6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

အောက်တိုဘာ ၁၅၊ ၂၀၁၅
M-Media

pla

– ပါလက်စတိုင်းပိုင်နက်တွင် ၂ ပတ်တာ မငြိမ်မသက်မှုများ ဖြစ်ပွားပြီးနောက် ယမန်နေ့တွင်လည်း အစ္စရေးက ပါလက်စတိုင်းနှစ်ဦးကို ပစ်သတ်ခဲ့ပြီး စုစုပေါင်း သေဆုံးသူ ပါလက်စတိုင်းအရေအတွက်မှာ အနည်းဆုံး ၃၂ ဦးအထိ ရှိလာပြီဖြစ်သည်။

ဂျေရုစလင်ရှိ ဒမတ်စကတ်ဝင်ပေါက်တွေင် ဟီဘရွန်မှ အသက် ၂၀ အရွယ် ပါလက်စတိုင်းတစ်ဦးကို အစ္စရေးရဲတပ်ဖွဲ့က မွန်းလွဲပိုင်းတွင် ပစ်သတ်ခဲ့ပြီး လုံခြုံရေးအတွက် ရှာဖွမှုပြုလုပ်ရန် သွားရောက်စဉ် ဓားဖြင့်တိုက်ခိုက်ခြင်းကြောင့် ပစ်ခတ်ခဲ့ရခြင်းဟု ပြောကြားခဲ့သည်။ညနေပိုင်းတွင်မူ တိုက်ခိုက်သူဟု ယူဆရသူ အသက် ၂၃ နှစ်အရွယ်ရှိ ပါလက်စတိုင်းတစ်ဦးကို အနောက်ဂျေရုစလင်တွင် အစ္စရေးရဲတပ်ဖွဲ့က ထပ်မံပစ်သတ်ခဲ့သည်။

မတည်ငြိမ်မှုများ ဖြစ်ပွားပြီးနောက် ပထမဆုံးအကြိမ်အဖြစ် ပါလက်စတိုင်းသမ္မတ မဟ်မူးဒ်အဘတ်စ်မှာ ယမန်နေ့က ရုပ်သံမှတစ်ဆင့် မိန့်ခွန်းပြောကြားခဲ့ပြီး အစ္စရေးကို ဆန့်ကျင်သည့် ငြိမ်းချမ်းစွာဆန္ဒပြမှုကိုသာ ထောက်ခံသည်ဟု ပြောကြားခဲ့သည်။

မငြိမ်သက်မှုများကို ထိန်းသိမ်းရန်အတွက် အစ္စရေးက ပိတ်ဆို့ထားသည့် အရှေ့ဂျေရုစလင်တွင် ငြိမ်းချမ်းရေးတပ်များ ချထားရေး ကုလက စဉ်းစားပေးရန် ပါလက်စတိုင်းပြည်သူများက ဆန္ဒရှိနေသည်ဟု ကုလဆိုင်ရာ ပါလက်စတိုင်း ကိုယ်စားလှယ် ရီယဒ်မန်ဆူရ်က ဆိုသည်။

ယမန်နေ့က သတင်းထောက်များအား ပြောကြားရာတွင် မန်ဆူရ်က အစ္စရေးနှင့် ပါလက်စတိုင်းများအကြား ရုန်းရင်းဆန်ခတ်ဖြစ်မှုများကို လျော့ပါးစေရန် ရည်ရွယ်သော ဆုံးဖြတ်မူကြမ်းတွင် ထိုအဆိုပြုချက်လည်း ပါဝင်သည်ဟု ပြောကြားခဲ့သည်။

ထို့ပြင် အခြေအနေမှာ ပေါက်ကွဲလွယ်နေပြီး လုံခြုံရေးကောင်စီအနေဖြင့် ပါလက်စတိုင်းများကို ကာကွယ်ပေးရေး နည်းလမ်းများကို မဖြစ်မနေ ရှာဖွေရမည်ဟုလည်း ထည့်သွင်းပြောကြားခဲ့သည်။

“ဂျေရုစလင်မြို့ဟောင်းကစပြီး အလ်-အက်ဆွာဗလီအထိ အစ္စရေးက သိမ်းပိုက်ထားတဲ့ (ပါလက်စတိုင်း) ပိုင်နက်တွေမှာ ကျွန်တော်တို့ပြည်သူတွေကို ကာကွယ်မှုတွေ အလျင်အမြန် လုပ်ပေးရမယ့် အခြေအနေမျိုး ဖြစ်နေပါတယ်” ဟု မန်ဆူရ်က ပြောကြားခဲ့သည်။

ဆိုးရွားလာသည့် ထိုအခြေအနေအတွက် လုံခြုံရေးကောင်စီ အရေးပေါ်အစည်းဝေးခေါ်ရေး တိုက်တွန်းရန် အာရပ်နိုင်ငံများမှ သံတမန်များမှာ ယနေ့တွင် ကုလ၌ တွေ့ဆုံရန်ရှိနေသည်။

Ref: AFP

Tags:

Leave a Reply