ဇန်န၀ါရီ ၁၆၊ ၂၀၁၆
M-Media
– အာဖရိကနိုင်ငံတစ်ခုဖြစ်သည့် ဘာကီနာဖာဆိုမြို့တော် အူဂါဒူဂူရှိ ဟိုတယ်တစ်ခုမှာ သေနတ်သမားများ၏ စီးနင်းမှုကို ခံထားရပြီး အနည်းဆုံးလူ ၂၀ သေဆုံးခဲ့ကာ လုံခြုံရေးတပ်ဖွဲ့ဝင်များက ရှင်းလင်းမှုများ ပြုလုပ်နေသည်ဟု သိရသည်။
Splendid Holel ဖြစ်ပြီး ယမန်နေ့ည ၈ နာရီကတည်းက သေနတ်သမားများက ၀င်ရောက်စီးနင်းခဲ့ခြင်းဖြစ်သည်။ ကြယ်လေးပွင့်အဆင့်ရှိပြီး နိုင်ငံတကာလေဆိပ်နှင့် နီးသည့် အဆိုပါဟိုတယ်မှာ ကုလ၀န်ထမ်းမျာအပါအ၀င် နိုင်ငံခြားသားအများစု တည်းခိုရာ နေရာလည်းဖြစ်သည်။
တိုက်ခိုက်မှုဖြစ်ပွားချိန်တွင် ဟိုတယ်အတွင်း အနည်းဆုံး လူ ၃၀၀ ခန့် ရှိနေနိုင်သည်ဟု သိရသည်။ အစိုးရကမူ ၀န်ကြီးတစ်ဦးအပါအ၀င် ၆၃ ဦးမှာ ထိုဟိုတယ်မှ လွတ်မြောက်လာခဲ့သည်ဟု ကြေငြာခဲ့သည်။
လုံခြုံရေးတပ်ဖွဲ့ဝင်များ ရောက်မလာခင် သေနတ်သမားများမှာ ဟိုတယ်အပြင်ဘက်တွင် ကားများကို မီးရှို့ခြင်း၊ သေနတ်ကို လေထဲသို့ ပစ်ဖောက်ခြင်းများပြုလုပ်ခဲ့ပြီ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် အပြန်အလှန်ပစ်ခတ်မှုများ ဖြစ်ပွားခဲ့သည်။ တိုက်ခိုက်မှုနှင့် ဆက်နွယ်၍ အလောင်း ၂၀ ကို ရရှိထားသည်ဟု အူဂါဒူဂူဆေးရုံက ပြောကြားခဲ့သည်။ အစိုးရကမူ လုံခြုံရေးတပ်ဖွဲ့ဝင်များမှာ ရှင်းလင်းရေးလုပ်ငန်းများကို လုပ်ဆောင်နေဆဲဖြစ်သည်ဟု ပြောကြားခဲ့သည်။
ထိုတိုက်ခိုက်မှုအတွက် အလ်ကိုင်းဒါးအဖွဲ့က ၎င်းတို့၏လက်ချက်ဟု ကြေငြာခဲ့သည်။ ဘာကီနာဖာဆိုမြို့တော်တွင် သေနတ်သမားများက ထိုကဲ့သို့တိုက်ခိုက်မှုမှာ ပထမဆုံးအကြိမ်လည်းဖြစ်သည်။
Ref: Aljazeera
Comments