6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဒီဇင်ဘာ ၄၊ ၂၀၁၅
M-Media

korea

– လွန်ခဲ့သော ၁၀နှစ်မှစ၍ လူဦးရေတိုးပွားစေရန် နည်းလမ်းအမျိုးမျိုးကို အသုံးပြုခဲ့သည့် တောင်ကိုးရီးယားမှာ ငယ်ရွယ်သူများအတွက် အစိုးရက ထောက်ပံ့ပေးသော ဖူးစာဖက်ရှာဖွေရေး ၀န်ဆောင်မှုလုပ်ငန်းကို စတင်နေသည်ဟု သိရသည်။

မေလကတည်းက အဆိုပါဝန်ဆောင်မှုကုမ္ပဏီများသည် လူငယ်များ စုစည်းစေမည့် ပါတီများပေးခြင်းဖြင့် စည်းရုံးရေးလုပ်ငန်းများ ပြုလုပ်လာခဲ့သည်။ ယနေ့တွင် အရွယ်ရောက်ပြီးသော တောင်ကိုးရီးယားလူငယ် ၁၀ ဦးတွင် လေးဦးသည် လက်ထပ်ခြင်းမရှိပေ။

“ပွင့်ပွင့်လင်းလင်း ပြောရမယ်ဆိုရင် ကိုးရီးယားလူမျိုးတွေဟာ အိမ်ထောင်ပြုသားမွေးဖို့တော်တော်စဉ်းစားလာကြပါပြီ။ ဘာကြောင့်လဲဆိုရင် အနာဂတ်အတွက် စိုးရိမ်ကြောင့်ကြမှုတွေရှိနေလို့ပါပဲ” ဟု လက်ထပ်ပွဲမန်နေဂျာ ဟွန်ယူဂျင်းကပြောသည်။

မကြာသေးမီကလေ့လာချက်များအရ အမျိုးသမီးများ အိမ်ထောင်ပြုကြသည့် အသက်အရွယ်သည် တဖြည်းဖြည်း ကြီးမြင့်လာခဲ့သည်။ ၁၉၉၀ နှစ်များတွင် တောင်ကိုရီးယား အမျိုးသမီးများက အသက် ၂၅ လောက်တွင် အိမ်ထောင်ပြုလေ့ရှိကြပြီး ယခုတွင် အသက် ၃၅ နှစ်လောက်မှ အိမ်ထောင်ပြုကြတော့သည်။

ထိုကိစ္စမှာ သတင်းကောင်းတစ်ခုမဟုတ်။ ငယ်ရွယ်သည့် အမျိုးသမီးများမှာ အသက်ကြီးသူများထက် ကလေးရနိုင်ချေ ပိုများသည်။ တောင်ကိုးရီးယားမှာ ဆယ်စုနှစ်တစ်ခုကြာ ကလေးမွေးဖွားနှုန်းမြင့်တက်ရန်အတွက် ကန်ဒေါ်လာ ၇၀ ဘီလီယံ အသုံးပြုခဲ့ပြီးဖြစ်သည်။

အစိုးရသည် လူငယ်စုံတွဲများ၏ ကလေးမွေးနှုန်းမြှင့်တင်ရေး ကုသမှုများအတွက် ငွေကြေးသုံးစွဲလျက်ရှိပြီး ၎င်းတို့ကို လူနေအိမ်ယာများတွင် ဦးစားပေး နေထိုင်စေခြင်းများ ပြုလုပ်ခဲ့သည်။ သို့သော် အိမ်ထောင်သည်များသည် ကလေးမလိုချင်ကြဘဲ၊ ကလေးစောင့်ရှောက်ရေးဌာနများ မရှိသောကြောင့်ဖြစ်သည်။

‘ငွေကြေးထောက်ပံ့ပေးတာကလည်း အရေးပါပါတယ်၊ ဒါပေမဲ့ မိဘနှစ်ပါးလုံး အပြင်ထွက်အလုပ်လုပ်ရင် ကလေးကိုစောင့်ရှောက်မယ့်သူ လိုတယ်လေ။ တကယ်လို့ ကလေးစောင့်ရှောက်ရေးဂေဟာတွေသာရှိရင် ကျွန်မတို့ကလေးတွေအတွက် အားကိုးအားထားပြုနိုင်မှာ ဖြစ်ပါတယ်၊ ဒီလိုဆိုရင် ကလေးမွေးနှုန်းလည်း များပြားလာမယ်လို့ ထင်တယ်” ဟု မိခင်တစ်ဦးကပြောသည်။

လွန်ခဲ့သောနှစ်နှစ်က ကောက်ယူခဲ့သော စစ်တမ်းတစ်ခုတွင် ကမ္ဘာ့ဘဏ်က တောင်ကိုးရီးယား၏ မွေးဖွားနှုန်းသည် ဟောင်ကောင်နှင့် မကာအိုပြီးလျှင် တတိယ အနည်းဆုံးနိုင်ငံဖြစ်သည်ကို တွေ့ခဲ့ရသည်။

Ref: Channelnewsasia

Leave a Reply