နိုဝင်ဘာ ၃၀၊ ၂၀၁၅
M-Media
ဂျက်ဖရီ တင်အုန်းပေးပို့သည်။
ရန်ကုန်တိုင်း သင်္ကန်ကျွန်းမြို့နယ်တွင် ရပ်ကွက်ပေါင်း ၃၈ ရပ်ကွက် ရှိပါတယ် ထို ရပ်ကွက်များအနက် (ခ)ရပ်ကွက်မှာ တမူထူးခြားသော ယဉ်ကျေးမှု့အစဉ်အလာကောင်းလေးတစ်ခု မြင်ခဲ့ရပါတယ်။
၎င်းမှာ ပဉ္စမအကြိမ် ( ခ )ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရပ်ကွက် ဓမ္မာရုံလူငယ်များဦးဆောင် ကျင်းပပြုလုပ်သော နိဗ္ဗာန်ဈေးပွဲတော်လေးတွင် ဗုဒ္ဓဘာသာဝင်၊ အစ္စလမ်ဘာသာဝင်၊ ခရစ်ယာန်ဘာသာဝင်၊ ဟိန္ဒူဘာသာဝင် စတဲ့ ဘာသာပေါင်းစုံ လူမျိုးပေါင်းစုံ ပါဝင်သော ဘာသာပေါင်းစုံညီညွတ်ရေးကို သက်သေပြသည့်( ခ) ရပ်ကွက် နိဗ္ဗာန်ဈေးပွဲတော်လေးတခု ကျင်းပနေတဲ့ မြင်ကွင်းလေးပဲဖြစ်ပါတယ်။
မတူကွဲပြားသော ဘာသာဝင်များ နှစ်ပေါင်းများစွာ အေးအတူပူအမျှ အတူတကူနေထိုင်နေကြသော ထိုရပ်ကွက်လေးထဲတွင် ကိုးကွယ်ရာဘာသာဝင်ကို ကိုယ်စားပြုသည့် ဓမ္မာရုံတစ်ခု ဗလီဝတ်ကျောင်းတော်တစ်ခု
ရိုမန်ကက်သလစ် ခရစ်ယာန်ဘုရားကျောင်း တစ်ခု နှင့်ဟိန္ဒူဘုရားကျောင်းတစ်ခု စသည့် ဘာသာ ၄ ခုကို ကိုယ်စားပြုသည့် ဘာသာရေးအထိမ်းအမှတ် အဆောက်အဦး ၄ ခုတို့ ယနေ့တိုင် ထိုရပ်ကွက်လေးထဲတွင် တည်ရှိလျက်ရှိပါတယ်။
ဘာသာပေါင်းစုံ လူမျိုးပေါင်းစုံ ညီညွတ်ရေးအစဉ်အလာကောင်းကို သမိုင်းမော်ကွန်းတင်ကာ လက်တွေ့အကောင်အထည်ဖော်နေသော အများနှင့်မတူ တမူထူးခြားသော စံပြရပ်ကွက်လေးတစ်ခုပင်ဖြစ်တယ်ဆိုတာကို ကိုယ်တိုင် လက်တွေ့မျက်မြင်ကြုံတွေ့ခဲ့ရကြောင်း ပြန်လည်ပြီး ဝေမျှလိုက်ရပါတယ်။
Comments