6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

စက်တင်ဘာ ၈၊ ၂၀၁၅
M-Media

us open

– အကြိတ်အနယ်ရှိလာခဲ့သည့် ယူအက်စ်အိုးပင်း တင်နစ်ပြိုင်ပွဲ စတုတ္ထအဆင့်ပွဲစဉ်များတွင် ဗြိတိန်နာမည်ကြီး တင်းနစ်သမား အန်ဒီမာရေးမှာ တောင်အာဖရိကမှ ကီဗင် အန်ဒါဆန်ကို ရှုံးနိမ့်ကာ ပြိုင်ပွဲမှ ထွက်ခဲ့ရသည်ဟု သိရသည်။

ယမန်နေ့က ကစားခဲ့သည့် ၎င်းတို့နှစ်ဦးပွဲမှာ အကြိတ်အနယ်ရှိခဲ့ပြီး ၄ နာရီနှင့် ၁၆ မိနစ် ကြာမြင့်ခဲ့သည်။ စပေးဘောတွင် နာမည်ကြီးသည့် အန်ဒါဆန်မှာ ပထမပွဲငယ်နှစ်ခုတွင် ၇-၆၊ ၆-၃ ဖြင့် မာရေးအား အနိုင်ကစားနိုင်ခဲ့သည်။

တတိယပွဲငယ်တွင် ကမ္ဘာ့အဆင့် ၃ မာရေးမှာ ၇-၆ ဖြင့် အနိုင်ရခဲ့သော်လည်း စတုတ္ထပွဲငယ်တွင် တိုင်းဘရိတ်အထိ ရိုက်ခဲ့ရကာ အန်ဒါဆန်က ၇-၆ ဖြင့် အနိုင်ရ၍ ကွာတားဖိုင်နယ်သို့ တက်ရောက်နိုင်ခဲ့သည်။ ကမ္ဘာ့အဆင့် ၁၄ သာရှိသည့် အန်ဒါဆန်မှာ ၎င်း၏အဆင့်ထက် ကျော်ကာ စွမ်းရည်ကောင်းများကို ပြသနိုင်ခဲ့ခြင်းလည်းဖြစ်သည်။

ထိုပွဲအရှုံးကြောင့် အန်ဒီမာရေးမှာ ပြိုင်ပွဲ ၁၉ ခုတွင် ကွာတားဖိုင်နယ်သို့ ဆက်တိုက် တက်ရောက်နိုင်ခြင်းနှင့် ဂရန်းစလမ် ပွဲများတွင် ပိုကောင်းသည့် မှတ်တမ်းတို့မှာ ရပ်တန့်သွားခဲ့ပြီဖြစ်သည်။ ထို့ပြင် ၅ နှစ်အတွင်း အဓိကပြိုင်ပွဲများ၌ ၎င်း၏ အဆိုးဝါးဆုံး မှတ်တမ်းဖြစ်ပြီး လွန်ခဲ့သည့် ၅ နှစ်ကလည်း ၀ါဝရင်ကာကို တတိယအဆင့်၌ ယခုကစားခဲ့သည့်ကွင်းတွင်ပင် အရှုံးပေးခဲ့ရသည်။

ဝင်ဘလ်ဒန်တင်းနစ်ပြိုင်ပွဲတွင် ဂျိုကိုဗစ်အား ပထမပွဲငယ် ၂ ခု၌ အနိုင်ကစားနိုင်ခဲ့သည့် အန်ဒါဆန်မှာ ၎င်း၏ ကစားသမား သက်တမ်းတစ်လျှောက် ဂရန်းစလ်ပြိုင်ပွဲတွင် ကွာတားဖိုင်နယ်သို့ ပထမဆုံး တက်ရောက်နိုင်ခဲ့ခြင်း ဖြစ်သည်။

အခြား စတုတ္ထအဆင့်ပွဲစဉ်တစ်ခုတွင် နိုင်ငံခြေအဆင့် ၅ ရ ပြင်သစ်အိုးပင်းချန်ပီယံ ၀ါဝရင်ကာမှာ အမေရိကန် တင်းနစ်သမား ဒေါ်နယ်ယန်းကို ၆-၄၊ ၁-၆၊ ၆-၃၊ ၆-၄ ဖြင့် အပြတ်အသတ်နိုင်ရခဲ့ကာ ကွာတားဖိုင်နယ်သို့ တက်ရောက်နိုင်ခဲ့သည်။ ယန်းမှာ လွန်ခဲ့သည့် ၄ နှစ်က ယူအက်စ်အိုးပင်း ဒုတိယအဆင့်တွင် ၀ါဝရင်ကာအား ဖြုတ်ချနိုင်ခဲ့ဖူးသည်။

ကမ္ဘာ့အဆင့် ၁ တင်းနစ်သမား နိုဗက်ဂျိုကိုဗစ်မှာ ရော်ဘက်တို ဘောတစ္စတာ အဂတ်ကို အနိုင်ကစားကာ ကွာတားဖိုင်နယ်သို့ တက်ရောက်ခဲ့ပြီး ဂရန်းစလမ်ပြိုင်ပွဲများတွင် ၂၆ ကြိမ်ဆက်တိုက် ကွာတားဖိုင်နယ်သို့ တက်ရောက်ခဲ့ခြင်းလည်း ဖြစ်သည်။ ကွာတားဖိုင်နယ်တွင် ဂျိုကိုဗစ်မှာ ဖီလီစီယာနို လိုပက်ဇ်နှင့် တွေ့ဆုံရမည်ဖြစ်သည်။

လက်ရှိ ယူအက်စ်အိုးပင်း ချန်ပီယံ မာရစ်စီလစ်ကလည်း ပြင်သစ်တင်းနင်းသမား ဂျယ်ရီမီ ချာဒီကို တနင်္ဂနွေနေ့က အနိုင်ကစားကာ ကွာတားဖိုင်နယ်သို့ တက်ရောက်နိုင်ခဲ့သည်။

Ref: Dailymail

Tags:

Leave a Reply