6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

နိုဝင်ဘာ ၂၂၊ ၂၀၁၅
M-Media

crema

– ကျွန်းဆွယ်တစ်ဝှမ်းတွင် ဓာတ်အား သယ်ဆောင် ဖြန့်ဖြူပေးသည့် ဧရာမ ဓာတ်တိုင်ကြီးများ ပေါက်ကွဲမှုကြောင့် ခရိုင်းမီးယားကျွန်းဆွယ်တွင် အရေးပေါ်အခြေအနေ ကြေငြာခဲ့ရပြီး လူပေါင်း ၂ သန်းခန့်မှာ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုနှင့် ရင်ဆိုင်နေရသည်ဟု ရုရှားအစိုးရက ပြောကြားလိုက်သည်။

ရုရှားမီဒီယာများကမူ ခရိုင်းမီးယားမြောက်ဘက် ယူကရိန်းရှိ ခါရ်ဆန်ဒေသမှ ဓာတ်တိုင်ကြီးနှစ်ခုကို ယူကရိန်း အမျိုးသားရေးဝါဒီများက ဖောက်ခွဲဖျက်ဆီးလိုက်ခြင်းကြောင့် ထိုကဲ့သို့ ဓာတ်အား ပြတ်တောက်ခဲ့ခြင်းဟု ဖော်ပြခဲ့သည်။ ယူကရိန်း နိုင်ငံပိုင် စွမ်းအင်ကုမ္ပဏီကလည်း အဆိုပါ ဓာတ်တိုင်ကြီးများမှာ ဗုံးဆံ သို့မဟုတ် ဖောက်ခွဲရေးပစ္စည်းကြောင့် ပျက်ဆီးသွားခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

ရုရှားစွမ်းအင်ဝန်ကြီးဌာနကမူ မိမိတို့မှာ အရေးပေါ် ထောက်ပံ့မှုများကို လုပ်ဆောင်ပေးနေပြီး ဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားပေးစက် ၁၃ ခုကိုလည်း ချထားရန် ပြင်ဆင်နေသည်ဟု ဆိုသည်။ ပေါက်ကွဲသွားသော ဓာတ်အားတိုင်များမှာ ယူကရိန်းအမျိုးသားရေး လှုပ်ရှားသူများနှင့် ရဲတပ်ဖွဲ့ဝင်များအကြား တိုက်ခိုက်မှုများ ဖြစ်ပွားနေသည့် နေရာတွင် ရှိနေသည်။ ယူကရိန်းပိုင် ခရိုင်းမီးယားကျွန်းဆွယ်ကို ရုရှားက ပြီးခဲ့သည့်နှစ်အတွင်း သိမ်းပိုက်ခဲ့သည်။

Ref: Aljazeera

Tags:

Leave a Reply