6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

စက်တင်ဘာ ၁၊ ၂၀၁၅
M-Media

Aus

– လူ့အဖွဲ့အစည်းအား အလုပ်အကျွေးပြုရာတွင် ကြိုးပမ်းအားထုတ်မှုများအား အသိအမှတ်ပြုသည့်အနေဖြင့် သြစေတးလျမှ မွတ်စလင်ဖခင်တစ်ဦးမှာ Australian father of the year ဆုကို ရရှိခဲ့ပြီး လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်း ရရှိခဲ့သော ၎င်း၏ ဂုဏ်ပြုဆုများစာရင်းတွင် နောက်ထပ်တစ်ခု တိုးလာခဲ့ခြင်းလည်း ဖြစ်သည်။

“ဘယ်လူ့အဖွဲ့အစည်းမှာမဆို အဓိကဟာ မိသားစုဖြစ်ပြီး ဖခင်တွေကတော့ အရေးပါတဲ့ အခန်းကဏ္ဍမှာ ရှိနေပါတယ်” ဟု ဆုရရှိခဲ့သည့် ဒေါက်တာ ဂျမားလ် ရီဖီက SBS သို့ ယမန်နေ့တွင် ပြောကြားခဲ့သည်။

ဒေါက်တာရီဖီမှာ ဆစ်ဒနီမြို့ အနောက်ပိုင်းတွင် နေထိုင်သူဖြစ်ပြီး ဖော်ရွေသော ဆရာဝန်တစ်ဦးဖြစ်ကာ မွတ်စလင်လူ့အဖွဲ့အစည်းအတွက် မားမားမတ်မတ် ရပ်တည်ကာ ဆောင်ရွက်ပေးနေသူ ဖြစ်သည်။ ထို့ပြင် သြစတေးလျ မွတ်စလင်လူ့အဖွဲ့အစည်း ညီညွတ်ရေးနှင့် တိုးတက်ရေးကို နှစ်ပေါင်း ၂၀ ခန့် ဆောင်ရွက်ခဲ့သော ထင်ရှားသည့် ခေါင်းဆောင်တစ်ဦးလည်း ဖြစ်သည်။

၎င်းကို နယူးတောင်းအခြေစိုက် ကလေးများဆိုင်ရာ ပရဟိတအဖွဲ့ဖြစ်သော Shepherd Centre က သြစတေးလျ၏ တစ်နှစ်တာအကောင်းဆုံး ဖခင်ဆု (Australian father of the year) ကို ချီးမြှင့်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ ပရဟိတအဖွဲ့ကမူ ဒေါက်တာရီဖီ၏ ရက်ရောဖော်ရွေသော စိတ်ဓာတ်နှင့် မွတ်စလင်နှင့် မွတ်စလင်မဟုတ်သူများအကြား လစ်ဟာမှုများကို ပေါင်းကူးပေးရန် ခိုင်မာသော ဆုံးဖြတ်ချက်ဖြင့် လူငယ်၊ မိသားစုနှင့် လူ့အဖွဲ့အစည်းဖွံ့ဖြိုးတိုးတက်ရေး ကဏ္ဍများတွင် ဒေါက်တာရီဖီ၏
မမောနိုင် မပန်းနိုင် အားထုတ်ကြိုးပမ်းမှုများကြောင့် ထိုဆုအား ချီးမြှင့်ခြင်းဖြစ်သည်ဟု ဆိုသည်။

လက်ဘနွန်တွင် မွေးဖွားခဲ့သည့် ဒေါက်တာရီဖီမှာ ပန်နီစီလင်နှင့် ဓာတ်မတည့်မှုဖြစ်ပွားသည့် ညီဖြစ်သူအား ဆုံးရှုံးခဲ့ရပြီးနောက် ဆရာဝန်ဖြစ်အောင် ကြိုးစားရန် သန္ဓိဌာန်ချခဲ့သူဖြစ်သည်။ လက်ဘနွန်ပြည်တွင်းစစ်အလယ်တွင် ကြီးပြင်းခဲ့ပြီး ရီဖီမှာ ဆေးပညာကို ဆက်လက်သင်ကြားရန် ရိုမေးနီးယားနိုင်ငံသို့ ထွက်ခွာခဲ့သည်။

