အောက်တိုဘာ ၁၇၊ ၂၀၁၅
M-Media
– ဒီဇယ်ကားများတွင် ကာဘွန်ထုတ်လွှတ်မှု လိမ်ညာခဲ့ခြင်းအတွက် ထိခိုက်ခဲ့ရသည့် ဘက်ဂျက်များကို ကာမိစေရန် အစီအစဉ်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အလုပ်သမားများ ယာယီလျော့ချသွားရန် စဉ်စားနေသည်ဟု နာမည်ကြီး ဗောက်စ်ဝဂွန် ကားထုတ်လုပ်ရေး၏ အလုပ်သမားများကောင်စီမှ ယနေ့တွင် ပြောကြားလိုက်သည်။
ထိုကဲ့သို့ အလုပ်သမားလျော့ချမှုမှာလည်း အလုပ်ချိန် လျော့ပေါ့ခိုင်းစေခြင်းသာ ဖြစ်မည်ဖြစ်ပြီး အလုတ်ထုတ်မပစ်ရမည့် အခြားနည်းလမ်းများကိုလည်း မိမိတို့က ရှာဖွေနေကြောင်း ကုမ္ပဏီမှ ထုတ်ပြန်သော ကြေငြာချက်တွင် ဖော်ပြထားသည်။
ကာဗွန်ထုတ်လုပ်မှု လျော့နည်းစေရန် ဓာတ်ခွဲခန်းစမ်းသပ်မှုတွင် ဒီဇယ်ကားများ၌ ဆော့ဖ်ဝဲသုံး၍ လိမ်လည်မှုကြောင့် ဗောက်စ်ဝဂွန်မှာ ပြီးခဲ့သည့် သီတင်းပတ်များအတွင်း ပြဿနာများနှင့် ရင်ဆိုင်ခဲ့ရပြီး လေ့လာဆန်းစစ်သူ အချို့ကမူ ထိုကားများကို ပြင်ဆင်ရန်၊ လိမ်လည်မှုအတွင် တရားဆိုင်ရန်နှင့် ဒဏ်ငွေဆောင်ရန်တို့ အားလုံးပေါင်းပါက ကုမ္ပဏီမှာ ယူရို ၃၅ ဘီလီယံ (ကန်ဒေါ်လာ ဘီလီယံ ၄၀) ခန့် သုံးစွဲရမည်ဟု ဆိုသည်။
Ref: Reuters
Comments