နိုဝင်ဘာ ၃၀၊ ၂၀၁၅
M-Media
– ၂၀၂၄ ခုနှစ် နွေရာသီအိုလံပစ်ပြိုင်ပွဲ ကျင်းပရန် အစီအစဉ်အား ဂျာမနီနိုင်ငံမြောက်ပိုင်း ဟမ်းဘာ့ဂ်မြို့ရှိ ပြည်သူများက ပြည်သူ့ဆန္ဒခံယူပွဲ ကျင်းပပြုလုပ်ကာ ငြင်းပယ်ခဲ့သည်ဟု သိရသည်။
ယမန်နေ့က ပြုလုပ်ခဲ့သည့် အဆိုပါ ဆန္ဒခံယူပွဲတွင် မဲပေးသူပေါင်း ၆၅၀၀၀၀ အနက်မှ ၅၂ ရာခိုင်နှုန်းခန့်က ထိုအစီအစဉ်ကို ကန့်ကွက်မဲ ပေးခဲ့ကြသောကြောင့် ဒေါ်လာ ဘီလီယံပေါင်းများစွာ ကုန်ကျမည့် စီမံကိန်းတစ်ခု အဆုံးသတ်သွားပြီဖြစ်သည်။
ဂျာမနီက ထိုကဲ့သို့ ပယ်ချခဲ့သောကြောင့် ၂၀၂၄ နွေရာသီအိုလံပစ်ပြိုင်ပွဲ အိမ်ရှင်အဖြစ် ကျင်းပခွင့်ရရေးအတွက် လော့စ်အိန်ဂျလိစ်၊ ဘူဒါပက်စ်၊ ရောမနှင့် ပဲရစ်မြို့တို့က ဆက်လက်ယှဉ်ပြိုင်ရမည် ဖြစ်သည်။
အိမ်ရှင်အဖြစ်လက်ခံကျင်းပခွင့်ရရေး ကြိုးပမ်းသည့်အဖွဲ့မှ စီအီးအိုဖြစ်သူ နီကိုလက်စ်ဟီးလ်က မိမိအနေဖြင့် မတူညီသော အဖြေကို မျှော်လင့်ခဲ့သော်လည်း ဖြစ်မလာခဲ့ဘဲ ပြည်သူများ၏ သဘောထားကို အလေးထားသွားမည်ဟု ပြောကြားခဲ့သည်။
အိုလံပစ် အားကစားပြိုင်ပွဲကို ကျင်းပပြုလုပ်ရန် ဟမ်းဘာ့ဂ်ပြည်သူများ၏ ယခု ပယ်ချမှုမှာ ဂျာမနီတွင် ဒုတိယအကြိမ်မြောက်ဖြစ်ပြီး ယခင်က ၂၀၂၂ ခုနှစ် ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲ ကျင်းပရန် အစီအစဉ်ကိုလည်း မြူးနစ်မြို့ ပြည်သူများက ပယ်ချခဲ့ဖူးသည်။
Ref: Aljazeera
Comments