6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

သြဂုတ် ၂၂၊ ၂၀၁၅
M-Media

jokovic

– အမေရိကန်ပြည်ထောင်စုတွင် ကျင်းပပြုလုပ်နေသည့် Cincinnati Masters အမျိုးသား တင်းနစ်ပြိုင်ပွဲ ဗိုလ်လုပွဲသို့ ဆွီဒင်ထိပ်သီး ရော်ဂျဖက်ဒါရာနှင့် ဆားဘီးယားမှ ကမ္ဘာ့နံပါတ် ၁ တင်းနစ်သမား နိုဗက်ဂျိုကိုဗစ်တို့ တက်ရောက်သွားခဲ့သည်ဟု သိရသည်။

ဖက်ဒါရာမှာ ယမန်နေ့က ကစားခဲ့သည့် ဆီးမီးဖိုင်နယ်တွင် ကမ္ဘာ့အဆင့် ၂ ဗြိတိန်တင်းနစ်သမား အန်ဒီမာရေးအား ၆-၄၊ ၇-၆ ဖြင့် နှစ်ပွဲပြတ် အနိုင်ရခဲ့ခြင်းဖြစ်သည်။ ကွာတားဖိုင်နယ်တွင် ရစ်ချက် ဂက်စ်ကက်အား အကြိတ်အနယ်ဖြင့် နောက်မှလိုက်ကစားကာ အနိုင်ရခဲ့သည့် မာရေးမှာ ဆီးမီးဖိုင်နယ်တွင် ဖက်ဒါရာအား မယှဉ်နိုင်ခဲ့ဘဲ ပထမပွဲငယ်၌ ၃၈ မိနစ်အကြာတွင်ပင် ပွဲပြတ်ခဲ့သည်။

မာရေးမှာ ၂၀၁၃ ခုနှစ် သြစတေးလျအိုးပင်းနောက်ပိုင်းတွင် ဖက်ဒါရာအား အနိုင်ရခြင်း မရှိတော့ဘဲ ယခုပွဲအရှုံးကြောင့် ၇ ကြိမ်မြောက် Cincinnati ချန်ပီယံဖြစ်ရေး မျှော်လင့်ချက်မှာလည်း အဆုံးသတ်ခဲ့ပြီ ဖြစ်သည်။

အခြား ဆီမီးဖိုင်နယ်ပွဲဖြစ်သည့် ဂျိုကိုဗစ်နှင့် ယူကရိန်း တင်းနစ်သမား အလက်ဇန်းဒါ ဒိုလ်ဂိုပိုလော့ဗ်တို့၏ ပွဲတွင် ပြိုင်ပွဲ၌ ဆီဒင် ၁ အဖြစ် သတ်မှတ်ခံရသူ ဂျိုကိုဗစ်မှာ ပထမပွဲငယ်တွင် ၄-၆ ဖြင့် ရှုံးနိမ့်ခဲ့သော်လည်း ဒုတိယနှင့် တတိယပွဲငယ်များတွင် ၇-၆၊ ၆-၂ တို့ဖြင့် အနိုင်ရကာ ဖိုင်နယ်သို့ တက်ရောက်နိုင်ခဲ့သည်။

ဂျိုကိုဗစ်နှင့် ဖက်ဒါရားတို့၏ ဗိုလ်လုပွဲကို ယနေ့တွင် ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

Ref: Dailymail

Tags:

Leave a Reply