ဇူလိုင် ၁၆ ၊ ၂၀၁၅
M-Media
သီဟ
.
မန္တလေးအခြေစိုက် သင့်မြတ်လိုသူ ဘာသာပေါင်းစုံလူငယ်များ ပရဟိတအဖွဲ့က ကိုဇော်ဇော်လတ်ကို မတရားအသင်း ဆက်သွယ်မှု ပုဒ်မ ၁၇ (၁) နဲ့ ချမ်းအေးသာဇံမြို့နယ် အမှတ် ၃ မှုခင်းရဲတပ်ဖွဲ့က မနေ့က ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ၂ နှစ်က ကချင်ပြည်နယ် လိုင်ဇာမြို့က KIA တပ် စခန်းမှာ သေနတ်ကိုင်ထားတဲ့ ဓါတ်ပုံရိုက်ခဲ့တာကို လူမှုကွန်ရက် စာမျက်နှာမှာ ဖော်ပြခဲ့တာနဲ့ ပတ်သက်ပြီး ကိုဇော်ဇော်လတ် ဖမ်းဆီးခံခဲ့ရတာဖြစ်ကြောင်း အဖွဲ့ဝင်တဦးဖြစ်တဲ့ မပွင့်ဖြူလတ်က ပြောပါတယ်။
.
” တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ ဒုက္ခသည်စခန်းတွေ ရောက်တဲ့ သတင်းထောက်တွေ ၊ ပရဟိတအဖွဲ့က လူငယ်တွေဟာ လူငယ်သဘာဝ အပျော်သဘောနဲ့ သေနတ်ကိုင်၊ တိုင်းရင်းသားတပ်ဖွဲ့ ဝတ်စုံတွေ ဝတ်ပြိး ဓါတ်ပုံရိုက်တာ အများကြိးရှိပါတယ်။ ဒီလို ဓါတ်ပုံတွေက ဆိုရှယ်မီဒီယာပေါ်မှာ အရင်ကလဲ တွေ့နေကျပါ။ ဒီပုံက တင်ထားတာ ၂ နှစ်အရင်ကပါ ။အစ္စလာမ်ဘာသာဝင် တယောက်ဖြစ်တဲ့ ကိုဇော်ဇော်လတ်ကိုပဲ ရွေးပြိး ဖမ်းတာ တမင်တကာ အကြောင်းရှာပြီး လုပ်တယ်လို့မြင်ပါတယ်။ ” လို့ပြောလာသူကတော့ ကိုဇော်ဇော်လတ်နဲ့ ဘာသာပေါင်းစုံ ညီညွှတ်ရေး သင်တန်း အတူတက်ဖူးတဲ့ လူငယ်တယောက်ရဲ့ ပြောကြားချက်ပါ။
.
သင့်မြတ်လိုသူ ဘာသာပေါင်းစုံ လူငယ်များ ပရဟိတအဖွဲ့ကို ၂၀၁၃ မတ်လက မိတ္တီလာ ဘာသာရေး ပဋိပက္ခအပြီး ဗုဒ္ဓဘာသာ၊ဟိန္ဒူ၊ မွတ်စလင်၊ ခရစ်ယာန်၊ ဘာဟာအီ စတဲ့ ဘာသာ ငါးခုက လူငယ်တွေနဲ့ စုပေါင်း ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။
.
ဒီအဖွဲ့ဟာ ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး လှုပ်ရှားမှုတွေအပြင် လူမှုရေး အကူအညီလိုအပ်တာတွေကို ကူညီဆောင်ရွက်ပေးနေတဲ့ အဖွဲ့လည်း ဖြစ်ပါတယ်။
.
လွန်ခဲ့သည့် လများအတွင်း ကိုဇော်ဇော်လတ်နဲ့ ၄င်းတို့ အဖွဲ့ဝင်များ လှုပ်ရှားမှု ဓါတ်ပုံများကို အသုံးပြုပြီး ဆိုရှယ်မီဒီယာများတွင် ဘာသာရေး အသွင်ဆောင် အသုံးအနှုန်းများဖြင့် ဝါဒဖြန့် လှုံဆော်မှုများ ပြုလုပ်ခဲ့တာကို တွေ့ရှိရပါတယ်။
.
ကိုးကား-RFA
ဓါတ်ပုံ-ကိုဇော်ဇော်လတ် FB စာမျက်နှာ
Comments