6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဒီဇင်ဘာ ၂၊ ၂၀၁၅
M-Media

syria

– ဆီးရီးယားနိုင်ငံတွင် စစ်ဘေးဒဏ်ခံနေရသော ကလေးငယ်များ ပညာသင်ကြားရေးအတွက် ဆော်ဒီအာရေဗျက ဒေါ်လာ ၅ သန်း လှူဒါန်းခဲ့သည်ဟု သိရသည်။

အဆိုပါအစီအစဉ်အတွက် ယူနီဆက်ဖ်နှင့် ဆော်ဒီတိုးတက်ရေး ရံပုံငွေအဖွဲ့ (SFD) တို့အကြား နားလည်မှုစာချွန်လွှာ(MOU) ကို ပြီးခဲ့သည့်တစ်ပတ်က လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။ စာချွန်လွှာအရ ရံပုံငွေများကို မူလတန်းတွင် ပညာသင်ကြားနေသော စစ်ဘေးသင့် ကလေးငယ်များအတွက် အသုံးပြုမည် ဖြစ်သည်။

အဆိုပါ ပညာရေးတိုးမြှင့်မှု စီမံကိန်းသည် ပညာရေးအဆောက်အအုံများနှင့် ဆက်စပ်နေသော ကလေးငယ် ၆ သောင်းကျော်၊ ဆရာ၊ ဆရာမ ၂၄၀၀ ဦး၊ ၀န်ထမ်း ၁၀၀ ၀န်းကျင်ခန့်တို့ အကျိုးခံစားရမည်ဖြစ်သည်။

ဆော်ဒီတိုးတက်ရေးရံပုံငွေအဖွဲ့ (SFD) နှင့် ပူးပေါင်းဆောင်ရွက်နေသည့် ယူနီဆက်ဖ်က ထပ်မံကူညီမှုများဖြင့် ပညာရေးဏ္ဍတွင် ပြန်လည်ထောင်မတ်လာစေရန် ရည်ရွယ်သည်။

‘အင်မတန်ကြပ်တည်းနေတဲ့အချိန်မျိုးမှာ ဆော်ဒီအာရေးဗျကနေ ထောက်ပံ့ကူညီမှုတွေ ရောက်လာတဲ့အတွက် အလွန်ပဲဝမ်းသာပျော်ရွှင်မိပါတယ်။’ ဟု ယူနီဆက်ဖ်ကိုစားလှယ် အီဘရာဟင် အလ်ဇစ်က ပြောကြားခဲ့သည်။

ဆော်ဒီနိုင်ငံသည် ပဋိပက္ခနှင့် သဘောဝဘေးအန္တရာယ်များ ကြုံတွေ့နေရသော နိုင်ငံအတော်များများကို လူသားချင်းစာနာထောက်ထားမှုအကူအညီများ ပေးအပ်နေသသည့် နိုင်ငံဖြစ်သည်။ ယီမင်သို့လည်း လွန်ခဲ့သည့် ငါးနှစ်အတွင်း ဒေါ်လာ ၃ ဘီလီယံ ကျော် အကူအညီများ ပေးအပ်ခဲ့ပြီး၊ ဆော်ဒီ၏ ဘဏ္ဍာရေးခွဲဝေမှု ကတိပြုမှုမှ ၉၃ ရာနှုန်းကျော် ရှိပြီဖြစ်သည်။

SDF သည် ယီမင်တွင် အထင်ရှားဆုံးသော ထောက်ပံ့ရေးအဖွဲ့ဖြစ်ပြီး ချေးငွေများကို ပေးအပ်ခြင်း၊ ကဏ္ဍအသီးသီးတွင် ၀င်ရောက်ကြီးကြပ်ပေးခြင်း၊ အထူးသဖြင့် ကျန်းမာရေး၊ ပညာရေး၊ လမ်းပန်းဆက်သွယ်ရေးနှင့် သောက်သုံးရေများတွင် ဖြစ်သည်။

ဤဖွံ့ဖြိုးရေးစီမံကိန်းများသည် ယီမင်အစိုးရအဖွဲ့ကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ အကျိုးဖြစ်ထွန်းစေသည်။
ဆော်ဒီသည် ယီမင်နှင့် နှစ်နိုင်ငံအကြား သမိုင်းကြောင်းဆက်နွယ်မှုများ အခိုင်အမာရှိနေသည့်အတွက် ညီအကိုရင်းပမာ ထောက်ပံ့ကူညီများ ပြုလုပ်ပေးပြီး ယီမင်တွင် အေးချမ်းတည်ငြိမ်မှုများရရှိရန်လည်း ရည်ရွယ်သည်ဟု ဆော်ဒီက ထုတ်ပြန်သည့် ကြေငြာချက်တွင် ဖော်ပြထားသည်။

Ref: IINA News

Leave a Reply