တခုအတွင်းမှာပင်လျှင်…ဖခင် အရာခံဗိုလ်နှင့်…သားဗိုလ်မှူး၂ဦးအထိရှိတာတွေ..တွေ့ခဲ့ရပါ တယ်….
–
အဲ့ဒီတော့…အခုခေတ်လို..ဖျော်ဖြေရေးတွေ မပေါများသေးတဲ့ အချိန်အခါမှာ…တောင်ဘလူ အရပ်သား အများစုဟာ…အားလပ်တဲ့ရက်တွေမှာ…မိမိတို့ဆွေမျိုးသားချင်းတွေ စုစည်းပြီး…အမဲလိုက် ထွက်တတ်ကြပါတယ်…အရွယ်ရောက်ပြီးတဲ့ တောင်ဘလူ အရပ်သားတိုင်းလိုလိုမှာ..အစိုးရထံက တရားဝင် လိုင်စင်နဲ့ ကိုင်ဆောင်တဲ့…အမဲပစ် သေနတ်တွေ…ရှိခဲ့ကြပါတယ်…ဟိုအရင် အချိန်အခါက လေသေနတ်ဆိုတာဟာ…လိုင်စင်မလိုဘဲ…ကိုင်ဆောင်ခွင့်ရှိတဲ့ ပစ္စည်းပါ…
–
ပြီးခဲ့တဲ့နှစ်…မန္တလေး အကြမ်းဖက်ခံရမှုမှာ…ကျဆုံးသွားခဲ့တဲ့…ရှဟီဒီ ကိုစိုးမင်းထွေးရဲ့…အဖိုးတော်စပ် သူ…ဦးစလေမန်ဆိုတာဟာ…၃၁လမ်းနဲ့..၈၃လမ်းဒေါင့်… မြန်မာညွန့် စက်ဘီးဆိုင်နဲ့ တွဲလျက်အခန်း တခန်းမှာ…လက်နက် မျိုးစုံပြင်တဲ့ ဝပ်ရှော့…တရားဝင်ဖွင့်ခဲ့တာပါ… အမဲပစ်ရိုင်ဖယ်တွေကို အထူးပြု ပြင်ခဲ့တာဖြစ်ပါတယ်…လေသေနတ်ကျည်ဆံတွေ…နှစ်လုံးပြူး ကျည်ဆံတွေလည်း…ရောင်းပါတယ်… ကိုယ်တိုင်လုပ်ပြီး….ဆိုင်ဖွင့်ပြီး ရောင်းခဲ့တာပါ…
–
ဦးစလေမန်ဟာ… ကိုယ်တိုင်လည်း… မုဆိုးကြီးတယောက်ဖြစ်ပါတယ်… မကြာခဏဆိုသလို… သူ့ကိုယ်ပိုင်… ဘေးတွဲဆိုင်ကယ်ကြီးနဲ့…သေနတ်တွေတင်ပြီး… မိတ်ဆွေတယောက်စ… နှစ်ယောက်စနဲ့အတူ… အမဲပစ်ထွက်လေ့ရှိပါတယ်…ဟာလီဒဘယ်ဆဲန် ဆိုင်ကယ်ဖြစ်လိမ့်မယ် ထင်ပါတယ်….မန္တလေးမြို့မှာ… သူလို ဘေးတွဲ ဆိုင်ကယ်ကို…စီးတဲ့သူက…သူရယ်…၈၃လမ်း…ကျောက်ဗလီ အရပ်ထဲက. ဦးချစ်ညိုရယ် ၂၇လမ်း… လေလ္လာဝင်းအတွင်းက ဦးမူလေးရယ် သုံးယောက်ဘဲရှိခဲ့တာပါ…သုံးဦးစလုံး…မြန်မာမွတ်စလင်တွေချည်းပါဘဲ…
–
မကြာခဏဆိုသလို… ဦးစလေမန်တယောက် ဘေးတွဲဆိုင်ကယ်ကြီးနဲ့…သမင်တွေ…ဂျီ(ချေ)တွေ… တင်ပြီး…အမဲလိုက်ပြန်လာတာကို…မှတ်မိနေပါတယ်…
–
အဲ့ဒီတော့ …အရင်တုန်းက….တောင်ဘလူ အရပ်သားမှန်ရင်… အမဲမလိုက်ဘူးတဲ့သူ… မရှိသလောက် .. ရှားခဲ့ပါတယ်…
–
၁၉၈၈ခုနှစ်… အရေးအခင်းကြီးအပြီးမှာ… အရပ်သားတွေလက်ထဲမှာ… လိုင်စင်ရှိ… လိုင်စင်မဲ့… သေနတ် တွေ… လုံးဝမထားဘဲ… အပ်နှံခိုင်းတဲ့အတွက်… အားလုံး…အပ်လိုက်ကြရပါတယ်… ဒါပေမဲ့… လက်နက်တွေကို လက်ခံသိမ်းယူတဲ့ ရဲစခန်းက တာဝန်ရှိသူတွေက… ပြောင်းအပိုတွေ… ပြောင်းအပျက်တွေ… ဒင်အပိုတွေ… ဒင်အကျိုးအပဲ့တွေကို… လက်မခံခဲ့ပါဘူး… အဲ့ဒီတော့ အိမ်တိုင်းလိုလိုမှာ… ပြောင်းအပို တွေ… ဒင် အဟောင်း… အပိုတွေရှိနေခဲ့ပါတယ်… သေနတ်တလက်ကို အပေါ်ယံပြင်ဆင်တဲ့ ပစ္စည်းတွေ လဲရှိနေကြပါတယ်….
