6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

သြဂုတ် ၁၇၊ ၂၀၁၅
M-Media

brazil

– ဘရာဇီးလ်နိုင်ငံတစ်ဝှမ်းတွင် ထောင်ပေါင်းများစွာသော ပြည်သူများမှာ ယမန်နေ့က အစိုးရအား ဆန့်ကျင်သော ဆန္ဒပြမှုများ ပြုလုပ်ခဲ့ကြပြီး သမ္မတ ဒီလ်မာရူးဆက်ဖ် နှုတ်ထွက်ရန် တောင်းဆိုခဲ့ကြသည်။

အဆိုပါဆန္ဒပြမှုမှာ မြို့တော်ဘရာစီလီယာတွင် ယမန်နေ့က စတင်ခဲ့ခြင်းဖြစ်ပြီး လူပေါင်း ၄၅၀၀၀ ခန့် ပါဝင်ခဲ့ကြသည်။ ၂၀၁၆ ခုနှစ် အိုလံပစ်ပြိုင်ပွဲ ကျင်းပမည့် ရီယိုဒီဂျနေရိုးတွင် လူထောင်ပေါင်းများစွာမှာ ချီတက်ဆန္ဒပြမှုများ ပြုလုပ်ခဲ့သောကြောင့် အိုလံပစ် စက်ဘီးပြိုင်ပွဲ စမ်းသပ်မှုအတွက် လမ်းကြောင်းများကို ရွှေ့ပြောင်းခဲ့ရသည်။

နိုင်ငံ၏ ဘဏ္ဍာရေးမြို့ဖြစ်သော ဆာပေါ်လိုတွင်လည်း အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှုများကို ပြုလုပ်ခဲ့ပြီး လူ ၂၀၀ ခန့် တက်ရောက်ခဲ့ကြသည်ဟု စီစဉ်သူများက ပြောကြားခဲ့သည်။ ထို့ပြင် ဘရာဇီးလ်ရှိ အခြားသော မြို့များတွင်လည်း ဆန္ဒပြမှုများကို ပြုလုပ်ခဲ့ကြသည်။

ဆန္ဒပြမှုအတွင်း ပြည်သူများမှာ အစိုးရဆန့်ကျင်ရေး ကြွေးကြော်သံများ၊ ပိုစတာများကို ကိုင်ဆောင်ကြွေးကြော်ခဲ့ကြပြီး သမ္မတရူးဆက်ဖ် နှုတ်ထွက်ရန် တောင်းဆိုခဲ့ကြသည်။ ထို့ပြင် ရူးဆက်ဖ်မှာ ချစားမှုများရှိခဲ့ပြီး တိုင်းပြည်စီးပွားရေးကို မတည်မငြိမ်ဖြစ်အောင် လုပ်သည်ဟုလည်း ပြည်သူများက ပြစ်တင်ပြောဆိုခဲ့ကြသည်။

နိုင်ငံတစ်ဝှမ်း သမ္မတရူးဆက်ဖ်အား ဆန့်ကျင်သော ဆန္ဒပြမှုမှာ ယခုအကြိမ်သည့် ယခုနှစ်အတွင်း တတိယအကြိမ်ဖြစ်ပြီး မတ်လနှင့် ဧပြီလများအတွင်းကလည်း ဆန္ဒပြမှုများ ပြုလုပ်ခဲ့ကြသည်။

ရေနံကုမ္ပဏီ Petrobras ၏ ချစားမှုကိစ္စများတွင် သူမ၏ အလုပ်သမားပါတီမှ နိုင်ငံရေးသမားများ ပါဝင်ပတ်သက်မှု၊ စီးပွားရေး ဖရိုဖရဲဖြစ်မှု၊ ငွေကြေး တန်ဖိုးကျဆင်းမှုနှင့် ဖောင်းပွမှုများကြောင့် သမ္မတ ရူးဆက်ဖ်မှာ သူမ၏ နိုင်ငံရေးဘ၀အတွက် တိုက်ပွဲဝင်နေရသူဖြစ်သည်။

Ref: Aljazeera

Tags:

Leave a Reply