နောက်ပိုင်းတွင် သြစတေးလျသို့ ပြောင်းရွှေ့ခဲ့ပြီး ဆစ်ဒနီတက္ကသိုလ်မှ ဆရာဝန်ဘွဲ့ ရရှိခဲ့သည်။ ၁၉၉၀ ပြည့်နှစ်များက လက်ဘနွန်လူ့အဖွဲ့အစည်းအတွင်း လွှမ်းမိုးခဲ့သော လူဆိုးဂိုဏ်း ပြဿနာများနှင့် ၂၀၀၅ ခုနှစ်က Cronulla ပဋိပက္ခများကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပြီးနောက် ရီဖီမှာ မီဒီယာ၏ စိတ်ဝင်စားမှုကို ခံခဲ့ရသည်။

ထို့ပြင် ၎င်းမှာ IS အဖွဲ့၏ ရက်စက်ကြမ်းကြုတ်မှုများကို ရှုတ်ချခဲ့သောကြောင့် အသက်အန္တရာယ် ခြိမ်းခြောက်မှုကိုပါ ခံခဲ့ရသည်။ သို့သော်လည်း ၎င်းကမူ နောက်ဆုတ်ခဲ့ခြင်းမရှိဘဲ အစွန်းရောက် အတွေးအခေါ်များ ၀င်သွားနိုင်မည့် အန္တရာယ်ရှိနေသော ကလေးငယ်များရှိနေသည့် မိသားစုများကို အကူအညီများ ပေးအပ်ခဲ့သည်။

အသိအမှတ်ပြုခံရခြင်း

မိသားစုအတွက် ပြည့်ဝသည့် ဖခင်ကောင်းတစ်ယောက် မဖြစ်မည်ကို ဒေါက်တာ ရီဖီက စိုးရိမ်နေသော်လည်း သားများကမူ ဖခင်ဖြစ်သူမှာ မိမိတို့အတွက် လေးစားအတုယူစရာဖြစ်ည်ဟု ဆိုသည်။

“အဖေက တော်တော်လေးအောင်မြင်ပါတယ်။ ဒါပေမယ့် မိသားစုကတော့ သူ့အတွက် အမြဲတမ်းနံပါတ် ၁ ပါပဲ။ သူလုပ်သမျှ အရာအားလုံးဟာ လူ့အဖွဲ့အစည်းအတွက်ပါ။ ဒါပေမယ့် ကျွန်တော်တို့ ကြီးပြင်းလာတဲ့အခါ ဒါမျိုး အခက်အခဲတွေကို ရင်ဆိုင်ဖို့ မလိုတော့ပါဘူး” ဟု အကြီးဆုံး သားဖြစ်သူ ဖိုင်ဆယ်က ပြောကြာခဲ့သည်။

“ကျွန်တော်တို့ကို မကြောက်ဖို့၊ ဘ၀ခရီးလမ်းကို ရဲရဲဝံ့ဝံ့လျှောက်လှမ်းဖို့ အဖေက အမြဲတမ်း သွန်သင်ပေးပါတယ်။ အဖေလုပ်ခဲ့သမျှဟာ မျိုးဆက်သစ်တွေကို ကူညီဖို့သာ ဖြစ်ပါတယ်” ဟု အငယ်ဆုံသား ဂျီဟဒ်က ပြောကြားခဲ့သည်။

ဒေါက်တာရီဖီမှာ ၎င်း၏ လူ့အဖွဲ့အစည်း ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများအတွက် ဂုဏ်ပြုဆုရရှိခဲ့ခြင်းမှာ ယခုအကြိမ်သည် ပထမဆုံး အကြိမ်မဟုတ်ချေ။ ယခင်ကလည်း Australian of the Year၊ Human Rights and Equal Opportunity Award နှင့် Pride of Australia Fair Go Medal ဂုဏ်ပြုဆုများအပါအ၀င် ဆုပေါင်းများစွာကို ရရှိထားသူဖြစ်သည်။

Ref: Onislam

Leave a Reply