6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

စက်တင်ဘာ ၁၂၊ ၂၀၁၅
M-Media

japan

– ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက ဖြစ်ပွားခဲ့သည့် မိုးသည်းထန်စွာ ရွာသွန်းမှုနှင့် ရေကြီးမှုအတွင်း ဖူကူရှီးမား နျူးကလီးယား ဓာတ်အားပေးစက်ရုံမှ ရေဒီယိုသတ္တုကြွသည့် ပစ္စည်းများပါဝင်သော အိတ်ပေါင်း ၈၂ အိတ်မှာ ရေထဲသို့ မျောပါသွားခဲ့သည်ဟု ဂျပန်အာဏာပိုင်များက ပြောကြားလိုက်သည်။

ဂျပန် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ၀န်ကြီးဌာနက ယမန်နေ့တွင် ပြောကြားလိုက်ခြင်းဖြစ်ပြီး အဆိုပါ အိတ်များတွင် ရေဒီယိုသတ္တုကြွနေသော မြက်များနှင့် အခြား အဆိပ်အတောက်ဖြစ်စေမည့် ပစ္စည်းများ ပါဝင်သည်ဟုဆိုသည်။

ရေဒီယိုပစ္စည်းကြွသည့် ထိုပစ္စည်းများကို ၂၀၁၁ ခုနှစ်က ဖူကူရှီးမားဒါအီချီ နျူကလီးယားဓာတ်အားပေး စက်ရုံ ပျက်ဆီးမှု ဖြစ်ပွားခဲ့သည့်နေရာမှ စုဆောင်းထားခြင်းဖြစ်ပြီး၊ ဓာတ်အားပေးစက်ရုံအနီးတွင် စုစည်းထားခြင်းဖြစ်သည်။

နောက်ပိုင်းတွင် ထိုအိတ်များမှ အချို့ကို ပြန်လည် ဆယ်ယူရရှိခဲ့သည်ဟု ၀န်ကြီးဌာနက ထုတ်ပြန်ခဲ့သော်လည်း ဒေသတွင်း မီဒီယာတစ်ခုက အိတ် ၃၀ ခန့်သာ ပြန်ရခဲ့သည်ဟု ဖော်ပြခဲ့သည်။

တိုင်ဖုန်းမုန်တိုင်း အီတာအူကြောင့် ဂျပန်နိုင်ငံတစ်ဝှမ်း ဖြစ်ပေါ်ခဲ့သည့် မိုးသည်းထန်စွာ ရွာသွန်းမှုများမှာ ဖူကူရှီးမားစက်ရုံသို့ ထိခိုက်ခြင်းမရှိဟု ဂျပန်အာဏာပိုင်များက ပြောကြားခဲ့သည်။ သို့သော်လည်း အဆိုပါ ဓာတ်အားပေးစက်ရုံ၏ မိုးရေစွန့်ပစ်မြောင်းမှ ရေမှာ လျှံကာ ပစ္စည်းဖိတ်သမုဒ္ဒရာထဲသို့ ရောက်ရှိသွားခဲ့သည်ဟု သတင်းများက ဖော်ပြကြသည်။

ကက်ဘိနတ်အဖွဲ့၏ အတွင်းရေးမှူး ယိုရှီဒီ ဆူဂါကမူ သမုဒ္ဒရာထဲသို့ ရောက်ရှိသွားသည့် ရေမှ ဓာတ်ရောင်ခြည်အဆင့်မှာ ခွင်ပြုထားသည့်ပမာဏအောက်သာ ရှိသည်ဟု ယမန်နေ့တွင် ပြောကြားခဲ့သည်။

ဂျပန်နိုင်ငံတစ်ဝှမ်း ရေကြီးရေလျှံကာ မြေပြိုမှုများကြောင့် အစိုးရမှာ လူထောင်ပေါင်းများစွာကို ဘေးလွတ်ရာသို့ ပြောင်းရွှေ့ကယ်တင်ပေးခဲ့ရပြီး၊ ယခုအချိန်အထိ ၃ ဦးသေဆုံးခဲ့ကာ ၂၅ ဦးပျောက်ဆုံးနေသည်။

Ref: Press TV

Tags:

Leave a Reply