–
ဒါတွေကို ရေးပြနေတာက…ရပ်ကွက်ရဲ့ အခြေခံကိုမသိ… သမိုင်းကြောင်းကို မသိဘဲ… ဖွတဲ့သူက… မဖွယ်မရာရည်ရွယ်ချက်နဲ့ ဖွလိုက်တာနဲ့… ဘုမသိ… ဘမသိ…ဟာ… သေနတ်ဒင်တွေတွေ့တယ်… ပြောင်းအပိုတွေတွေ့တယ်… လက်နက်ပြင်တဲ့ ပစ္စည်းတွေ…တွေ့တယ်…ဆိုပြီး… လန့်ဖြန့်… အစိုးရိမ်ပို နေကြတာတွေ့ရလို့… ရှင်းရှင်းလင်းလင်း သိသွားအောင်…ရေးပြလိုက်တာပါ…
–
ခက်တာက…မြန်မာနိုင်ငံမှာ… ဘယ်လူမျိုးတွေ… ဘယ်ဘာသာဝင်တွေဟာ… သမိုင်းစဉ်တလျောက်… ဘယ်လိုနေခဲ့ကြတယ်ဆိုတာကို… မသိ… တနေ့မနေ့ကမှ… လူလားမြောက်လာပြီး… ဘာသာရေးပညာလေးသင်ယူ ပေါက်မြောက်ခဲ့လို့…မြို့ပေါ်တက်…ကျောင်းထိုင်ရတာ… ပေါ်ပြူလာဖြစ်လာတာလေးတခုနဲ့… မြန်မာတနိုင်ငံလုံး… ဗုဒ္ဓဘာသာဝင်တွေချည်းဘဲ…တသက်လုံးနေခဲ့တယ်လို့ အထင်ရောက်နေတဲ့…. .. မန္တလေးတမြို့လုံးက ကုလားတွေ… စားစရာမရှိအောင်.. လုပ်ပြမယ်…နေစရာမရှိအောင်..လုပ်ပြမယ် လို့…ကျွေးကြော်ထားတဲ့…ဦးဝီရသူလို…သံဃာ အတုအယောင်က…ပါးစပ်ထဲလာရာ စကားလုံးတွေနဲ့… တိုင်းပြည်ကို မီးလောင်တိုက်သွင်းဖို့ကြံစည်နေတာကို… လူအများစုက… အဟုတ်အမှန်ထင်နေတာက ပြသနာဖြစ်နေတာပါ….
–
ဦးဝီရသူဟာ…မန္တလေးမြို့ကို…ဖျက်ဆီးဖို့…မန္တလေးမြို့ကို…မီးလောင်တိုက်သွင်းဖို့…နေ့စဉ်နဲ့အမျှ…ဥာဏ်နီ…ဥာဏ်နက်မျိုးစုံ ထုတ်ပြီး… လုပ်ကြံသတင်းတွေလွှင့်ထုတ် ကြံစည်နေတာပါ…
–
ဒါကို…မြန်မာနိုင်ငံကို အမှန်တကယ် ချစ်သူများ…မန္တလေးမြို့ကို ချစ်မြတ်နိုးသူများက…အသိတရားရှိရှိ နဲ့… အဖျက်စကားတွေကို နားမယောင်ကြဘဲ… သတိရှိရှိနဲ့…ဝိုင်းဝန်းကာကွယ် စောင့်ရှောက်သင့် ပါတယ်…
–
တောင်ဘလူ အရပ်သားများအနေနှင့်လည်း….အထူးသတိပြုနေထိုင်သင့်ပါတယ်… မနှစ်က ဦးဝီရသူရဲ့ စနက်ကြောင့်…တောင်ဘလူ အရပ်သား…ကိုစိုးမင်းထွေး… အသက်ဆုံးရှုံးခဲ့ရတယ်… ဒီနှစ်…ရပ်ကွက် ကို နာမည်ဖျက်ပြီး… အကြမ်းဖက်တိုက်ခိုက်ဖို့… အလှုံ့ဆော်ခံခဲ့ရတာကို…ပေါ့ပေါ့လေး မနေကြဘဲ… မိမိတို့နဲ့ ပတ်သက်ရာ…ရဟန်းရှင်လူများအပါအဝင်… ဆရာတော်ကြီးများ… နိုင်ငံတော် အစိုးရအဖွဲ့ဝင် များကို…ဆက်သွယ်ရှင်းပြ… အကူအညီတောင်းခံပြီး…ဦးဝီရသူရဲ့ အဖျက်အန္တရာယ်မှ…ကင်းဝေး အောင်…အမြန်ဆုံး အကာအကွယ်တောင်းခံသင့်ပါကြောင်း…တင်ပြလိုက်ရပါတယ်…
စာရေးသူ၏ FB စာမျက်နှာမှ ကူးယူဖော်ပြပါသည်။
Comments