ဒီဇင်ဘာ ၉၊ ၂၀၁၅
M-Media
– ချန်ပီယံလိဂ်အရှုံးအတွက် မိမိကိုယ်ကို မကာကွယ်ချင်ဟု မန်ယူနည်းပြ ဗန်ဂါးလ်က ပြောကြားလိုက်ပြီး မိမိတို့အသင်းမှာ ယမန်နှစ်ကထက် ပိုကောင်းလာသည်ဟု ဆိုသည်။
ယနေ့မနက်က ချန်ပီယံလိဂ်အုပ်စုအဆင့် နောက်ဆုံးပွဲစဉ်တွင် မန်ယူမှာ ဂျာမနီမြေ၌ ၀ုလ်ဖ်ဘာ့ဂ်အား ၃ ဂိုး ၂ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပြီး အုပ်စုတတိယသာ ရရှိခဲ့သောကြောင့် နောက်တစ်ဆင့်တက်ရေး မျှော်လင့်ချက် ဆုံးရှုံးခဲ့ရကာ ယူရိုပါလိဂ်ဖြင့်သာ ကျေနပ်ခဲ့ရသည်။
“အခုအချိန်မှာ ချန်ပီယံလိဂ်က ထွက်ရတာအတွက် ကျွန်တော် ကာကွယ်လို့ မရပါဘူး။ ဒါပေမယ့် အချက်အလက်တွေအရတော့ ကျွန်တော်တို့ဟာ မနှစ်ကထက် ပိုကောင်းနေပါတယ်” ဟု ဗန်ဂါးလ်က ချန်ပီယံလိဂ်ပွဲအပြီးတွင် ပြောကြားခဲ့သည်။
“ဒီရာသီ ကပီတယ်ဝမ်းဖလားမှာ ကျွန်တော်တို့ရောက်နေတဲ့အဆင့်၊ ချန်ပီယံလိဂ်အုပ်စုဝင်ခွင့်ရတာတွေကို ခင်ဗျားတို့ မြင်နိုင်ပါတယ်။ ကျွန်တော်တို့ ဒီပွဲတွေအားလုံးကို ကောင်းကောင်းမွန်မွန်ကစားခဲ့ပြီး လိဂ်မှာလည်း အရမ်းကောင်းတဲ့အခြေအနေ ရှိနေပါတယ်။ ဒါပေမယ့် ချန်ပီယံလိဂ်ကထွက်ခဲ့ရတဲ့အတွက် ကျွန်တော် စိတ်ပျက်မိပါတယ်”
Ref: Goal
Comments