နိုဝင်ဘာ ၆၊ ၂၀၁၅
M-Media
– ဘရာဇီးလ်နိုင်ငံ အရှေ့တောင်ပိုင်း မာရီယာနာမြို့ရှိ မိုင်းတွင်းတစ်ခုတွင် ယမန်နေ့က ရေဆိုးများ သိုလှောင်ထားသည့် တမံတစ်ခု ပေါက်ကွဲကျိုးကျမှုကြောင့် အနီးရှိမြို့များတွင်ပါ ရေကြီးရေလျှံခြင်းနှင့် မြေပြိုမှုများ ဖြစ်ပွားခဲ့ပြီး အနည်းဆုံ လူ ၁ ဦး သေဆုံးခဲ့ကာ ဒါဇင်နှင့်ချီ၍ ပျောက်ဆုံးနေသည်ဟု သတင်းများက ဖော်ပြကြသည်။
အာဏာပိုင်များကမူ ထိခိုက်ဒဏ်ရာရမှု စာရင်းကို အတည်မပြုရသေးဘဲ ရှာဖွေကယ်ဆယ်မှုများကို ဆက်လက်ပြုလုပ်နေသည်ဟု ပြောကြားခဲ့သည်။ စစ်တပ်ကလည်း ကယ်ဆယ်ရေးလုပ်ငန်းများကို လုပ်ဆောင်ပေးရန် အဆင်သင့်ရှိနေပြီး မာရီယာနာမြို့တွင် လူပေါင်း ၆၀၀ ခန့်ကို ဘေးလွတ်ရာ ကုန်းမြင့်ပိုင်းသို့ ပို့ဆောင်ပေးထားသည်။
မိုင်းတွင်း ကုမ္ပဏီဖြစ်သည့် Samarco က ထုတ်ပြန်သော ကြေငြာချက်တွင် အဆိုပါတမံမှာ အဘယ့်ကြောင့် ပေါက်ကွဲ ကျိုးကြရခြင်းနှင့် ပျက်စီးဆုံးရှုံးမှု ပမာဏ မည်မျှရှိနေသည်ကို မသိရှိရသေးကြောင်း ဖော်ပြထားသည်။ တမံတွင်သိုလှောင်ထားသည့် ရေများမှာ သတ္တုသန့်စင်ရာတွင် အသုံးပြုထားသည့် ရေဆိုးများ၊ ဓာတုဗေဒပါဝင်သည့် ရေများ ဖြစ်သည်။
Ref: Aljazeera
Comments