6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

(စက်တင်ဘာ ၂၄ ၊ ၂၀၁၅) (မြန်မာစံတော်ချိန်- ည ၈နာရီ ၃၀ မိနစ်)
M-Media
ဟာဂ်ျတွင် စုပြုံတိုးဝှေ့မှုကြောင့် သေဆုံးခဲ့ရသည့် ဟာဂျီများတွင် မြန်မာပြည်မှ (ယခု သတင်း တင်ချိန်ထိ) ၂၁ ဦး ပါဝင်ကြောင်း သိရှိရပါတယ်။
.
၎င်းတို့ ထဲတွင် Multi Points Company ဖြင့် သွားရောက်သူ ၂၀ ဦး ပါဝင်ကြောင်း ၄င်း ကုမ္ပဏီ မှ အတည်ပြုပြောကြားပါတယ်။
.
သေဆုံးများတွင် ယခုအချိန် ထိ နာမည် စုံစမ်းရရှိသည်မှာ
(ရန်ကုန်တိုင်း တာမွေမြို့နယ် ၊ တာမွေကြီး(က+ဂ) ရပ်ကွက်နေ ) မော်လဝီ ဦးကျော်သန်း ဖြစ်ပါတယ်။
.
သတင်းများ ရရှိလျင် ဆက်လက် update လုပ်ပေးပါမည်။

=================================

ဟဂ်ျ ခရီးစဉ်တွင် Multi Points Company ဖြင့် သွားရောက်သည့် မြန်မာ ဟာဂျီ သေဆုံး၊ပျောက်ဆုံးမှု စာရင်း ပြင်ဆင်ချက်
=======================================
စက်တင်ဘာ ၂၆ ၊ ၂၀၁၅
M-Media
သီဟ

ဟဂ်ျခရီးစဉ်တွင် စုပြုံတိုးဝှေ့မှုကြောင့် သေဆုံး၊ ပျောက်ဆုံးခဲ့ရသူများတွင် Multi Points Company အုပ်စုဖြင့် သွားရောက်ခဲ့သည့် မြန်မာဟာဂျီများ တွင် သေဆုံးသူ ၂ ယောက်ကိုသာ အတည်ပြုပြောကြားနိုင်ပြီး ပျောက်ဆုံးနေသူ ၁၀ ဦးကျော်ကို ဆက်လက်ရှာဖွေလျက် ရှိကြောင်း သိရှိရပါတယ်။ စက်တင်ဘာ ၂၅ ရက် မြန်မာစံတော်ချိန် ၁၂ နာရီ အချိန် ရရှိသော သတင်းဖြစ်ပါတယ်။
.
စက်တင်ဘာ ၂၄ ရက် မြန်မာစံတော်ချိန်- ည ၈နာရီ ၃၀ မိနစ်တွင် M-Media မှ ယင်း ကုမ္ပဏီ၏ တာဝန်ရှိသူ တစ်ဦး ပြောကြားချက်အရ Multi Points Company ဖြင့် သွားရောက်ခဲ့သည် မြန်မာဟာဂျီ ၂၀ သေဆုံးသူ စာရင်း၌ ပါဝင်ကြောင်း ရေးသားခဲ့ပါတယ်။ ယင်းစာရင်းအား ယခု သတင်းဖြင့် Update လုပ်ပြင်ဆင်ပါကြောင်း M-Media စာဖတ် ပရိတ်သတ်အား အသိပေးအပ် ပါတယ်။

သေဆုံးများတွင် ခွဲတမ်းဟဂ်ျ (အစိုးရမဲ ဟာဂျီ) ဖြင့် သွားရောက်သည့် (ရန်ကုန်တိုင်း တာမွေမြို့နယ် ၊ တာမွေကြီး(က+ဂ) ရပ်ကွက်နေ ) မော်လဝီ ဦးကျော်သန်း တစ်ဦး၏ နာမည်သာ သိရှိရသေးပြီး ကျန်စာရင်း အသေးစိတ် တင်ပြပေးနိုင်ရန် ကြိုးစားဆောင်ရွက်လျှက် ရှိပါတယ်။

စက်တင်ဘာ ၂၄ ရက်နေ့ ကြာသာပတေးနေ့က ဟဂ်ျ ခရီးစဉ်အတွင်း စုပြုံတိုးဝှေ့မှုကြောင့် ဟာဂျီပေါင်း ၇၁၉ ဦးသေဆုံးပြီး ၈၆၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဆော်ဒီ အစိုးရက သတင်းထုတ်ပြန်ထားပါတယ်။

Tags:

Leave a Reply