6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဒီဇင်ဘာ ၃၁၊ ၂၀၁၅
M-Media

aa

– ပါလက်စတိုင်းပိုင်နက်တွင် ဆောက်လုပ်ထားသော အစ္စရေး၏ ကျူးကျော်အိမ်ရာများနှင့် အစ္စရေးစစ်တပ်တို့အတွက် အကျိုးအမြတ်မယူသည့် အဖွဲ့များက အခွန်မဲ့ ထောက်ပံ့ငွေ ဒေါ်လာ ဘီလီယံနှင့်ချီ ပေးအပ်နေမှုအား ရပ်တန့် ရန်အတွက် အမေရိကန်ကန်နိုင်ငံသား အုပ်စုတစ်စုက တရားစွဲဆိုလိုက်သည်ဟု သိရသည်။

ဒီဇင်ဘာ ၂၁ ရက်နေ့က အမေရိကန်တရားရေးဝန်ကြီးဌာကို တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး အကျိုးအမြတ်မယူသည့်အဖွဲ့ ၁၅၀ ခန့်မှာ လွန်ခဲ့သည့် နှစ် ၂၀ အတွင်း အစ္စရေးသို့ ကန်ဒေါ်လာ ဘီလီယံ ၂၈၀ ခန့် ပေးအပ်ခဲ့သည်ဟု ဖေါ်ပြထားသည်။

ထိုကဲ့သို့ ပေးအပ်မှုများက ပါလက်စတိုင်းများအား ဖိနှိပ်နေသော အစ္စရေးစစ်တပ်နှင့် ပါလက်စတိုင်းပိုင်နက်အတွင်း အစ္စရေး၏ ကျူးကျော်အိမ်ယာများ ဆောက်လုပ်မှုကို အထောက်အပံ့ဖြစ်စေသည်ဟု တရားစွဲဆိုမှုတွင် ဖော်ပြ ထားသည်။

အစ္စရေးသို့ ငွေကြေးဖောက်ပံ့သည့် အဖွဲ့အစည်းများတွင်မှု အမေရိကန် ကာစီနိုသူဌေး ရှဲလ်ဒန် အဒီလ်ဆန်နှင့် အခြားသော အစ္စရေးလိုးလားသည့် စီးပွားရေးသမားများစွာ ပါဝင်သည်ဟု ဆိုသည်။ အမေရိကန်တရားရေးဌာနကမူ ထိုကိစ္စအတွက် မည်သည့်မှတ်ချက်မှ မပေးခဲ့ပေ။

တရားစွဲဆိုမှုတွင် ပါဝင်လက်မှတ်ရေးထိုးခဲ့သည့် ပါလက်စတိုင်း-အမေရိကန် စာရေးဆရာမနှင့် တက်ကြွလှုပ်ရှားသူ
ဆူဇန် အဘူလ်ဟာဝါကမူ ထိုကဲ့သို့ တရားစွဲဆိုမှုမှာ ပါလက်စတိုင်းပြည်သူများအတွက် တရားမျှတမှုကို ရှာဖွေရန်ဖြစ်သည်ဟု ပြောကြားခဲ့သည်။

”အစ္စရေးကို ကူညီတဲ့ အဲဒီအဖွဲ့အစည်းတွေဟာ သူတို့ရဲ့လုပ်ရပ်တွေကြောင့် ထိခိုက်ခံစားခဲ့ရတဲ့ ပါလက်စတိုင်းပြည်သူတွေအတွက် နစ်နာကြေးပေးဖို့ ကျွန်မ အလိုရှိပါတယ်” ဟူ ဆူဇန်က ထည့်သွင်းပြောကြားခဲ့သည်။

တရားစွဲဆိုမှုအတွင်း အဆိုပါ အကျိုးအမြတ်မယူသည့် အဖွဲ့များမှာ အမေရိကန်နှင့် နိုင်ငံတကာ ဥပဒေများအား အစ္စရေးက ချိုးဖောက်ရာတွင် တိုက်ရိုက်ကူညီနေပြီး၊ အမေရိကန်၏ နိုင်ငံခြားရေးပေါ်လစီကို ထိခိုက်စေကာ ပါလက်စတိုင်းများအား ပစ်မှတ်ထားသည့် မရေမတွက်နိုင်သော လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ ရာဇ၀တ်မှုများကို အစ္စရေးက ကျူးလွန်ရာတွင် ကူညီပံ့ပိုးပေးနေသည်ဟု ဖော်ပြထားသည်။

Ref: Aljazeera

Tags:

Leave a Reply