6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဇန်န၀ါရီ ၈၊ ၂၀၁၆
M-Media

myan

– ပစိဖိတ်သမုဒ္ဒရာ၌ ယခုလက်ရှိ ဖြစ်တည်နေသော အယ်နီညိုမှာ မြန်မာနိုင်ငံအလယ်ပိုင်းအတွက် မိုးခေါင်ခြင်းနှင့် ရောဂါဘယများ ထူပြောခြင်းတို့အပါအ၀င် ဆိုးဆိုးရွားရွား ပြဿနာများ ဖြစ်လာနိုင်သည်ဟု မိုးလေ၀သဌာနက ပြောကြားလိုက်သည်။

အဆိုပါ အယ်နီညိုမှာ ပြီးခဲ့သည့်နှစ်ကတည်းက စတင် ဖြစ်တည်နေခြင်းဖြစ်ပြီး ၎င်း၏ သက်ရာက်မှုများမှာ ယခုနှစ်အလယ်ပိုင်းတွင် အမြင့်ဆုံးသို့ ရောက်ရှိမည်ဟု မိုးလေ၀သနှင့် ဇလဗေဒဌာနမှ ဒါရိုက်တာ ဦးကျော်လွင်ဦးက ပြောကြားခဲ့သည်။

အယ်နီညိုမှာ ပစိဖိတ်ရေပြင် ပူနွေးမှုမှ ဖြစ်ပေါ်လာခြင်းဖြစ်ပြီး သက်ရောက်မှုမှာ ၄ နှစ်မှ ၇ နှစ်လျှင်တစ်ကြိမ် ကမ္ဘာတစ်ဝှမ်း ရာသီဥတုဆိုးရွားမှု ပုံစံအမျိုးမျိုးကို ဖြစ်စေသည်။

“ရလဒ်အနေနဲ့ နိုင်ငံတစ်ဝှမ်း ပူပြင်းခြောက်သွေတဲ့ အနေအထားတွေဖြစ်မယ်လို့ မျှော်လင့်ရပြီး အထူးသဖြင့် မန္တလေး၊ မကွေးနဲ့ စစ်ကိုင်းဒေသတွေမှာ ပြင်းထန်တဲ့ အယ်နီညိုအခြေအနေကြောင့် ဆိုးဆိုးဝါးဝါး ထိခိုက်မှာ ဖြစ်ပါတယ်” ဟု ဦးကျော်လွင်ဦးက ပြောကြားခဲ့ပြီး လက်ရှိ ပုံမှန်အခြေအနေမှာပင် မြန်မာနိုင်ငံတွင် မိုးနည်းနေသည်ဟု ၎င်းက ဆိုသည်။

“လက်ရှိ အယ်နီညိုအညွှန်းကိန်းဟာ အပြင်းထန်ဆုံးနှစ်ဖြစ်ခဲ့တဲ့ ၁၉၉၇-၉၈ ခုနှစ်နဲ့ သွားတူနေပါတယ်”

၂၀၀၉-၂၀၁၀ အယ်နီညို အလယ်အလတ်အဆင့် ကာလတွင်ပင် အပူချိန် အလွန်အမင်း မြင့်မားခဲ့ပြီး၊ မြစ်ချောင်း၊ အင်းအိုင်များတွင် ရေဆုံးရှုံးကာ သောက်သုံးရေ ပြတ်လပ်မှု၊ ကျန်းမာရေးနှင့် ဆက်စပ်သော ပြဿနာများ ဖြစ်ပွားခဲ့သည်။

“သောက်သုံးရေဖူလုံရေး၊ လယ်ယာကဏ္ဍနဲ့ ကျန်းမာရေး ကဏ္ဍတွေအတွက် အစိုးရက ပြင်ဆင်မှုတွေ ပြုလုပ်သင့်ပါတယ်။ ပြင်းထန်တဲ့ အယ်နီညိုကို မတ်လနဲ့ မေလကြားမှာ ကြုံတွေ့နိုင်ပြီး အထူးသဖြင့် မြန်မာနိုင်ငံ အလယ်ပိုင်း ဒေသတွေမှာ ဖြစ်ပါတယ်” ဟု ဦးကျော်လွင်ဦးက ထည့်သွင်းပြာကြားခဲ့သည်။

သောက်သုံးရေပြတ်လပ်ခြင်းက ၀မ်းရောဂါနှင့် အရေပြားရောဂါများကို ဖြစ်ပွားစေနိုင်သည်ဟု မြန်မာကြက်ခြေနီအ အဖွဲ့မှ ကျန်းမာရေးဆိုင်ရာ လက်ထောက်ဒါရိုက်တာ ဒေါက်တာ နိုင်နိုင်က ပြောကြားခဲ့သည်။

Ref : Myanmar Times

Leave a Reply