6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

စက်တင်ဘာ ၃၊ ၂၀၁၅
M-Media
မိုးစက်

ရန်ကုန်။    ။ လာမည့် ၂၀၁၅ ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင် လွှတ်တော် ကိုယ်စား လှယ်လောင်းအဖြစ် တင်သွင်းလာသူများမှ ၈၀ ကျော် ကို  ပြည်ထောင်စုရွေးကောက်ပွဲက ကိုယ်စားလှယ်လောင်း အရည်အချင်းနဲ့ မကိုက်ညီလို့ ပယ်ချခဲ့တယ်လို့ သိရပါသည်။
လက်ရှိတွင် မွေးဖွားချိန်မှာ မိဘနိုင်ငံသား မဟုတ်ခြင်းကြောင့် ပယ်ချခံရသူများမှာ အများဆုံး ဖြစ်ပါသည်။  ၄င်း ၈၀ ကျော် တွင် အစ္စလာမ်ဘာသာဝင် အမတ်လောင်း ၃၀ ကျော်ခန့် ပါဝင်ကြောင်းသိရပါသည်။

လွှတ်တော် ကိုယ်စားလှယ်လောင်းများ အဖြစ် ရန်ကုန်တိုင်းတွင် (၇) ဦး၊ ရခိုင်ပြည်နယ်တွင် (၁၁)၊ စုစုပေါင်း (၁၈) ဦးတင်သွင်းခဲ့သည့်အနက် (၁၇) ဦးပယ်ချခံခဲ့ရသည့် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးပါတီမှ အထွေထွေ အတွင်းရေးမှူး ဦးဇော်မင်းက “ကျွန်တော်တို့ပါတီက ရန်ကုန်က တစ်ယောက်ပဲ ရွေးခံရတာပါ။ ကျန်တဲ့လူတွေကို ဘာကြောင့်ပယ်လဲဆိုတော့ သက်ဆိုင်ရာဒေသတွေမှာ လူမျိုးရေး မုန်းတီးမှုတွေနဲ့ ခွဲခြား ဆက်ဆံမှုတွေကြောင့်လို့ပဲ ကျွန်တော်ထင်ပါတယ်။”ဟု ၎င်း၏အမြင်ကို M-Media သို့ပြောခဲ့ပါသည်။

အဆိုပါ ပါတီမှ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် လွှတ်တော် ကိုယ်စားလှယ်လောင်းများသည် ၂၀၁၀ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ကိုယ်စားလှယ်လောင်း အများစုပါဝင်ကြောင်းလည်း သိရပါသည်။

အမျိုးသား ညီညွတ်ရေး ကွန်ဂရက်ပါတီမှလည်း ကိုယ်စားလှယ်လောင်း (၁၂) ဦးတင်သွင်းထားသော်လည်း (၆) ဦးသာ ရွေးကောက်ပွဲကော်မရှင်က လက်ခံခဲ့သည်။

အဆိုပါပါတီဌာနချုပ်မှ ဥပဒေတာဝန်ခံ ဦးရန်နိုင် (မြောင်းမြ) က “ကျွန်တော့်ကိုပယ်တော့ ဘာလို့လဲဆိုတော့ အယူခံဝင်တော့ ကျွန်တော့်အဖေရဲ့ မှတ်ပုံတင်ကို သံသယရှိလို့တဲ့။ ကျွန်တော့်အဖေမှတ်ပုံတင်က လ.ဝ.က  ကထုတ်ပေးလို့ရထားတာလေ။  နိုင်ငံသားဖြစ်မှုမှာ သံသယရှိတယ်လို့ပြောတယ်။ ဌာနဆိုင်ရာတစ်ခုက သတ်မှတ်ပေးထားတဲ့ ကတ်ကို ခရိုင်ကော်မရှင်က ဒီလိုပြောတာပါ။သူတို့အဲ့လိုပြောတော့ လ.ဝ.က ကိုစော်ကားသလိုပါပဲ။” ဟု ကိုယ်စားလောင်းပယ်ချခံရမှုနှင့် ပတ်သက်ပြီး M-Media ကိုပြောခဲ့သည်။

၎င်းကို လွှတ်တော်ကိုယ်စားလှယ်အဖြစ် ပယ်ချထားသည့် ပုဒ်မများသည် ၂၀၀၈ ဥပဒေတွင် ရပ်ဆိုင်းထားပြီးသား ဥပဒေများပါဝင်နေကြောင်းကိုလည်း ထောက်ပြပြောဆိုခဲ့သည်။

ကမန် အမျိုးသား တိုးတက်ရေးပါတီမှလည်း ရွေးကောက်ပွဲအတွက် လွှတ်တော်ကိုယ်စားလှယ်လောင်း (၄) ဦးယှဉ်ပြိုင်ရန် တင်သွင်းထားသော်လည်း ယခုချိန်ထိ အကြောင်းတစ်စုံ တစ်ရာ မပြန်သေးကြောင်း ယင်းပါတီမှ ပြန်ကြားရေးမှူးဖြစ်သူ ဦးသိန်းနိုင်က M-Media ကိုပြောခဲ့သည်။

၂၀၁၀ တုန်း က လက်ရှိ အာဏာရ ပြည်ထောင်စု ကြံ့ခိုင်ရေး နဲ့ ဖွံ့ဖြိုးရေး ပါတီ ရဲ ကိုယ်စားလှယ် အနေ နဲ့ ရွေးကောက်ပွဲ မှာ အနိုင်ရခဲ့တဲ့ လက်ရှိ အမျိုးသားလွှတ်တော်အမတ် ဦးရွှေမောင်ဟာ အခု ၂၀၁၅ မှာ တော့ တသီးပုဂ္ဂလ အမတ် ဘူးသီးတောင် မဲဆန္ဒနယ်မှ ဝင်ရောက် ဖို့ လျှောက်ထား ခဲ့ရာ ရွေးကောက်ပွဲ ကော်မရှင်က ပယ်ချခဲ့ကြောင်း သတင်းရရှိပါသည်။

ကမန် အမျိုးသား တိုးတက်ရေးပါတီ၊ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေး ဒီမိုကရက်တစ်ပါတီ၊ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးနှင့်ငြိမ်းချမ်းရေးပါတီ၊ ဒီမိုကရေစီနှင့်လူ့အခွင့်အရေးပါတီ၊ အမျိုးသားညီညွတ်ရေး ကွန်ဂရက်ပါတီ  တို့မှာ အစ္စလာမ်ဘာသာဝင်အများစုကို အခြေပြုပြီး ဖွဲ့စည်းထားခြင်းဖြစ်ကြောင်း သိရှိရပါသည်။

Leave a Reply