6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

အောက်တိုဘာ ၁၄၊ ၂၀၁၅
M-Media

pla

– ပါလက်စတိုင်းပိုင်နက်များ၌ မတည်ငြိမ်မှုများ ပြန့်နှံ့လာသည့်အချိန်တွင် အစ္စရေး လုံခြုံရေး ကက်ဘိနတ်က လုံခြုံရေး ဆောင်ရွက်မှုအသစ်များ ပြုလုပ်ရန် ယနေ့တွင် အတည်ပြုခဲ့ပြီး ၀န်ကြီးချုပ် နေတန်ယာဟုလည်း ရုန်းရင်းဆန်ခတ်မှုများ ထပ်မံ မဖြစ်ပွားစေရန်အတွက် “ပြင်းထန်သည့် ဆောင်ရွက်မှုများ” ပြုလုပ်သွားမည်ဟု ပြောကြားခဲ့သည်။

ထိုဆောင်ရွက်မှုများတွင် ပါလက်စတိုင်းပိုင် အနောက်ဘက်ကမ်းရှိ ဂျေရုစလင်မြို့ ဆင်ခြေဖုံးအား ပိတ်ပစ်နိုင်မည့် သို့မဟုတ် မြို့၏ အစိတ်အပိုင်းတစ်ချို့တွင် ကာဖျူးအမိန့်များ ထုတ်ပြန်နိုင်မည့် အခွင့်အာဏာကို ရဲတပ်ဖွဲ့အား ပေးခြင်းလည်း ပါဝင်မည်ဖြစ်သည်။

ထို့ပြင် ဂျေရုစလင်မြို့ရှိ သယ်ယူပို့ဆောင်ရေး ကွန်ယက်များတွင် အစ္စရေး လုံခြုံရေးတပ်ဖွဲ့ဝင်များ ပိုမိုချထားခြင်း၊ ရဲတပ်ဖွဲ့အား စစ်တပ်ဖြင့် စစ်ကူပေးခြင်း၊ အကြမ်းဖက်သမားများဟု ဆိုသည့် ပါလက်စတိုင်းများ၏ အိမ်များကို ဖြိုခြင်းနှင့် အမြဲတမ်းနေထိုင်ခွင့်ကို ပိတ်ပင်သွားခြင်းကိုလည်း အစ္စရေးက ဆောင်ရွက်ရန် ရှိနေသည်။

ဂျေရုစလင်ရှိ အလ်-အက်ဆွာ ဗလီဝတ်ကျောင်းတော်ကို အစ္စရေးစစ်တပ်နှင့် ဂျူးအစွန်းရောက်များက ပြီးခဲ့သည့်လအတွင်း ၀င်ရောက်စီးနင်းကာ ပါလက်စတိုင်း ၀တ်ပြုသူများကို တိုက်ခိုက်ခဲ့ပြီးနောက်ပိုင်း ပါလက်စတိုင်းများက ဆန္ဒပြခဲ့ကြကာ အနောက်ဖက်ကမ်းတွင် အစ္စရေးမှ ဆောက်လုပ်ထားသော တရားမ၀င်အိမ်ယာများ၌ နေထိုင်သူ ဂျူးများကို တိုက်ခိုက်မှုများလည်း ဖြစ်ပေါ်လာခဲ့သည်။

ပြီးခဲ့သည့် တစ်ပတ်အတွင်း ပါလက်စတိုင်းများနှင့် ဂျူးအများအကြား ဓားဖြင့် အပြန်အလှန် တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ပြီး အနည်းဆုံး ဂျူး ၄ ဦး သေဆုံးခဲ့သည်။ အစ္စရေးစစ်တပ်၏ ပစ်သတ်မှုကြောင့် ယမန်နေ့ကအထိ ပါလက်စတိုင်း ၃၀ သေဆုံးခဲ့ကာ ရာနှင့်ချီ၍ ဒဏ်ရာရရှိခဲ့သည်။

Ref: Aljazeera

Tags:

Leave a Reply