ဒီဇင်ဘာ ၁၄၊ ၂၀၁၅
M-Media
– ကျန်းမာရေးဝန်ထမ်းများမှာ တုပ်ကွေးရောဂါကာကွယ်ဆေးကို စောစီးစွာထိုးထားခြင်းက တုပ်ကွေးလက္ခဏာများ ဖြစ်ပွားခြင်း နည်းပါးသွားကာ အလုပ်မှအနားယူရခြင်း မဖြစ်နိုင်တော့ကြောင်း မက္ကဆီကန်လေ့လာမှုတစ်ရပ်က ဖော်ပြထားသည်။
“‘ဒါက နားလည်ရလွယ်ကူတဲ့ကိစ္စတစ်ရပ်ပါ၊ ရောဂါပိုးတိုက်ဖျက်တဲ့ ပစ္စည်းတွေက န္ဓာကိုယ်တွင်းမှာပေါက်ပွားဖို့ သုံးပတ်လောက်ကြာပါတယ်၊ ဒါကြောင့် ကာကွယ်ဆေးစောစောထိုးထားလေ အခြေအနေပိုကောင်းလေပါပဲ” ဟု သုတေသနတွေ့ရှိချက်များကို ရေးသားခဲ့သည့် ဒေါက်တာ အက်ဒရီယန် ကာမာချို -အော်တစ်ဇ်က ပြောကြားခဲ့သည်။
“တုပ်ကွေးဖြစ်ပေါ်တဲ့ ရာသီမျိုးမှာ ကျန်းမာရေးဝန်ထမ်းတွေအနေနဲ့ ကာကွယ်ဆေး စောစောထိုးထားလေ တုပ်ကွေးရောဂါတွေ အဖြစ်နည်းပြီး အလုပ်လည်း မပျက်နိုင်တော့ပါဘူး”
သုတေသီများမှာ ကျန်းမာရေးဝန်ထမ်း ၆၂၀၀ နီးပါးကို တုပ်ကွေးရာသီ နှစ်ရာသီကြာ လေ့လာမှုပြုလုပ်ခဲ့ခြင်းဖြစ်သည်။
ပထမရာသီတွင် ကာကွယ်ဆေးကို ဒုတိယရာသီထက် နောက်ကျမှ ထိုးပေးခဲ့သည်။ စမ်းသပ်မှုတွင် ပါဝင်သူများ၌ စောစီးစွာကာကွယ်ဆေးထိုးခံရသော ကျန်းမာရေးဝန်ထမ်းများမှာ အလုပ်ပျက်ကွက်မှုအနည်းဆုံး ဖြစ်ခဲ့သည်။ ပထမရာသီတွင် ၅၂ ယောက်ထိ ပျက်ကွက်ခဲ့ပြီး ဒုတိယရာသီတွင် ၁၅ ယောက်သာ ပျက်ကွက်မှုရှိခဲ့သည်။
Ref: Channelnewsasia
Comments