6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

အောက်တိုဘာ ၃၁၊ ၂၀၁၅
M-Media

tinnes

– စင်ကာပူနိုင်ငံ၌ ကျင်းပပြုလုပ်နေသည့် WTA Finals အမျိုးသမီး တင်းနစ်ပြိုင်ပွဲတွင် အဖြူရောင်အုပ်စုမှ ဂါဘိုင်း မူဂူရူဇာနှင့် ပီထရာ ကဗီတိုဗာတို့မှာ ဆီမီးဖိုင်နယ်သို့ တက်ရောက်သွားခဲ့ပြီဟု သိရသည်။

ယမန်နေ့က ကစားခဲ့သည့် အုပ်စုနောက်ဆုံးပွဲတွင် မူဂူရူဇာမှာ ကဗီတိုဗာကို ခက်ခက်ခဲခဲကစားကာ ၆-၄၊ ၄-၆၊ ၇-၅ ဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။ စပိန်တင်းနစ်မယ်ဖြစ်သူ သူမမှာ ကမ္ဘာ့ ထိပ်ဆုံးတင်းနစ်မယ် ၈ ဦးသာ ၀င်ရောက်ယှဉ်ပြိုင်ရသည့် WTA Finals ပွဲတွင် ယခုနှစ်မှ ၀င်ရောက်ယှဉ်ပြိုင်ခွင့်ရခြင်းဖြစ်ပြီး ဆီမီးဖိုင်နယ်တွင် ပိုလန်တင်းနစ်မယ် ရဒ်ဝမ်စကာနှင့် တွေ့ဆုံရမည်ဖြစ်သည်။

ဂျာမနီ နာမည်ကြီး အိန်ဂျလီက် ကာရ်ဘာရ်မှာ ပွဲငယ် ၁ ပွဲနိုင်ရုံမျှဖြင့် နောက်တစ်ဆင့်သို့ တက်ရောက်နိုင်မည်ဖြစ်သော်လည်း လူစီ ဆာဖာရိုဗာအား ၆-၄၊ ၆-၃ ဖြင့် ရှုံးနိမ့်ကာ ပြိုင်ပွဲမှ ထွက်ခဲ့ရသည်။ ကာရ်ဘာရ်အရှုံးကြောင့် ကဗီတိုဗာမှာ အဖြူရောင်အုပ်စုတွင် ဒုတိယရကာ ဆီမီးဖိုင်နယ်သို့ တက်ရောက်သွားနိုင်ခဲ့ပြီး ရုရှားမှ ရှာရာပိုဗာနှင့် တွေ့ဆုံရမည်ဖြစ်သည်။

Ref: Daiilymail

Tags:

Leave a Reply