ဇူလိုင် ၁၆၊ ၂၀၁၅
M-Media
– အာဖဂန်နစ္စတန်ရှိ အင်ဂျင်နီယာတစ်ဦးမှာ နိုင်ငံ၏ ပထမဆုံး နေစွမ်းအင်သုံးကားကို တီထွင်ထုတ်လုပ်နိုင်ခဲ့ပြီး မကြာမီကာလအတွင်း အာဖဂန်ရှိ လမ်းများပေါ်တွင် တွေ့မြင်ရဖွယ်ရှိနေသည်။
အဆိုပါ စီမံကိန်းကို ၀ါဟီဒွလ္လာဟ် ဆာဘာဝမ်က ဦးစီးဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး သာမန်ပြည်သူများ သုံးစွဲနိုင်ရန်အတွက် အမြောက်အများထုတ်လုပ်ရန် မျှော်လင့်နေသည်။
အာဖဂန်နစ္စတန်ရှိ ယာဉ်မောင်းများမှာ ဆိုးဝါးသော ကားလမ်းပိတ်ဆို့မှု၊ ကြောက်မက်ဖွယ်အပူချိန် စသည့် စိန်ခေါ်မှုများဖြင့် ရင်ဆိုင်နေရပြီး နေစွမ်းအင်သုံး အဆိုပါကားကလည်း ဘရိတ်ဆီပြဿနာကြောင့် ပထမဆုံးအကြိမ် မတော်တဆ ဖြစ်ခဲ့ရသည်။
သို့သော်လည်း ဆာဘာဝမ်ကမူ နေရောင်အများအပြားရရှိသည့် အာဖဂန်နစ္စတန်နိုင်ငံအတွင်း နေစွမ်းအင်သုံး ကားများ၏အတွက် အနာဂတ်ရှိမည်ဟု ယုံကြည်နေသည်။
ထို့ပြင် ရင်းနှီးမြှုပ်နှံသူများအနေဖြင့် ထိုစီမံကိန်းကို တစ်နေ့တွင် စိတ်ဝင်စားမှုပြမည်ဟု မျှော်လင့်နေပြီး နိုင်ငံအတွင်း အခမဲ့ပညာရေးရရှိပြီးနောက် နိုင်ငံအတွက် ပြန်လည်ပေးဆပ်ချင်သည်ဟု ထည့်သွင်းပြောကြားခဲ့သည်။
Ref: Aljazeera
Comments