ဒီဇင်ဘာ ၅၊ ၂၀၁၅
M-Media
– ဆီးရီးယားတွင် IS ကို ချေမှုန်းရန် ရည်ရွယ်သော စစ်ရေးလှုပ်ရှားမှုတွင် ပါဝင်ရန်အတွက် ဂျာမနီအဓိပတိ အိန်ဂျလာမာကဲလ်၏ အစီအစဉ်ကို ပါလီမန်က ယမန်နေ့တွင် အတည်ပြုဆုံးဖြတ်ခဲ့သည်ဟု သိရသည်။
ဂျာမနီသည် IS ဆန့်ကျင်ရေး နိုင်ငံတကာ မဟာမိတ်တပ်ဖွဲ့ကို အထောက်အပံ့ပေးရန် Tornado ထောက်လှမ်းရေးဂျက်လေယာဉ် ခြောက်စီးနှင့် ဆီဖြည့်လေယာဉ်တစ်စီးကို ပေးပို့မည် ဖြစ်သော်လည်း ဂျာမန်စစ်တပ်သည် လေကြောင်းတိုက်ခိုက်မှုများတွင် ၀င်ရောက်စွက်ဖက်မည်မဟုတ်ပေ။
ဒေါ်လာ ၁၄၂ သန်း ကုန်ကျမည့် အဆိုပါ နှစ်ရှည်စီမံကိန်းတွင် စစ်သား ၁၂၀၀ ထိ တပ်ဖြန့်ထားမှုများ အပါအ၀င် ဆီးရီးယားသို့ စေလွှတ်ထားသည့် ပြင်သစ်လေယာဉ်တင်သင်္ဘော ချားလ်စ်ဒီဂေါကို စောင့်ကြပ်လိုက်ပါပေးမည့် ဖရီးဂိတ်စစ်သင်္ဘောတစ်စီးလည်း ပါဝင်မည်ဖြစ်သည်။
IS ကို တိုက်ခိုက်ချေမှုန်းနေသော ပြင်သစ်နှင့် အခြားသော မဟာမိတ်အဖွဲ့များကို ထောက်ပံ့ရန်အတွက် အစိုးရ၏ ထိုအစီအစဉ်ကို ပြည်သူအများစုကလည်း ထောက်ခံခဲ့ကြသည်။ လူထုဆန္ဒကောက်ခံမှုစစ်တမ်းတွင် IS ကို ချေမှုန်းတိုက်ခိုက်နေသည့် တပ်ဖွဲ့များအား စစ်ရေးအကူအညီပေးသင့်ကြောင်း ၅၈ ရာခိုင်နှုန်းကသဘောတူခဲ့ပြီး ၃၇ ရာခိုင်နှုန်းကမူ ငြင်းဆိုခဲ့သည်။
Ref: Aljazeera
Leave a Reply
You must be logged in to post a comment.