6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဇူလိုင် ၁၃၊ ၂၀၁၅
M-Media

tennis

– ယမန်နေ့က ကျင်းပပြုလုပ်ခဲ့သော ၀င်ဘယ်လ်ဒန် တင်းနစ်ပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲတွင် လက်ရှိချန်ပီယံ နိုဗက်ဂျိုကိုဗစ်က ရော်ဂျာဖက်ဒါရာအား အနိုင်ရရှိကာ ဗိုလ်စွဲခဲ့သည်ဟု သိရသည်။

နိုင်ခြေအဆင့် ၁ သတ်မှတ်ခံရသည့် ဂျိုကိုဗစ်မှာ ၀င်ဘယ်လ်ဒန် ၇ ကြိမ် ရထားသည့် ဖက်ဒါရာအား ပထမပွဲငယ်နှင့် ဒုတိယ ပွဲငယ်တို့တွင် တိုင်းဘရိတ်အထိ ရိုက်ခဲ့ရကာ ၇-၆၊ ၆-၇ ဖြင့် တစ်ပွဲနိုင်၍ တစ်ပွဲရှုံးခဲ့သည်။

သို့သော်လည်း တတိယနှင့် စတုတ္ထပွဲငယ်များတွင် ဂျိုကိုဗစ်က အသာရခဲ့ကာ ၆-၄၊ ၆-၃ ဖြင့် ပြတ်ပြတ်ပြတ်သားသား အနိုင်ရခဲ့ကာ ဂရင်းစလင်းဆုဖလားကို ၉ ကြိမ်မြောက် ရရှိခဲ့ခြင်း ဖြစ်သည်။

ယမန်နှစ် ဗိုလ်လုပွဲတွင်လည်း ဖက်ဒါရာအား အနိုင်ရရှိကာ ဂျိုကိုဗစ်မှာ ချန်ပီယံဖြစ်ခဲ့ခြင်းဖြစ်ပြီး ၂၀၀၇ နှစ်နောက်ပိုင်း ၀င်ဘယ်လ်ဒန် အမျိုးသားတင်းနစ်ပြိုင်ပွဲတွင် ချန်ပီယံဘွဲ့ကို ပထမဆုံး ကာကွယ်နိုင်သူလည်း ဖြစ်လာခဲ့သည်။

“သူ (ဖက်ဒါရာဟာ) ခင်ဗျားရဲ့ ကန့်သတ်မှုတွေကို ကျော်လွှားပြီး၊ ကြိုးစားလာအောင်၊ အမှတ်တစ်မှတ်တိုင်းကို ရရှိအောင် လုပ်နိုင်တဲ့သူပါ။ ရော်ဂျာနဲ့ ကစားရတာဟာ စိန်ခေါ်မှုကြီးတစ်ခုလို့ ကျွန်တော် ပြောရပါမယ်။ ကျွန်တော်တို့မျိုးဆက်က ကစားသမား တော်တော်များများဟာ သူ့ကို ကြည်ပြီး သူ့ရဲ့ဦးဆောင်မှုနောက်ကို လိုက်ကြရတာပါ” ဟု အသက် ၂၈ နှစ်အရွယ် ဂျိုကိုဗစ်က အနိုင်ရရှိအပြီးတွင် ပြောကြားခဲ့သည်။

Ref: Aljazeera

Tags:

Leave a Reply