ဒီဇင်ဘာ ၈၊ ၂၀၁၅
M-Media
– ဒီတစ်ပတ်လာလီဂါမှာတော့ ဘာစီလိုနာက ဆွာရက်ဇ်ရဲ့ ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ချေပဂိုး ပြန်ပေးလိုက်ရတာကြောင့် နိုင်ပွဲရပ်တန့်သွားခဲ့ပါတယ်။
နောက်ဆုံး ၅ ပွဲ ၁၆ ဂိုးအထိ သွင်းထားနိုင်တဲ့ ဘာကာတိုက်စစ်ဟာ ဗလင်စီယာရဲ့ ခံစစ်ကားပုံ ညက်ညောမှုကြောင့် ထိထိရောက်ရာက် ထိုးဖောက်နိုင်ခြင်းမရှိခဲ့ဘဲ ၅၉ မိနစ်မှာမှ ဧည့်သည်တို့ ဦးဆောင်ဂိုး ရခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ၈၆ မိနစ်မှာ ဆန်တီ မီနာက ချေပဂိုး သွင်းပေးခဲ့တာကြောင့် အိမ်ရှင်တို့ အဖိုးတန် ၁ မှတ် ရရှိခဲ့ပါတယ်။
ဘကာရဲ့ အမှတ်ဆုံးရှုံးမှုကို ရီးယဲလ်နဲ့ အက်သလက်တီကိုတို့က အကောင်းဆုံး အသုံးချနိုင်ခဲ့ပါတယ်။ အဝေးကွင်းမှာ နိုင်ပွဲမရသေးတဲ့ ဂီတာဖေးကို ဘာနေဗျူးမှာ ရီးယဲလ်တို့ BBC အတွဲရဲ့ ၄ ဂိုးနဲ့ နှိပ်ကွပ်ပြခဲ့ပါတယ်။ ဘန်ဇီမာက ၂ ဂိုး သွင်းခဲ့ပါတယ်။
ဘာစီလိုနာကို တောက်လျှောက် ဖိအားလိုက်ပေးနေတဲ့ အက်သလက်တီကိုက ဂေါ့ဒင်နဲ့ ဂရီဇ်မန်းတို့ရဲ့ သွင်းဂိုး ၂ ဂိုးနဲ့အတူ ၃ မှတ်ရအောင် ယူနိုင်ခဲ့ပါတယ်။ ဒီတစ်ပတ်မှာ သရေပွဲ ၅ ပွဲအထိရှိခဲ့ပြီး တန်းဆင်းဇုန်မှာတော့ အပြောင်းအလဲ သိပ်မရှိပါဘူး။
ဒီတစ်ပတ်လာလီဂါ ပွဲစဉ် ၁၄ ရဲ့ ရလဒ်များကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
ရီးယဲလ် ၄-၁ ဂီတာဖေး
ဂရန်နာဒါ ၀-၂ အက်သလက်တီကို
ဗလင်စီယာ ၁-၁ ဘာစီလိုနာ
ဒီပို့တီဗို ၁-၁ ဆီးဗီးလား
ဘက်တစ် ၁-၁ ဆဲလ်တာဗီဂို
ဆိုစီဒက် ၂-၁ အိုက်ဘာ
ဗီလာရီးယဲလ် ၂-၁ ဗယ်လက်ကာနို
စပို့တင်းဂီဂျွန် ၃-၁ လက်စ်ပါးလ်မက်စ်
ဘီဘာအို ၀-၀ မာလာဂါ
အက်စပန်ညို ၁-၁ လီဗန်တေး
Comments