ဇန်န၀ါရီ ၁၅၊ ၂၀၁၆
M-Media
– ထိုင်းဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး ပရာယွတ်ချန်အိုချာနှင့် OIC အထွေထွေအတွင်းရေးမှူး အီယဒ် အေမင် မဒနီတို့မှာ ယခုသီတင်းပတ်အတွင်း တွေ့ဆုံခဲ့ကြပြီး ဒေသရေးရာကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။
အဆိုပါ တွေ့ဆုံမှုအတွင်း ဒေသဖွံ့ဖြိုးရေးကိစ္စများ၊ အပြန်အလှန်ပူးပေါင်းဆောင်ရွက်ရေးကိစ္စများ ပါဝင်ပြီး၊ မဒနီမှာ ထိုနေ့တွင်ပင် ထိုင်းအမျိုးသားလုံခြုံရေးကောင်စီ အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ်ကြီး သာဝစ် နထရီယွမ် နှင့် ထို င်းနိုင်ငံ အစ္စလာမ်ဘာသာရေးရာ အကြီးအကဲ ရှိုက်ခွလ်အစ္စလာမ် အာရစ် ပီသက်ခမ်ဖူလ်တို့အပါအ၀င် အခြား ထိုင်းအစိုးရ အရာရှိများနှင့်လည်း တွေ့ဆုံခဲ့သည်။
နာထရီယွမ်နှင့် တွေ့ဆုံမှုအတွင်း နှစ်ဖက်ဆက်ဆံရေးကိစ္စများနှင့် နိုင်ငံပေါင်းစုံအဖွဲ့တစ်ခုဖြစ်သည့် OIC ၏ အခန်းကဏ္ဍတို့လည်း ပါဝင်ခဲ့သည်။ ၁၇ ရာစုကတည်းက ဖွင့်လှစ်ခဲ့သည့် ရှိုက်ခွလ်အစ္စလာမ်ရုံးတွင်မူ ထိုရုံး၏ လုပ်ဆောင်ချက်များနှင့် OIC ၏ လေ့လာသူနိုင်ငံဖြစ်သည့် ထိုင်းနိုင်ငံရှိ မတူညီသောလူမျိုးစုများမှ အစ္စလာမ်ဘာသာဝင် လူ့အဖွဲ့အစည်းများကြောင်းကို ဆွေးနွေးခဲ့ကြသည်။
ရှိုက်ခွလ်အစ္စလာမ်ရုံးက တည်ထောင်ထားသည့် ၀ါစာတီယာငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေးအသင်းကိုလည်း မဒနီက လေ့လာခဲ့သည်။ အဆိုပါအသင်းမှာ ဘာသာရေးခေါင်းဆောင်များကို မွေးထုတ်ပေးရန်၊ အစ္စလာမ်ဘာသာဝင်များနှင့် အခြားဘာသာဝင်များအကြား ပိုမိုကောင်းမွန်သော နားလည်မှု ရရှိရန် ရည်ရွယ်ချက်ဖြင့် တည်ထောင်ထားခြင်းဖြစ်သည်။
OIC အထွေထွေအတွင်းရေးမှူးမှာ မတူညီသော ဘာသာဝင်များအကြား ယဉ်ကျေးမှုများ ဖလှယ်ရေးနှင့် ငြိမ်းချမ်းမှု တိုးမြှင့်နိုင်ရေး ပညာရပ်များကို သင်ကြားပေးသည့် နိုင်ငံတကာငြိမ်းချမ်းရေးလေ့လာမှုအသင်း (IIPS) ကိုလည်း သွားရောက်လေ့လာခဲ့သည်။
Ref: IINA
Comments