ဒီဇင်ဘာ ၁၂၊ ၂၀၁၅
M-Media
– မိမိတို့အသင်းမှာ လာမည့် ဇန်န၀ါရီအပြောင်းအရွှေ့တွင် ကစားသမားသစ်ခေါ်ယူရန် မလိုအပ်ဘဲ အသင်း၌ ရှိသူများကိုသာ အခွင့်အရေးပေးသွားမည်ဟု လီဗာပူးလ်နည်းပြ ယာဂန်ကလော့ပ်က ပြောကြားလိုက်သည်။
၂၀၁၁ ခုနှစ်တွင် အသင်းရှိ နာမည်ကြီးကစားသမားများဖြစ်သော လူးဝစ်ဆွာရက်ဇ်နှင့် အန်ဒီကာရိုလ်းတို့အား ပြောင်းရွှေ့ကြေးအများအပြားဖြင့် ရောင်းချခဲ့သည့် လီဗာပူးလ်မှာ ယခုအချိန်တွင် နာမည်ကြီးကစားသမားများကို ၀ယ်ယူရန် ဆက်သွယ်နေသည်ဟု သတင်းများ ထွက်ပေါ်နေသည်။
“အသင်းမှာရှိတဲ့ ကစားသမားတွေနဲ့ အလုပ်လုပ်ဖို့က ပိုပြီး အရေးကြီးပါတယ်။ တကယ်လို့ သူတို့ကို ယုံကြည်ရင် သူတို့ကလည်း ဒီယုံကြည်မှုအကျိုးကို ခံစားရမှာပါ။ တစ်ရက်နှစ်ရက်ကိစ္စမဟုတ်ပါဘူး။ ရေရှည်အတွက်ပါ။ ဒါက ကမ္ဘာကြီးကမြင်နေတာမျိုးတော့ မဟုတ်ပါဘူး။ တကယ်လို့ ကျွန်တော်တို့မှာ ပြဿနာရှိတယ်ဆိုရင် ဒါဟာ အရည်အသွေးပြဿနာမဟုတ်ပါဘူး။ အာရုံစူးစိုက်မှုနဲ့ အခြားပြဿနာတွေပဲဖြစ်မှာပါ” ဟု အသင်းနှင့်ပတ်သက်၍ ကလော့ပ်က ပြောကြားခဲ့သည်။
ထို့ပြင် အပြောင်းအရွှေ့ကိစ္စနှင့်ပတ်သက်၍လည်း မိမိအနေဖြင့် ကစားသမားများ၏ ဗီဒီယိုများကို ကြည့်ရှုနေပြီး ယခုဆောင်းရာသီ၊ သို့မဟုတ် နွေရာသီ သို့မဟုတ် မည်သည့်အချိန်၌ ခေါ်ယူမည်ကို မိမိအနေဖြင့် မသိရှိကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
Ref: Goal
Comments