သြဂုတ် ၁၊ ၂၀၁၅
M-Media
မိုးစက်
ပဲခူးမြို့ရှိ ရေဘေးသင့်ပြည်သူများအား ယနေ့သြဂုတ်လ ၁ ရက်နေ့တွင် ပဲခူးမြို့ဘာသာပေါင်းစုံ လူငယ်များမှ လိုအပ်သည်များကို လှူဒါန်းခဲ့ကြောင်း သိရသည်။
.
လွန်ခဲ့သည့်ရက်အနည်းငယ်များက ပဲခူးတွင် ရေကြီးမှုများဖြစ်ပေါ် ခဲ့ပြီး ရေဘေးသင့်ပြည်သူများ အတွက် ဒုက္ခသည်စခန်း (၅) ခု ဖွင့်လှစ်ထားကြောင်း သိရှိရသည်။
.
ပဲခူးမြို့ဘာသာပေါင်းစုံလူငယ်များမှ အိမ်ခြေ (၄၅၀) ကျော်ကို လှူဒါန်းခဲ့သည်။ နောက်ရက်များတွင်လည်း ၎င်းတို့အဖွဲ့အနေနှင့် ဆက်လက်လှူဒါန်းသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။
Comments