အောက်တိုဘာ ၁၄၊ ၂၀၁၅
M-Media
– မိမိအနေဖြင့် ရီးယဲလ်မှ ထွက်ခွာရန် အစီအစဉ်မရှိဘဲ ဂိုးများဆက်သွင်းကာ အသက် ၃၆ နှစ်အထိ ကစားပြီးမှ အနားယူမည်ဟု တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်ဒိုက ပြောကြားလိုက်သည်။
အသက် ၃၀ အရွယ် ရှိပြီဖြစ်သည့် ရော်နယ်ဒိုမှာ မကြာသေးမီကမှ ဂန္တ၀င်တိုက်စစ်မှူးဟောင်း ရာအူးလ်၏ ၃၂၃ ဂိုး စံချိန်ကို ကျော်ဖြတ်ကာ ရီးယဲလ်၏ ဂိုးအများဆုံးသွင်းသော တိုက်စစ်မှူး ဖြစ်လာခဲ့သည်။ လက်ရှိအချိန်တွင် ၎င်းမှာ အသင်းဟောင်း မန်ယူ၊ သို့မဟုတ် ပီအက်စ်ဂျီသို့ ပြောင်းရွှေ့တော့မည်ဟု ကောလဟာလများ ထွက်ပေါ်နေသည်။
“ကျွန်တော့်ရဲ့အိပ်မက်က ရီးယဲလ်မှာ အနားယူဖို့ပါ။ ကိုယ့်ကိုယ်ကို ကောင်းကောင်းဂရုစိုက်မယ်ဆိုရင် အသက် ၄၀ လောက်အထိကို ကစားနိုင်ပါတယ်။ ကျွန်တော်ကတော့ နောက်ထပ် ၅ နှစ် ၆ နှစ်လောက် ဆက်ကစားချင်ပါသေးတယ်။ ဒီလိုပွဲအရေအတွက် ကစားပြီး ဒီလိုဂိုးတွေ ဆက်သွင်းဖို့လည်း စီစဉ်ထားပါတယ်။ ရီးယဲလ်မှာကစားရတာ ပျော်ရွှင်မိပြီး အကျိုးကျေးဇူးလည်း ရရှိပါတယ်။ ဒီမှာ ကျွန်တော် ဆက်ပြီး ဖလားတွေ ယူချင်ပါတယ်” ဟု ရော်နယ်ဒိုက ပြောကြားခဲ့သည်။
Ref: Goal
Comments