နိုဝင်ဘာ ၁၄၊ ၂၀၁၅
M-Media
– အင်္ဂလန်နှင့်ပွဲ မိမိတို့၏ ခြေစွမ်းက ပြီးခဲ့သည့်နှစ် ကမ္ဘာ့ဖလား စိတ်ပျက်ဖွယ်အရှုံးမှ ရုန်းထွက်လာမှုကို ပြသခဲ့ခြင်းဖြစ်ပြီး ထိုခြေစွမ်းဖြင့် မိမိတို့မှာ မည်သည့်အသင်းကိုမဆို အနိုင်ကစားနိုင်သည်ဟု ကွင်းလယ်လူ ဖာဘရီဂက်စ်က ပြောကြားလိုက်သည်။
ယူရိုခြေစစ်ပွဲတွင် ရာနှုန်းဖြင့်အနိုင်ဖြင့် ခြေစွမ်းပြနေသည့် အင်္ဂလန်ကို မာရီယို ဂက်စ်ပါနှင့် ဆန်တီကာဇိုလာတို့၏ ဂိုးများဖြင့် စပိန်က အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။ စပိန်မှာ ပြီးခဲ့သည့် ဘရာဇီးလ် ကမ္ဘာဖလားတွင် တစ်ပွဲသာ အနိုင်ရကာ အုပ်စုအဆင့်မှ ထွက်ခဲ့ရပြီး ချန်ပီယံကာကွယ်သည့် အသင်းများ၏ အဆိုးဆုံးမှတ်တမ်းတွင် ၀င်ခဲ့သည်။ နောက်ပိုင်း ကစားခဲ့သည့် ပွဲများတွင်လည်း ခြေစွမ်းပြနိုင်ဘဲ အရှုံးများနှင့်သာ ရင်ဆိုင်ရသောကြောင့် စပိန်အသင်းမှာ ဝေဖန်မှုများကို ခံခဲ့ရသည်။
“ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားမှာ ကျွန်တော်တို့ ပျောက်ဆုံးခဲ့တဲ့ အရာတွေကို ပြန်ရခဲ့ပါပြီ။ ဒီနေ့ညမှာတော့ ကျွန်တော်တို့ဟာ ဘယ်အသင်းကိုမဆို အနိုင်ကစားနိုင်တယ်ဆိုတာ သက်သေပြနိုင်ခဲ့ပါတယ်။ ဘာ့ကြောင့်လည်းဆိုတော့ အင်္ဂလန်ဟာ အရည်အသွေးမြင့် ကစားသမားတွေ အပြည့်ရှိတဲ့ အသင်းကောင်းတစ်သင်း ဖြစ်လို့ပါပဲ။ သူတို့နဲ့ပွဲမှာ ကစားခဲ့တဲ့ အသင်းရဲ့ပုံစံဟာ
ချီးကျူးစရာကောင်းတယ်ဆိုတာကို ပြသနေပါတယ်” ဟု ဖာဘရီဂက်စ်က ပြောကြားခဲ့သည်။
Ref: Goal
Comments