6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဇူလိုင် ၂၇၊ ၂၀၁၅
M-Media

မြောက်ကိုရီးယားနျူအရေး အမေရိကန်က ပြောင်းလွယ်ပြင်လွယ်သော သဘောထားရှိ
…………………………
မြောက်ကိုရီးယားအနေဖြင့် ၎င်းတို့၏ နျူကလီးယားအစီအစဉ်နှင့်ပတ်သက်၍ ဆွေးနွေးရန် ဆန္ဒရှိပါက အမေရိကန်၏ သဘောထားမှာလည်း ပြင်လွယ်ပြောင်းလွယ်ဖြစ်သည်ဟု အီရန်နှင့် နျူးအရေး ဆွေးနွေးခဲ့သည့် အမေရိကန် အထူးကိုယ်စားလှယ် ဆစ်ဒနီ စီလာက ယနေ့တွင် ပြောကြားလိုက်သည်။ ထို့ပြင် ၎င်းက အီရန်အရေးကိုလည်း ထောက်ပြခဲ့သည်။ မြောက်ကိုရီးယားကမူ
မိမိတို့အနေဖြင့် အီရန်ကဲ့သို့ ဆွေးနွေးမှုမျိုး ပြုလုပ်သွားမည်မဟုတ်ဟု စောစောပိုင်းက ပြောကြားထားသည်။

အိန္ဒိယတွင် သေနတ်သမားများက ရဲစခန်းကို စီးနင်းပစ်ခတ်မှုဖြစ်ပွား
……………………………….
အိန္ဒိယနိုင်ငံ ဂါဒက်စ်ပူးရ်ပြည်နယ် ဒီနာနာဂါရ်မြို့၌ သေနတ်သမားများက ယနေ့တွင် ဘတ်စ်ကားတစ်စီးနှင့် ရဲစခန်းတစ်ခုကို ၀င်ရောက်စီးနင်း ပစ်ခတ်မှု ဖြစ်ပွားခဲ့သည်။ ထို့နောက် အိန္ဒိယရဲတပ်ဖွဲ့နှင့် ၁၂ နာရီကြာ အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ပြီး သေနတ်သမား ၃ ဦး၊ ရဲတပ်ဖွဲ့ဝင် ၃ ဦးနှင့် အရပ်သား ၃ ဦး အပါအ၀င် စုစုပေါင်း ၁၀ ဦး သေဆုံးခဲ့သည်။

မက္ကဆီကိုတွင် အစုလိုက်အပြုံလိုက် သတ်ဖြတ်မြှုပ်နှံထားသည့်နေရာများ တွေ့ရှိ
…………………………………
ပြီးခဲ့သည့်နှစ် စက်တင်ဘာက မူးယစ်ဂိုးဏ်တစ်ခု၏ ပြန်ပေးဆွဲခြင်းကို ခံခဲ့ရသော ကျောင်းသား ၄၃ ဦးအား ရှာဖွေမှုအတွင်း မက္ကဆီကို အာဏာပိုင်များမှာ လူသေများ အစုလိုက်အပြုံလိုက် မြှုပ်နှံထားသည့်နေရာ ၆၀ ကို တွေ့ရှိခဲ့ရပြီး ရုပ်အလောင်း ၁၂၉ လောင်းကို တူးဖော်ရရှိခဲ့သည်။ သို့သော်လည်း ရရှိခဲ့သည့် ရုပ်အလောင်းများမှာ ပျောက်ဆုံးသွားသည့် ကျောင်းသားများ၏ ရုပ်အလောင်းများမဟုတ်ဟု တာဝန်ရှိသူများက ဆိုသည်။ တရားလိုရှေ့နေများကမူ အဆိုပါ ကျောင်းသား ၄၃ ဦးမှာ မူးယစ်ဂိုဏ်း၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရပြီး ၎င်းတို့၏ ရုပ်အလောင်းများမှာလည်း မီးရှို့ခံခဲ့ရသည်ဟု ဆိုသည်။

Ref: News Agencies

Leave a Reply