အောက်တိုဘာ ၂၄၊ ၂၀၁၅
M-Media
– နိုင်ငံအတွင်း လက်ရှိဖြစ်ပွာနေသော တောမီးလောင်မှုနှင့် မီးခိုးများဖုံးလွှမ်းမှုအတွက် နိုင်ငံလုံးဆိုင်ရာ အရေးပေါ်အခြေအနေ ကြေငြာရမည်လားဆိုသည်ကို အင်ဒိုနီးရှားက မကြာခင် ဆုံးဖြတ်သွားမည်ဟု နိုင်ငံရေး၊ ဥပဒေနှင့် လုံခြုံရေးဆိုင်ရာ ၀န်ကြီး လူဟတ် ပန်ဂျိုင်တန်က ယမန်နေ့တွင် ပြောကြားလိုက်သည်။
“ကျွန်တော်တို့ရဲ့ ဆောင်ရွက်မှုတွေဟာ နိုင်ငံလုံးဆိုင်ရာ အရေးပေါ်အခြေအနေ အဆင့်မျိုး ဖြစ်နေပါတယ်။ ဘာ့ကြောင့်လည်းဆိုတော့ လူတွေက ထပ်ပြီး မစောင့်နိုင်တော့ဘူးဆိုတာ ကျွန်တော်တို့ သိလို့ပါ။ စစ်ရေယာဉ်တွေနဲ့ နိုင်ငံတော်ပိုင် သင်္ဘောတွေကို ဆူးမားတြားနဲ့ ကလီမန်တန်တို့မှာ ယာယီ ကယ်ဆယ်ရေးစခန်းအဖြစ် အသုံးပြုဖို့ ကျွန်တော်တို့ စီစဉ်ပြီးပါပြီ” ဟု လူဟတ်က ပြောကြားခဲ့သည်။
လနှင့်ချီ၍ ကြာနေပြီဖြစ်သော အဆိုပါတောမီးကို ငြှိမ်းသက်ရန်အတွက် အင်ဒိုနီးရှားမှာ ယခုလအစောပိုင်းက စင်ကာပူ မလေးရှားနှင့် ရုရှားတို့အပါအ၀င် နိုင်ငံအများအပြားကို ကူညီရန် မေတ္တာရပ်ခံခဲ့သည်။ သို့သော်လည်း တောမီးအား ထိန်းချုပ်ရာတွင် အောင်မြင်မှု မရခဲ့ပေ။ ထိုတောမီးကြောင့် အိမ်နီးချင်း မလေးရှားနှင့် စင်ကာပူတို့တွင်လည်း မီးခိုးများ ဖုံးလွှမ်းနေပြီး ကျန်းမာရေးထိခိုက်နိုင်သည့် အခြေအနမျိုး ဖြစ်နေသည်။
Ref: Channelnewsasia
Comments